နေ့စဥ်သတင်း

ဆောင်းပြောင်းတိုက်ပွဲကြောင့် ဒေသခံ ၃၀၀၀ ခန့် စစ်ရှောင်နေရ

မဲခေါင် 29 May - 2025
မဲခေါင်၊ မေ ၂၉ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအုပ်စုတွင် မေလ ၁၇ ရက်နေ့က ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများကြောင်း ဆောင်း ပြောင်းကျေးရွာနှင့်ပတ်ဝန်းကျင်မှ ဒေသခံ ၃၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။ နှစ်ဖက်တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဆောင်းပြောင်းဒေသရှိ ဆောင်းပြောင်း၊ ပင်ပုံ၊ ကောင်ဘာ၊ လင်းဗျာလ စသည့်ကျေးရွာများမှ အနည်းဆုံးဒေသခံဦးရေ ၃၀၀၀ ခန့် စစ်လွတ်ရာဒေသများသို့ တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။ “နှစ်ဦးနှစ်ဖက်ထိခိုက်များတယ်တဲ့၊ ပင် လောင်းကိုသိမ်းမယ် ဘာညာလည်း ပြောကြ၊ ဒီဖက် တော့ သေနတ်သံကြားရဆဲ။ မိုးရွာတော့ဒုက္ခရောက်ကြတယ်” ဟု ၎င်းကဆိုသည်။ စစ်ရှောင်နေရသည့်

မဲခေါင်၊ မေ ၂၉

တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအုပ်စုတွင် မေလ ၁၇ ရက်နေ့က ပြန်လည်ဖြစ်ပွားနေသော တိုက်ပွဲများကြောင်း ဆောင်း ပြောင်းကျေးရွာနှင့်ပတ်ဝန်းကျင်မှ ဒေသခံ ၃၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဆောင်းပြောင်းဒေသရှိ ဆောင်းပြောင်း၊ ပင်ပုံ၊ ကောင်ဘာ၊ လင်းဗျာလ စသည့်ကျေးရွာများမှ အနည်းဆုံးဒေသခံဦးရေ ၃၀၀၀ ခန့် စစ်လွတ်ရာဒေသများသို့ တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

“နှစ်ဦးနှစ်ဖက်ထိခိုက်များတယ်တဲ့၊ ပင် လောင်းကိုသိမ်းမယ် ဘာညာလည်း ပြောကြ၊ ဒီဖက် တော့ သေနတ်သံကြားရဆဲ။ မိုးရွာတော့ဒုက္ခရောက်ကြတယ်” ဟု ၎င်းကဆိုသည်။

စစ်ရှောင်နေရသည့် ဒေသခံအများစုသည် စပါး၊ ငြုပ်သီး၊ ပြောင်းစိုက်သည့် တောင်သူအများစုဖြစ်သည့်အတွက် ရာသီချိန်တွင် တောင်ယာလုပ်ငန်းခွင် ပြန်မဝင်နိုင်ဖြစ်ကာ စားဝတ်နေရေး ခက်ခဲမှုများရှိကြောင်း၊ စစ်ရှောင်ရသည့် နေရာများတွင် ခြံအလုပ်များ နေ့စားလုပ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် မေလဒုတိယပတ်လောက် ကတည်းက ကောင်းဗာကျေးရွာ၊ ဝါးလီကျေးရွာ၊ နောင်တရားကျေးရွာဘက်များသို့ စစ်ရှောင်ကြခြင်းဖြစ်ပြီး အခြေခံစားနပ်ရိက္ခာ ဆန်၊ ဆီနှင့် အရေးပေါ်ဆေးဝါးများ၊ မိုးကာနှင့် အဝတ်အထည်များ လိုအပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း၌လည်း စစ်ကောင်စီနှင့်လက် အောက်ခံ ပြည်သူ့စစ်အဖွဲ့နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည့်အတွက် နောင်ဝိုး၊ လွယ်ကျိုင်း၊ ဟိုဝိုးနှင့်ဆောင်းပြောင်း စသည့်ကျေးရွာများမှဒေသခံ ၂၀၀၀ ဝန်းကျင်ခန့်ဟာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

လက်ရှိတွင် ဆောင်းပြောင်းဒေသနှင့် အနီးတဝိုက်ရှိ စစ်ကောင်စီစခန်းကုန်း တချို့အား တော်လှန်ရေးတပ်များမှ သိမ်းပိုက်ထားပြီး အပြီးတိုင် ထိန်းချုပ်နိုင်ခြင်းတော့ မရှိသေးပေ။

ဂနိုက်
#MeKongNews
#ဆောင်းပြောင်း
#စစ်ဘေးရှောင်
#ပင်လောင်း
#စားနပ်ရိက္ခာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now