နေ့စဥ်သတင်း

မူဆယ်မြို့ ရွှေဆိုင်ဓါးပြ တိုက်သူ ၂ ဦးကို ဖမ်းမိ၊ ပြည်သူ့စစ်များ ဦးဆောင်ကျူးလွန်ခြင်းဖြစ်

မဲခေါင် 24 May - 2025
မဲခေါင်၊ မေ ၂၄ မိုင်းဆတ်မြို့အခြေစိုက် စကခ ၁၄ မှ ထုတ်ပေးထားသည့် ပြည်သူ့စစ်ကတ်ပြား ကိုင်ဆောင်ထားသူတစ်ဦး အပါအဝင် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဓါးပြတိုက်ခဲ့သည့် အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၁ ရက်က မူဆယ်မြို့ စျေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်ကာ ဓါးပြတိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းဓားပြမှုကို ပြည်သူ့စစ်အဖွဲ့ဝင်များ ဦးဆောင်ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ကျူးလွန်သူ ၅ ဦးအနက် ၂ ဦးကို မေလ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိထားကြောင်း မူဆယ်ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။ “ရွှေဆိုင် ဓါးပြတိုက်တာက ပြည်သူ့စစ် ၃ ဦးက

မဲခေါင်၊ မေ ၂၄

မိုင်းဆတ်မြို့အခြေစိုက် စကခ ၁၄ မှ ထုတ်ပေးထားသည့် ပြည်သူ့စစ်ကတ်ပြား ကိုင်ဆောင်ထားသူတစ်ဦး အပါအဝင် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဓါးပြတိုက်ခဲ့သည့် အမျိုးသား ၂ ဦးကို ဖမ်းဆီးရမိကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်က မူဆယ်မြို့ စျေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်ကာ ဓါးပြတိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းဓားပြမှုကို ပြည်သူ့စစ်အဖွဲ့ဝင်များ ဦးဆောင်ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ကျူးလွန်သူ ၅ ဦးအနက် ၂ ဦးကို မေလ ၂၂ ရက်နေ့တွင် ဖမ်းဆီးရမိထားကြောင်း မူဆယ်ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။

“ရွှေဆိုင် ဓါးပြတိုက်တာက ပြည်သူ့စစ် ၃ ဦးက ကင်းထောက်နဲ့ လုံခြုံရေးလုပ်ပေးပီး ပသစ(ပြည်သူ့စစ်) တယောက်ရဲ့ ညီနဲ့ အခြားအရပ်သားတစ်ယောက် ပေါင်းတိုက်ရာကနေ ဖမ်းမိတော့ အကုန်ပေါ်တဲ့ သဘောပါ။ ပုံပါ ချာတိတ်က ပသစတစ်ယောက်ရဲ့ ညီလို့ သိရပါတယ်။ ပသစ ကဒ်ကို ကိုင်ပြီးဝင်တဲ့ သဘောပါ” ဟု ယနေ့ မေလ ၂၄ ရက်မှာ မဲခေါင်သို့ ပြောသည်။

ပြည်သူ့စစ်ကတ်ကို ရှမ်းအရှေ့၊ မိုင်းဆတ်အခြေစိုက် စကခ ၁၄ က ထုတ်ပေးထားသော်လည်း မူဆယ်တွင် ရှေ့တန်းအဖြစ် အခြေပြုထားသည့် ပြည်သူ့စစ်ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသူ၏ ပြည်သူ့စစ်ကတ်တွင် ရန်ကျားမူ ၂၀ နှစ်ဟု ဖော်ပြထားသလို သေနတ်မှာလည်း စစ်တပ်က ထုတ်ပေးထားသည့် သေနတ်ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရသူနှင့်အတူ ပြည်သူ့စစ်သက်သေခံကတ်ပြား၊ ကျည်ဖြည့်ထားသည့် ပစ္စတိုသေနတ် တစ်လက်နှင့် ရွှေထည်အချို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

မူဆယ်မြို့ထဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် လက်အောက် အမည်ခံပြည်သူ့စစ်အဖွဲ့များက အွန်လိုင်းဂိမ်းရုံ၊ ကာစီနိုလောင်းကစားဝိုင်း၊ KTV တို့ကို လုံခြုံရေးယူထားပေးနေသလို မြို့မပြည်သူ့စစ်ကဲ့သို့ ပြည်သူ့စစ်အဖွဲ့ပေါင်းများစွာမှလည်း ပြည့်တန်ဆာရုံမှအစ ဒုစရိုက်လုပ်ငန်းပေါင်းစုံ လုပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။

မဟာ
#MeKongNews
#မူဆယ်မြို့
#ပြည်သူ့စစ်
#စကခ၁၄
#ရွှေဆိုင်ဓားပြတိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now