နေ့စဥ်သတင်း

ပရာဒေါင်းလူမျိုးစု ခေါင်းဆောင်များ ၃ ရက်ကြာသည်အထိ ပြန်မလွှတ်သေး

မဲခေါင် 19 May - 2025
မဲခေါင်၊ မေ ၁၉ တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းကာ မြင်းမထိတောင်တွင် ခဲသတ္တုတူးသည့်အပေါ် ကန့်ကွက်ဆန္ဒပြသည့် ပရာဒေါင်းလူမျိုးစု ခေါင်းဆောင်များကို ကယန်းပြည်သစ်ပါတီက ၃ ရက်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီထံမှ သိရသည်။ ခဲသတ္တုတူးဖော်မည့်အပေါ် ဆန္ဒပြသည့်ခေါင်းဆောင် ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒုဥက္ကဋ္ဌ ဦးအားဒို၊ နာယက ဦးဘမောင်နှင့် အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်တို့ ၄ ဦးကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်တွင် ကယန်းပြည်သစ်လက်နက်ကိုင်များက သိကျိတ်ရွာကနေ လက်ထိတ်ခတ် ဖမ်းဆီးသွားခြင်းဖြစ်ပြီး မေလ ၁၉ ရက်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။ “မဖမ်းဆီးမီအချိန်လေးမှာတော့ လုံခြုံရေး လက်နက်အပြည့်အစုံနဲ့ စစ်ဆင်ရေးတစ်ခုလို ဗျူဟာကျကျဆွဲပြီး ဖမ်းသွားပါတယ်။

မဲခေါင်၊ မေ ၁၉

တရုတ်ကုမ္ပဏီနှင့် ပူးပေါင်းကာ မြင်းမထိတောင်တွင် ခဲသတ္တုတူးသည့်အပေါ် ကန့်ကွက်ဆန္ဒပြသည့် ပရာဒေါင်းလူမျိုးစု ခေါင်းဆောင်များကို ကယန်းပြည်သစ်ပါတီက ၃ ရက်ကြာသည်အထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီထံမှ သိရသည်။

ခဲသတ္တုတူးဖော်မည့်အပေါ် ဆန္ဒပြသည့်ခေါင်းဆောင် ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒုဥက္ကဋ္ဌ ဦးအားဒို၊ နာယက ဦးဘမောင်နှင့် အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်တို့ ၄ ဦးကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်တွင် ကယန်းပြည်သစ်လက်နက်ကိုင်များက သိကျိတ်ရွာကနေ လက်ထိတ်ခတ် ဖမ်းဆီးသွားခြင်းဖြစ်ပြီး မေလ ၁၉ ရက်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

“မဖမ်းဆီးမီအချိန်လေးမှာတော့ လုံခြုံရေး လက်နက်အပြည့်အစုံနဲ့ စစ်ဆင်ရေးတစ်ခုလို ဗျူဟာကျကျဆွဲပြီး ဖမ်းသွားပါတယ်။ RPG လို လက်နက်ကြီးတောင် ပါပါတယ်။ အခု ရှမ်း-ကရင်နီ နယ်စပ်က ကယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌ သန်းစိုးနိုင်ရဲ့ ကင်းတပ် နယ်စပ်စခန်းမှာ ဖမ်းထားပါတယ်။ ပထမညကို ထွက်ပြေးမှာဆိုးလို့ ခြောက်ပေါက်ထဲ ထည့်ထားကြပါတယ်။ ပြီးတော့ ဖမ်းဆီးထားတဲ့ လူတွေရဲ့ သတင်းအချက်လက် ဖုန်းတွေ သိမ်းထားလိုက်ပါတယ်”ဟု ပရာဒေါင်းဆွေမျိုးစု လူငယ်ဥက္ကဌက မဲခေါင်သတင်းဌာနသို့ ယနေ့ မေလ ၁၉ ရက် နံနက်ပိုင်းတွင် ပြောသည်။

ကယန်းပြည်သစ်ပါတီ – KNLP ကတောင်းဆိုသည့် ဆန္ဒမပြရန်၊ ရွာထဲရှိ ဂိတ်များကို ဖြုတ်ပေးရန်တို့ကို သပိတ်ကော်မတီက လိုက်လျောထားသော်လည်း ယခုချိန်ထိဖမ်းဆီးထားသူများကို လွှတ်ပေးခြင်းမရှိသေးကြောင်းနှင့် ယနေ့တွင် ဖမ်းဆီးထားသည်မှာ ၃ ရက် ရှိပြီဖြစ်ကြောင်း လူငယ်ဥက္ကဌက ပြောသည်။

“သီးခံပေးပါ၊ ဆူပူဆန္ဒပြမှုတွေ မလုပ်သေးပါနဲ့တဲ့။ ကယန်းပြည်သစ်ပါတီ ဗဟိုကော်မတီနဲ့ လေးပွင့်ကြယ်ကုမ္ပဏီက ယန်းပြည်သစ်ပါတီ ဥက္ကဋ္ဌတို့က ဒီနေ့ ဗဟိုကော်မတီအစည်းဝေးလုပ်နေတယ်တဲ့။ လေးပွင့်ကြယ်ဘက်ကတော့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို သူတို့လိုချင်တဲ့ ပုံစံခွက်မရမချင်း လွှတ်ပေးဖို့မရှိဘူးလို့ ကျွန်တော်တို့ယူဆတယ်။ ဖမ်းဆီးထားတဲ့ ကျွန်တော်တို့ ဆွေမျိုးစုခေါင်းဆောင်တွေကို အကြီးစားခဲသတ္တုတူးဖော်ဖို့ ဖိအားပေး လက်မှတ်ထိုးခိုင်းထားတဲ့ အခြေနေလေးတွေရှိပါတယ်” ဟု ၎င်းကပြောသည်။

ယင်းဖြစ်စဥ်တွင် ဖယ်ခုံကျောင်းသားသမဂ္ဂနှင့် အဖွဲ့အစည်း ၁၁ ခုက ပရာဒေါင်းဆွေမျိုးစုများနှင့်အတူ ဝန်းရံပေးနေကြောင်း သိရသည်။

ကယန်းလူမျိုးတွင် မျိုးနွယ်စုကြီး ၄ ခုရှိရာ ယင်းတို့မှာ ကယန်း လဟွီ- ကခေါင်း ၊ ကယန်း ကဲဒေါ့၊ ကယန်း လထာ၊ ကယန်း ကငန်-ယင်းဘော်တို့ဖြစ်ပြီး ယခု KNLP က ဖမ်းဆီးထားသူများမှာ ကဲဒေါ့မျိုးနွယ်စုမှ ပရာဒေါင်းဆွေမျိုးစု ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပရာဒေါင်းဆွေမျိုးစုနှင့် ဒေသခံများအနေဖြင့် ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာသည့်အခါ ကြိုဆိုဂုဏ်ပြုရန် ရိုးရာဗုံ၊ ပလွေများနှင့် ကြိုဆိုရန်ပြင်ဆင်နေပြီး ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌဘက်အနေဖြင့်မူ ရက်အတိအကျ အာမခံချက် မပေးသည့်အပြင် အကြောင်းကြားခြင်းလည်း မရှိသေးကြောင်း သိရသည်။

ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်ပိုင် လေးပွင့်ကြယ်ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်တွင် ခဲသတ္တုတူးဖော်နေသည့်အပေါ် ပရာဒေါင်းဆွေမျိုးစုများက မတ်လကတည်းက ကန့်ကွက်နေခြင်းဖြစ်သည်။

မဟာ
#MeKongNews
#ပရာဒေါင်းဆွေမျိုးစု
#မြင်းမထိတောင်
#ခဲသတ္တုတူးဖော်
#ကယန်းပြည်သစ်ပါတီ
#ခွန်အောင်နိုင်စိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now