နေ့စဥ်သတင်း

မိုးကုတ်တွင် TNLA ဖမ်းဆီးပြီးနောက် သေဆုံးသူ ဒေသခံ ၂ ဦးအထိရှိလာ

မဲခေါင် 18 May - 2025
မဲခေါင်၊ မေ ၁၈ မသင်္ကာမှုဖြင့် TNLA တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် ကိုကိုအောင်ဆိုသူ သေဆုံးသွားပြီးနောက် မိုးကုတ်တွင် TNLA ၏ ဖမ်းဆီးခြင်း ခံရပြီးနောက် သေဆုံးသွားသူ ၂ ဦး ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၅ ရက်တွင် မိုးကုတ်မြို့၊ ပိတ်စွယ်နယ်မြေ (၂) တွင်နေထိုင်သူ ကိုကိုအောင်ဆိုသူကို TNLA တရားဥပဒေစိုးမိုးရေး (ရဲတပ်ဖွဲ့)မှ မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ပတ်အကြာ မေလ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။ အလားတူ မေလ ၈ ရက်နေ့ ညနေပိုင်းတွင်လည်း မင်းတံတားရပ်ကွက်နေ ကိုဇော်မင်းထွန်း(ခ)ကိုဇော်ဇော်ဆိုသူကို အော်ဟစ်ဆဲဆိုမှုဖြင့် ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးခံရပြီး

မဲခေါင်၊ မေ ၁၈

မသင်္ကာမှုဖြင့် TNLA တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် ကိုကိုအောင်ဆိုသူ သေဆုံးသွားပြီးနောက် မိုးကုတ်တွင် TNLA ၏ ဖမ်းဆီးခြင်း ခံရပြီးနောက် သေဆုံးသွားသူ ၂ ဦး ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၅ ရက်တွင် မိုးကုတ်မြို့၊ ပိတ်စွယ်နယ်မြေ (၂) တွင်နေထိုင်သူ ကိုကိုအောင်ဆိုသူကို TNLA တရားဥပဒေစိုးမိုးရေး (ရဲတပ်ဖွဲ့)မှ မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ပတ်အကြာ မေလ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

အလားတူ မေလ ၈ ရက်နေ့ ညနေပိုင်းတွင်လည်း မင်းတံတားရပ်ကွက်နေ ကိုဇော်မင်းထွန်း(ခ)ကိုဇော်ဇော်ဆိုသူကို အော်ဟစ်ဆဲဆိုမှုဖြင့် ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးခံရပြီး ၃ ရက်အကြာ မေလ ၁၁ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကိုဇော်ဇော်ဆိုရင် အလောင်းကိုတောင် တွေ့မြင်ခွင့်မရဘဲနဲ့ သူတို့ရဲတပ်ဖွဲ့ဝင်တွေကနေပဲ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ကြားရပါတယ်။ နှိပ်စက်ခံရတာမျိုးရှိတယ်လို့လည်း ကြားသိရပါတယ်” ဟု မိုးကုတ်မြို့ရှိ သတင်းရင်း​မြစ်က မဲခေါင်ကိုပြောသည်။

ယခင်ကလဲ မိုးကုတ်မြို့တွင် မသင်္ကာမှု၊ မူးယစ်မှုများနှင့် ဖမ်းဆီးခံရသူများရှိပြီး အရေးယူပြီးနောက် ပြန်လွှတ်ကြောင်း၊ ပြစ်မှုမရှိလျှင်လည်း ပြန်လွှတ်ပေးကြောင်း သိရသည်။

“TNLA က အကြောင်းမဲ့တော့ ဖမ်းဆီးတာ မရှိဘူး။ ကြားထဲမှာ ဖမ်းဆီးပြီးပြန်လွတ်လာကြတာရှိတယ်။ တခေါက်လဲ စစ်မှုထမ်းကိစ္စရယ်၊ မိုးကုတ်မြို့ နာမည်ပြောင်းမယ်ဆိုတာကို ဆန္ဒပြတာကို မသင်္ကာမှုနဲ့ တစ်လခွဲလောက်ဖမ်းခံရတယ်။ ဒါပေမဲ့ ပြန်လွတ်လာတယ်” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။

TNLA မှ ဖမ်းဆီးပြီးနောက် သေဆုံးသွားသူများနှင့် ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် TNLA ပြောခွင့်ရပုဂ္ဂိုလ်ကို မဲခေါင်မှဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးပေ။

သေဆုံးသူ ၂ ဦးအနက် ကိုကိုအောင် ဆိုသူ၏ အလောင်းအား မိသားစုမှပြန်လည်ရရှိခဲ့ပြီး မေလ ၁၄ ရက်တွင် သဂြိုဟ်ခဲ့ပြီးဖြစ်ကာ ကိုဇော်မင်းထွန်း ဆိုသူ၏ အလောင်းမှာ နှိပ်စက်ခံရမှုကြောင့် မျက်နှာညိုမည်းခြင်း၊ နှာ​ခေါင်းရိုးကျိုးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မိသားစုအား ပြန်ယူခွင့်မပြုဘဲ TNLA ရဲတပ်ဖွဲ့မှ သဂြိုဟ်လိုက်ကြောင်း သိရသည်။

ဂနိုက်
#MeKongNews
#TNLA
#မိုးကုတ်
#ရဲတပ်ဖွဲ့
#ဖမ်းဆီးစစ်ဆေး
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now