နေ့စဥ်သတင်း

မိုင်းတုံရှိ အများအားထားရသည့် နမ့်တုံချောင်းရေတွင် နုန်းအနယ်အနှစ်များစွာပါလာ၊ ချောင်းအထက်ပိုင်းရှိ ရွှေလုပ်ကွက်များကို မြို့ခံလူထု အပြစ်တင်

မဲခေါင် 17 May - 2025
မဲခေါင်၊ မေ ၁၇ မြို့ကိုဖြတ်သန်းစီးဆင်းနေပြီး လူထု၏ အဓိကရေအရင်းမြစ်ဖြစ်သည့် နမ့်တုံချောင်းရေတွင် နုန်းအနယ်အနှစ်များစွာပါဝင်လာပြီး သုံးစွဲမရအောင် ပျက်စီးနေကြောင်း ဒေသခံများထံမှ သိရသည်။ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ရှိ နမ့်တုံချောင်း (နမ့်ဟောင်ခယ်)မှာ မေလ၁၅ရက်တွင် စတင်ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ကျရေစီးဝင်ရာတွင် အဝါရောင် နုန်းအနယ်အနှစ်များစွာ ပါဝင်လာကြောင်း၊ ယင်းနုန်းများကြောင့် ချောင်းရည်အရည်အသွေးမှာ သုံးစွဲမရအောင်ဖြစ်သွားပြီး သုံးရေအခက်အခဲဖြစ်နေကြောင်း မိုင်းတုံမြို့၊ မြို့မရပ်ကွက်နေပြည်သူတစ်ဦးက မဲခေါင်ကို ပြောသည်။ “ရေကြီးခဲ့ရင်တောင် နုန်းကအဝါရောင်မဟုတ်ဘူး၊ အခုက နုန်းအဝါရောင်တွေက ချောင်းတွေကို ပို့ချလို့ ချောင်းတွေ တိမ်လာတယ်။ အရင်လို ချိုးဖို့ မပြောနဲ့ အဝတ်လျှော်လို့တောင်မရတော့ဘူး။ ချိုးလဲ မချိုးရဲကြတော့ဘူး”ဟု ၎င်းက ပြောသည်။ ချောင်းအထက်ပိုင်းဖြစ်သည့် မိုင်းတုံ၊

မဲခေါင်၊ မေ ၁၇

မြို့ကိုဖြတ်သန်းစီးဆင်းနေပြီး လူထု၏ အဓိကရေအရင်းမြစ်ဖြစ်သည့် နမ့်တုံချောင်းရေတွင် နုန်းအနယ်အနှစ်များစွာပါဝင်လာပြီး သုံးစွဲမရအောင် ပျက်စီးနေကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့ရှိ နမ့်တုံချောင်း (နမ့်ဟောင်ခယ်)မှာ မေလ၁၅ရက်တွင် စတင်ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ကျရေစီးဝင်ရာတွင် အဝါရောင် နုန်းအနယ်အနှစ်များစွာ ပါဝင်လာကြောင်း၊ ယင်းနုန်းများကြောင့် ချောင်းရည်အရည်အသွေးမှာ သုံးစွဲမရအောင်ဖြစ်သွားပြီး သုံးရေအခက်အခဲဖြစ်နေကြောင်း မိုင်းတုံမြို့၊ မြို့မရပ်ကွက်နေပြည်သူတစ်ဦးက မဲခေါင်ကို ပြောသည်။

“ရေကြီးခဲ့ရင်တောင် နုန်းကအဝါရောင်မဟုတ်ဘူး၊ အခုက နုန်းအဝါရောင်တွေက ချောင်းတွေကို ပို့ချလို့ ချောင်းတွေ တိမ်လာတယ်။ အရင်လို ချိုးဖို့ မပြောနဲ့ အဝတ်လျှော်လို့တောင်မရတော့ဘူး။ ချိုးလဲ မချိုးရဲကြတော့ဘူး”ဟု ၎င်းက ပြောသည်။

ချောင်းအထက်ပိုင်းဖြစ်သည့် မိုင်းတုံ၊ မိုင်းဆတ်သွားလမ်း၏ အနောက်ဘက် ၆ မိုင်အထက်ပိုင်းတွင် လားဟူပြည်သူ့စစ်ပိုင်ကုမ္ပဏီ၏ ရွှေလုပ်ကွက်များ၊ သတ္တုကန်များရှိပြီး ယင်းလုပ်ကွက်များမှ နုန်းများမှာ မိုးများပြီးရေကြီးပါက တောင်ကျချောင်းများအထဲ စီးဝင်သည့်အတွက် ယခုလို ချောင်းများပျက်စီးရဖြစ်ကြောင်း ဒေသခံများက ပြစ်တင်ဝေဖန်သည်။
ယခု မြစ်ညှာအထက်ပိုင်း ရွှေနှင့်သတ္တုတူးဖော်ခြင်းကို ၂၀၂၁ နောက်ပိုင်းတွင် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
နုန်းအနည်ပို့ချမှုကြောင့် ချောင်းကောကာ မိုးတွင်း၌ ရေကြီးမှု ပိုမိုဆိုးရွာလာမည်ကိုလည်း မြို့နေလူထုက စိုးရိမ်လျက်ရှိသည်။

“မြို့က သယံဇာတ ကျိန်စာသင့်နေပါပြီ။ လူတွေတင်မက နောင်ပါရင်အုန်းတော၊ မြို့မကွင်းတွေလည်း စိုက်ပျိုးမြေတွေအပေါ် နုန်းတွေဖုံးလို့ စိုက်ဖို့ခက်နေကြပြီ” ဟု နောင်ပါရင် ရပ်ကွက်သားတစ်ဦးက ပြောသည်။

၎င်းပြောသည့် စိုက်ပျိုးမြေများမှာ စပါးစိုက်ဧကရာကျော်ရှိပြီး ကြက်သွန်ဖြူလည်း အဓိက စိုက်ကြကြောင်း သိရသည်။

မိုင်းတုံမြို့နေလူထုအနေဖြင့် နမ့်တုံချောင်းရေကို အားထားသုံးစွဲရသလို မြို့မရပ်ကွက်၊ နောင်ပါရင်၊ ဝမ်မိုင်၊ ဖာချယ်၊ ဟောင်လီစသည့် ရွာများမှ စပါး၊ ကြက်သွန်ဖြူစိုက်ခင်းများ အတွက်လိုအပ်သည့် ရေကိုလည်း နမ့်တုံချောင်းမှ အဓိက ရယူသုံးစွဲနေခြင်းဖြစ်သည်။

“သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီး မြို့ရွာတွေမပျက်စီးအောင်၊ ရေအရင်းအမြစ်တွေ မပျောက်ပျက်အောင် လူထုကတော့ မေတ္တာရပ်ခံတောင်းဆိုတာပဲ လုပ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ လောကကို စောင့်ရှောက်တဲ့ နတ်တွေကို တိုင်တည်ပြီး ကျိန်စာတိုက်တဲ့နည်းပါပဲ။ အဲတာလုပ်ရရင်တော့ ဆွေစဥ်မျိုးဆက်ထိခိုက်ကုန်မှာဖြစ်လို့ အဲလိုလုပ်ရတဲ့အထိ မဖြစ်ဖို့ကျမဆုတောင်းပါတယ်”ဟု မိုင်းတုံနေ ဒေသခံတစ်ဦးက ပြောသည်။

ယခင်က နှစ်စဥ်လို ချောင်း၊ မြောင်းများ သန့်ရှင်းထိန်းသိမ်းခဲ့ပြီး နမ့်တုံ(နမ့်ဟောင်ခယ်)ချောင်း ရေရှည်တည်တန့်စေရန် ၂၀၁၉ ခုနှစ်က တိမ်လာသည့် ချောင်းအောက်ခြေကို တူးဖော်ခဲ့ပြီး မြေသားနံရံများနေရာတွင် ကွန်ကရစ်နှင့် အခိုင်အမာ ပြန်လည်တည်ဆောက်ပေးခဲ့သည်ဟု ဒေသခံတွေထံက သိရသည်။

ယမန်နှစ် စက်တင်ဘာ ရေဘေးတွင် လူတစ်ဦး အိမ်အလုံးလိုက် ရေနောက်မျောပါ သေဆုံးခဲ့ရပြီး ဟောင်လီရွာနှင့် မြို့မရပ်ကွက် တောင်ပိုင်းရှိနေအိမ်များ ရေဝင်၍ ဆန်ကဲ့သို့ရောင်းကုန်များ၊ အိမ်အသုံးအဆောင်လျှပ်စစ်ပစ္စည်းများ၊ တန်ကြေးသိန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

#MeKongNews
#မိုင်းတုံ
#နမ့်တုံချောင်း
#ရွှေတူးဖော်မှု
#ရေအရင်းမြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now