နေ့စဥ်သတင်း

မိုင်းဆတ်မြို့နယ် ထိုင်းနယ်စပ်အနီး မြေရှားလုပ်ကွက်ဂြိုလ်တုဓာတ်ပုံများ SHRF ထုတ်ပြန်

မဲခေါင် 16 May - 2025
မဲခေါင်၊ မေ ၁၆ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တောင်ဘက်၊ ထိုင်းနိုင်ငံနယ်စပ်မှ ၂၅ကီလိုမီတာသာ ကွာဝေးသည့် နေရာရှိ မြေရှားသတ္တုတွင်းလုပ်ကွက် ၂ကွက်၏ ဂြိုလ်တုဓာတ်ပုံများကို ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင် – SHRFက မေလ၁၅ရက်တွင် ထုတ်ပြန်သည်။ ယင်းဂြိုလ်တုဓာတ်ပုံများကို ၂၀၂၅ခုနှစ် မေလ ၆ရက်နှင့် ဇန်နဝါရီလ ၁၂ရက်တို့တွင် ရိုက်ကူးထားခြင်းဖြစ်ပြီး ချင်းမိုင်ခရိုင်၊ မယ်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလိုမီတာသာ ကွာဝေးသော မိုင်းဆတ်မြို့တောင်ဘက် မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်း ၂ တွင်း၏ ပုံရိပ်များကို ထင်ရှားစွာ ပြသနေသည်။ ဂြိုလ်တု ဓာတ်ပုံပါ နေရာ၂ခုမှာ ရှမ်းအရှေ့နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင် စီးဆင်းနေသည့် နမ့်ခုတ်မြစ် အနောက်ဘက်မှ ၂.၆ ကီလိုမီတာနှင့်

မဲခေါင်၊ မေ ၁၆

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တောင်ဘက်၊ ထိုင်းနိုင်ငံနယ်စပ်မှ ၂၅ကီလိုမီတာသာ ကွာဝေးသည့် နေရာရှိ မြေရှားသတ္တုတွင်းလုပ်ကွက် ၂ကွက်၏ ဂြိုလ်တုဓာတ်ပုံများကို ရှမ်းလူ့ အခွင့်အရေးမဏ္ဍိုင် – SHRFက မေလ၁၅ရက်တွင် ထုတ်ပြန်သည်။

ယင်းဂြိုလ်တုဓာတ်ပုံများကို ၂၀၂၅ခုနှစ် မေလ ၆ရက်နှင့် ဇန်နဝါရီလ ၁၂ရက်တို့တွင် ရိုက်ကူးထားခြင်းဖြစ်ပြီး ချင်းမိုင်ခရိုင်၊ မယ်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင် ထိုင်းနယ်စပ်မြောက်ပိုင်းမှ ၂၅ ကီလိုမီတာသာ ကွာဝေးသော မိုင်းဆတ်မြို့တောင်ဘက် မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်း ၂ တွင်း၏ ပုံရိပ်များကို ထင်ရှားစွာ ပြသနေသည်။

ဂြိုလ်တု ဓာတ်ပုံပါ နေရာ၂ခုမှာ ရှမ်းအရှေ့နှင့် ထိုင်းနိုင်ငံမြောက်ပိုင်းတို့တွင် စီးဆင်းနေသည့် နမ့်ခုတ်မြစ် အနောက်ဘက်မှ ၂.၆ ကီလိုမီတာနှင့် မြစ်၏ အရှေ့ဘက်မှ ၃.၆ ကီလိုမီတာတို့တွင် တည်ရှိနေကြောင်း၊ ကချင်ပြည်တွင် တရုတ်ကုမ္ပဏီများ Terbium (Tb) နှင့် Dysprosium (Dy) ပမာဏများစွာ တူးဖော်နေ သည့် မြေရှားသတ္တုတွင်းများ၏ ပုံသဏ္ဍာန်ကဲ့သို့ လုပ်ငန်းသုံးကန်အဝိုင်းများအား စီတန်းထားသည်ကို မြင်ရသောကြောင့် မြေရှားသတ္တုတွင်း လုပ်ကွက်များဟု ကောက်ချက်ချခြင်းဖြစ်ကြောင်း SHRF က ထုတ်ပြန်သည်။

“အခုက နမ့်ခုတ်မြစ်အောက်ပိုင်းက ၂နိုင်ငံ (မြန်မာ၊ ထိုင်း) ပြည်သူတွေအတွက် အရမ်းစိုးရိမ်စရာဖြစ်နေလို့၊ သက်ဆိုင်ရာက သူတွေအနေနဲ့ အမြန်ဆုံး လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေ လုပ်ဖို့တောင်းဆိုချင်ပါတယ်”ဟု SHRF မှ ယိင်းလျန်းဟန်က မဲခေါင်ကို ယနေ့ မေ၁၆ရက်တွင် ပြောသည်။

မြေရှားသတ္တုတွင်းတူးဖော်မှုသည် သဘာ၀ပတ်၀န်းကျင်ကို ပြင်းထန်စွာထိခိုက်စေသော “မြေတွင်းသို့ ဓာတုပစ္စည်းထည့်၍ သတ္တုထုတ်ယူခြင်း” ဆိုသည့် မြေကြီးကိုတူးဖော်စရာမလိုဘဲ မြေအောက်ရှိ သတ္တုရိုင်းများထဲသို့ ဓာတုဆေးရည်များကို ထိုးသွင်း၍ သတ္တုများကို အရည်အဖြစ် စိမ့်ထွက်စေကာ စုပ်ယူထုတ်လုပ်သည့် နည်းပညာဖြင့် တူးဖော်ခြင်းဖြစ်သည်။

မြေရှားသတ္တုတွင်းများတည်ရှိရာ မိုင်းယွန်းဒေသသည်စစ်ကောင်စီနှင့်  UWSA တို့ ပူးပေါင်းထိန်း ချုပ်ရာ ဒေသဖြစ်ပြီး ဂြိုလ်တုဓာတ်ပုံမှတ်တမ်းပုံဟောင်းများအရ နမ့်ခုတ်မြစ်အရှေ့ ဘက်မှ ၄ ကီလိုမီတာခန့်ကွာ၀ေးသော မြေရှားသတ္တုတွင်းမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ခဲ့ခြင်းဖြစ်ပြီး နမ့်ခုတ်မြစ်မှ ၂ ကီလိုမီတာကျော် ကွာဝေးသော မြေရှာသတ္တုတွင်းမှာမူ ၂၀၂၄ နှစ်လယ်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း SHRF က ဆိုသည်။

ထိုင်းနိုင်ငံတွင် နမ့်ခုတ်မြစ်သည် ချင်းမိုင်ခရိုင်၊ မယ်အိုင်းမြို့နယ်၊ တာတွန်းရွာ မှတစ်ဆင့် ချင်းရိုင်ခရိုင်ကို ဖြတ်သန်းစီးဆင်းကာ ချင်းဆန်မြို့နယ်တွင် မဲခေါင်မြစ်အတွင်းသို့ စီး၀င်သည်။

မြေရှားသတ္တုတွင်းများမှ စွန့်ပစ်ပစ္စည်းများသည် နမ့်ခုတ်မြစ်အတွင်းသို့ စီး၀င်သော ရေအရင်းအမြစ်များကို ညစ်ညမ်းစေပြီး နယ်စပ် ၂ဘက်လုံးရှိ မြစ်အောက်ပိုင်းတွင် နေထိုင်သော ဒေသခံပြည်သူ တစ်သန်းကျော်၏ ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက် လာမည်ကို စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း SHRF က သတိပေးသည်။

SHRF မှ မိုင်းဆတ်မြို့နယ်၊ နမ့်ဆိုင်မြစ်နှင့် နမ့်ခုတ်မြစ်အနီးရှိ ရွှေတူးဖော်သည့်လုပ်ကွက်များ၏ ဂြိုလ်တုဓာတ်ပုံများကိုလည်း ပူးတွဲထုတ်ပြန်ထားသည်။

မဟာ
#MeKongNews
#ရှမ်းအရှေ့
#မြေရှားသတ္တု
#မိုင်းယွန်း
#မိုင်းဆတ်မြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now