နေ့စဥ်သတင်း

မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်

မဲခေါင် 11 May - 2025
မဲခေါင်၊ မေ ၁၁ ကရင်နီပြည်နယ်၊ မော်ချီးမြို့တွင် မေလ ၁၀ရက် မွန်းလွဲပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူများ ရှိကြောင် သိရသည်။ မေလ ၁၀ ရက်မွန်းလွဲပိုင်းတွင် စစ်ကောင်စီမှ မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ ၂ ဦးသေဆုံးသည်ဟု သိရကြောင်း ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ – IEC အတွင်းရေးမှူး ၂ ဦးဗညားက မဲခေါင်ကိုပြောသည်။ “လေယာဉ်တော့ဟုတ်တယ်။ လေယာဉ်တော့ ဒီနေ့ခင်းပိုင်း တချက်တော့ လာကြဲသွားတယ်။ သိရသလောက်တော့ ၂ ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိထားတယ်”ဟု ၎င်းကဆိုသည်။ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၃ နေရာဖြစ်ပြီး သေဆုံးသူအရေအတွက်မှာ

မဲခေါင်၊ မေ ၁၁

ကရင်နီပြည်နယ်၊ မော်ချီးမြို့တွင် မေလ ၁၀ရက် မွန်းလွဲပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူများ ရှိကြောင် သိရသည်။

မေလ ၁၀ ရက်မွန်းလွဲပိုင်းတွင် စစ်ကောင်စီမှ မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူ ၂ ဦးသေဆုံးသည်ဟု သိရကြောင်း ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ – IEC အတွင်းရေးမှူး ၂ ဦးဗညားက မဲခေါင်ကိုပြောသည်။

“လေယာဉ်တော့ဟုတ်တယ်။ လေယာဉ်တော့ ဒီနေ့ခင်းပိုင်း တချက်တော့ လာကြဲသွားတယ်။ သိရသလောက်တော့ ၂ ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိထားတယ်”ဟု ၎င်းကဆိုသည်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၃ နေရာဖြစ်ပြီး သေဆုံးသူအရေအတွက်မှာ ယခုထပ်ပိုနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိနိုင်ကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကြောင့် ဒေသတွင်း၌ ပြည်သူများကို စတားလင့်ခ် ဝိုင်ဖိုင်အင်တာနက် သုံးစွဲခွင့် ပိတ်ပင်ထားသည့်အတွက် ဆက်သွယ်ရန်ခက်ခဲကြောင်း သိရသည်။
မော်ချီးဒေသတွင်း စတားလင့်ခ် သုံးစွဲခွင့်ကို ခရိုင်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည်။

လက်ရှိလေကြောင်း တိုက်ခိုက်မှုများကို ကြည့်ခြင်းအားဖြင့် လေကြောင်းတိုက်ခိုက်မှုများသည် အင်တာနက် ဖွင့်ခြင်း၊ ပိတ်ခြင်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ နယ်မြေပြန်လည် မရရှိသောကြောင့်သာဖြစ်ကြောင်း ကရင်နီပြည်နယ်တွင်နေထိုင်သည့် နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက မဲခေါင်ကိုပြောသည်။

“စကစ ဘက်ကတော့ ကျွန်တော်တို့ လွှမ်းမိုးနယ်မြေတွေကို မတည်ငြိမ်အောင်၊ ကြောက်နေအောင်လုပ်ဖို့ပဲ ရှိတော့တာလေ။ လာပြီး ပြန်မှမသိမ်းနိုင်တော့တာ၊ မစားရတဲ့ အမဲသဲ နဲ့ ပက်တာပေါ့ဗျာ” ဟု ၎င်းကဆိုသည်။

စတားလင့်ခ်အင်တာနက် သုံးစွဲခွင့်ပိတ်ထားခြင်းကြောင့် Enemy Air Route နှင့် NAS(နပ်စ်) ကဲ့သို့သော လေကြောင်းအန္တရာယ် သတိပေးသည့် ချန်နယ်များမှ သတင်းများရယူနိုင်ခြင်း မရှိသည့်အတွက် ဒေသခံများအကြား ဝေဖန်မှုမြင့်တက်နေသည်။

မြို့နယ်တာဝန်ခံများဘက်မှ အချက်အလက်များ ဖြန့်ဝေမှု ထိန်းသိမ်းနိုင်ရန် စတားလင့်ခ် အသုံးပြုခွင့်ပိတ်ထားချိန်ခြင်းဖြစ်ပြီး စတားလင့််ခ်ပိတ်ထားသော်လည်း လေယာဉ်ဖြင့် ဗုံးကြဲခံရသည့်အတွက် ထူးခြားမှုမရှိဟု ပြည်သူများဘက်ကလည်း မြင်နိုင်ကြောင်း ဝေဖန်မှုများအပေါ် ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက မဲခေါင်ကိုပြောသည်။

“စတားလင့်ခ်ကို ယာယီ တစ်လပေါ့ မြို့နယ်ပူးပေါင်းကတော့ ပိတ်ထားဖို့ပြောတယ်။ အချက်အလက်တွေကို အသေးစိတ် မပေါက်ကြားအောင် ထိန်းနိုင်တယ်လို့ မြို့နယ်ဘက်က မြင်တယ်ပေါ့နော်။ သတင်းအချက်အလက်တွေကို ပျံ့အောင်ဖြန့်တာကို ထိန်းသိမ်းနိုင်မလားပေါ့။ လူထုဘက်ကစဉ်းစားရင်တော့ စတားလင့်ခ်သိမ်းထားရင်လည်း လေယာဉ်ကြဲတာပဲ။ မသိမ်းရင်လည်း လေယာဉ်ကြဲတာပဲ။ အဲ့တော့မထူးလောက်ဖူးလို့ မြင်ကောင်းမြင်နိုင်တယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၆ ရက် ၂၄ ရက်တို့တွင်လည်း ကရင်နီပြည်၊ မော်ချီးဒေသနှင့် မယ်စဲ့မြို့များကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

မော်ချီးမြို့ကို ၁၁၁၁ စစ်ဆင်ရေးအတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး – ကလလတ၊ ကရင်နီတပ်မတော် – KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် – KNDF၊ KNPP၊ KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ပြီးနောက် လက်ရှိအချိန်အထိ ပူးပေါင်းကော်မတီမှ ထိန်းချုပ်ထားသည်။

ဂနိုက်
#MeKongNews
#မော်ချီးဒေသ
#လေကြောင်းတိုက်ခိုက်မှု
#စတားလင့်ခ်
#ကရင်နီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now