နေ့စဥ်သတင်း

နောင်ချိုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ

မဲခေါင် 10 May - 2025
မဲခေါင်၊ မေ ၁၀ ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့နှင့် အနီးဝင်းကျင်ဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှလည်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ ကံ့ကော်၊ တောင်ခမ်း၊ မဲပုတ်၊ နောင်လင်တွင် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားကာ ၎င်းနေရာများမှ ထိုးစစ်ဆင်နေသောကြောင့် ၂ ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ ရှေ့ဆက်တိုးနိုင်ခြင်း မရှိသေးကြောင်း နောင်ချိုမြို့ရှိ PDF သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။ “နောင်ချိုကတော့ (TNLAက) ပြန်ပေးမယ့် အတိုင်းအတာတော့ မမြင်ရသေးဘူး။ အခုထိတော့ အကောင်းဆုံး၊ အတတ်နိုင်ဆုံး တိုက်ခိုက်နေတုန်းပါပဲ။ စကစဘက်က ထိုးစစ်ကတော့ တောင်းခမ်းမှာလည်း နဂိုနေရာမှာပဲ ရှေ့ဆက်တိုးနိုင်တယ်မဟုတ်ဘူး။ သူတို့ထိုးလိုက်၊ ကိုယ်ထိုးလိုက်ပဲ။ ကံ့ကော်မှာလည်း

မဲခေါင်၊ မေ ၁၀

ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့နှင့် အနီးဝင်းကျင်ဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှလည်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ကံ့ကော်၊ တောင်ခမ်း၊ မဲပုတ်၊ နောင်လင်တွင် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားကာ ၎င်းနေရာများမှ ထိုးစစ်ဆင်နေသောကြောင့် ၂ ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ ရှေ့ဆက်တိုးနိုင်ခြင်း မရှိသေးကြောင်း နောင်ချိုမြို့ရှိ PDF သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။

“နောင်ချိုကတော့ (TNLAက) ပြန်ပေးမယ့် အတိုင်းအတာတော့ မမြင်ရသေးဘူး။ အခုထိတော့ အကောင်းဆုံး၊ အတတ်နိုင်ဆုံး တိုက်ခိုက်နေတုန်းပါပဲ။ စကစဘက်က ထိုးစစ်ကတော့ တောင်းခမ်းမှာလည်း နဂိုနေရာမှာပဲ ရှေ့ဆက်တိုးနိုင်တယ်မဟုတ်ဘူး။ သူတို့ထိုးလိုက်၊ ကိုယ်ထိုးလိုက်ပဲ။ ကံ့ကော်မှာလည်း အဲ့လိုပဲ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ကံ့ကော်၊ တောင်းခမ်းမှာတဆင့် ဒုဌဝတီမြစ်ကမ်း၊ ယင်းမှတဆင့် မဲပုတ်၊ နောင်လင်အထိ စစ်ကောင်စီထိုးစစ်ဆင်နေပြီး ၂ ဖက်တပ်များ အပြန်အလှန်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းများ၊ လက်နက်ကြီးများ၊ အဆိပ်ငွေ့ဗုံးများ ဆက်တိုက်သုံးနေကြောင်း သိရသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့် မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထား သော်လည်း နောင်ချိုဒေသတွင် ၎င်းတို့ အောက်ခြေစစ်သည်များမှ မြေပြင်ထိုးစစ်များ၊ လက်နက်ကြီးပစ်ခတ်ခြင်းများ၊ ဒရုန်းနှင့် လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်ခြင်းများ နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။

TNLA ထုတ်ပြန်ချက်များအရ မေလ ၉ ရက်၊ နံနက် ၆ နာရီကျော်တွင် စစ်ကောင်စီတပ်မှ TNLA ရှိရာ သရက်ချိုရွာ အနီးတဝိုက်တွင် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ နေ့လယ် ၁၂ နာရီကျော်တွင် ဒရုန်းဖြင့် ဗုံး ၅ လုံးနှင့် လက်နက်ကြီး ၁၀ ကြိမ် သရက်ချိုရွာသို့ ပစ်ခတ်တိုက်ခိုက်ကြောင်း၊ နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီတပ် အမတ (၉၀၂)မှ ဒရုန်းဖြင့် ဗုံး ၂ လုံး၊ အဆိပ်ငွေ့ဗုံး ၁၁ ကြိမ် ယာပြင်ကျေးရွာတွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တဲခေါ်ရွာရှိ စစ်ကောင်စီတပ်မှ နေ့လယ် ၁ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံး ၉ လုံး၊ အဆိပ်ငွေ့ဗုံး ၄ လုံးဖြင့် အုမ္မတီးကျေးရွာသို့ လာရောက် ကြဲချခဲ့ကြောင်း သိရသည်။

၎င်းအပြင် နေ့လယ် ၃ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ နောင်လင်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွဲခဲ့ပြီး စစ်ကောင်စီတပ်မှ နေ့လယ် ၁၂ နာရီကျော်တွင် ဒရုန်းဖြင့် ဗုံး ၈ လုံး၊ လက်နက်ကြီးဖြင့် ၇ ကြိမ် နောင်လင်ကျေးရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် TNLA အပေါ်  နိုင်ကွက်မရှိသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများကိုသာ တွင်တွင်သုံးနေရကြောင်း TNLA ထိန်းချုပ်ဒေသရှိ PDF သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။

“တရုတ်နိုင်ငံကူမင်းမှာ အစည်းအဝေးပွဲလုပ်တယ်။ ဒီရှမ်းမြောက်မှာ TNLA တွေ သိမ်းယူထားတဲ့ နေရာတွေကနေ နမ့်ဆန်၊ နမ်တုံအထိ TNLA ကို ဆုတ်ခိုင်းတယ်။ စစ်ကောင်စီအနေနဲ့က UWSA လို၊ MNDAA လို နိုင်ကွက်မရှိဘူး၊ ဝှက်ဖဲမရှိဘူး။ ဒီအပေါ်မှာ TNLA ကို ချုပ်ကိုင်လို့ မရတဲ့အပေါ်မှာ TNLA ကလည်း ပြန်တင်းတယ်။ အဲဒီအခြေအနေမှာ စစ်တပ်ကတော့ လုပ်နိုင်တဲ့တစ်ခုထဲရှိတဲ့ Air Strike (လေကြောင်းတိုက်ခိုက်မှု)ကို ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ ယူဆယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း တစ်လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည့်အတွက် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများအား ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်ပြောဆိုထားသည်။

ဝက်ဝံ၊ သုံးဆယ်၊ တောင်ခမ်းရှိ စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလထဲတွင် “နောင်ချိုမြို့အား ၃ လအတွင်း အပြီးသတ် ပြန်လည်သိမ်းယူမည်” ဟု ကြွေးကြော်ထားခဲ့ပြီး ၄ လကျော်လာသည်အထိ နောင်ချိုမြို့အား TNLA ဦးဆောင်သည့် တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဆဲဖြစ်သည်။

ဂနိုက်
#MeKongNews
#နောင်ချို
#တောင်ခမ်း
#လေကြောင်းတိုက်ခိုက်မှု
#အဆိပ်ငွေ့ဗုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now