နေ့စဥ်သတင်း

TNLA သိမ်းပိုက်မြို့များ ပြန်ရပါက အုပ်ချုပ်ရေးချက်ချင်း စတင်နိုင်ရန် မြို့ကိုယ်စားပြု ယာယီရုံးများဖွင့်လှစ်ကာ စစ်ကောင်စီပြင်ဆင်ထား

မဲခေါင် 8 May - 2025
မဲခေါင်၊ မေ ၈ TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့များကို ပြန်လည်ရရှိပါက အဆင့်သင့်ဝင်ရောက်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကောင်စီက မြို့နယ်အလိုက်ယာယီရုံးများကို တောင်ကြီးနှင့် မန္တလေးတွင် ယခုမေလဆန်းမှ စတင်ကာ ဖွင့်လှစ်ထားကြောင်း Non – CDM ဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။ MNDAA သိမ်းပိုက်ခဲ့သည့် လားရှိုးကို တရုတ်အကူအညီဖြင့် ပြန်ရခဲ့သည့် စစ်ကောင်စီက TNLA သိမ်းပိုက်ခဲ့သည့် မြို့များကိုလည်း ယင်းကဲ့သို့ ပြန်ရမည်ဟုသေချာပေါက် ယူဆထားသည့်သဘောရှိပြီး TNLA သိမ်းပိုက်စဥ် ထွက်ပြေးလာသည့်ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီက ယာယီရုံးများဖွင့်ခိုင်းကာ မြို့များသို့ ပြန်လည်ဝင်ရောက်ရပါက အဆင်သင့် အုပ်ချုပ်စီမံနိုင်ရေး ပြင်ဆင်ထားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း Non

မဲခေါင်၊ မေ ၈

TNLA သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့များကို ပြန်လည်ရရှိပါက အဆင့်သင့်ဝင်ရောက်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စစ်ကောင်စီက မြို့နယ်အလိုက်ယာယီရုံးများကို တောင်ကြီးနှင့် မန္တလေးတွင် ယခုမေလဆန်းမှ စတင်ကာ ဖွင့်လှစ်ထားကြောင်း Non – CDM ဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။

MNDAA သိမ်းပိုက်ခဲ့သည့် လားရှိုးကို တရုတ်အကူအညီဖြင့် ပြန်ရခဲ့သည့် စစ်ကောင်စီက TNLA သိမ်းပိုက်ခဲ့သည့် မြို့များကိုလည်း ယင်းကဲ့သို့ ပြန်ရမည်ဟုသေချာပေါက် ယူဆထားသည့်သဘောရှိပြီး TNLA သိမ်းပိုက်စဥ် ထွက်ပြေးလာသည့်ဌာနဆိုင်ရာ ဝန်ထမ်းများကို စစ်ကောင်စီက ယာယီရုံးများဖွင့်ခိုင်းကာ မြို့များသို့ ပြန်လည်ဝင်ရောက်ရပါက အဆင်သင့် အုပ်ချုပ်စီမံနိုင်ရေး ပြင်ဆင်ထားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း Non – CDM များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“လားရှိုးသမားတွေတော့ အားလုံးလိုလို သွားကုန်ကြပြီ။ TNLA သိမ်းထားတဲ့ ရှမ်းမြောက်မြို့တွေက ဝန်ထမ်းတွေ တောင်ကြီးကသက်ဆိုင်ရာ ရုံးတွေမှာ တွဲဖက်ထားတာကို ခုညွှန်ကြားချက်ကြောင့် မြို့အမည်နဲ့သီးခြားလုပ်ရတာပါ။ ဝန်ထမ်းအနေနဲ့တွဲဖက်တော့တာမဟုတ်ဘဲ ရုံးအမည်နဲ့ တွဲဖက်လာတာပါ။ ပြန်သွားရရင် အဆင်သင့်ဖြစ်အောင်လို့ ပြောတယ်။ ဝန်ထမ်းတွေလည်း မစုံကြဘူး” ဟု ၎င်းက မဲခေါင်ကို ပြောသည်။

ရှမ်းမြောက်ရှိ မြို့နယ်များအတွက် ရုံးများကို တောင်ကြီးတွင် ဖွင့်လှစ်ပြီး မိုးကုတ်က ရုံးများကို မန္တလေး တွင် ဖွင့်လှစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်မေလ ၄ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA က သိမ်းပိုက်ထားသော မြို့နယ်များကို စစ်ကောင်စီထံသို့ ပြန်ပေးရန် တရုတ်နိုင်ငံ၏ ဖိအားများရှိနေသော်လည်း ပြန်ပေးရန်မရှိကြောင်း TNLA တွဲ ဖက်  အထွေထွေ အတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တားပန်လက ပြောဆိုထားသည်။

TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ၂ပိုင်းအပြီး ရှမ်းပြည်မြောက်ပိုင်းရှိ နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနှင့် သီပေါမြို့နယ်များကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

မဟာ
#MeKongNews
#ရှမ်းမြောက်
#TNLA
#စစ်ကောင်စီ
#တရုတ်အားကိုး
#လားရှိုး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now