နေ့စဥ်သတင်း

နယ်မြေတွင်းပြဿနာများကို မိတ်ဖက်ပြဿနာဟု သဘောထားဖြေရှင်းမည်ဟု TNLA ဆို

မဲခေါင် 4 May - 2025
မဲခေါင်၊ မေ ၄ TNLA ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း အတူတကွယှဉ်တွဲနေထိုင်သည့် တိုင်းရင်းသားများကြား ဖြစ်ပွားသည့် ပြဿနာများကို မိတ်ဖက်ပြဿနာဟု သဘောထားဖြေရှင်းသွားမည်ဖြစ်ကြောင်း TNLA က မေလ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ သတင်းစာရှင်းလင်းပွဲ၌ မဲခေါင်သတင်းဌာနက မေးမြန်းသည့် ဒေသတွင်းမှာ အတူတကွနေထိုင်သည့် တိုင်းရင်းသားများကြား နယ်မြေအငြင်းပွားမှုများကို မည်သည့်မူဝါဒဖြင့် ဖြေရှင်းသွားမည်နည်း ဆိုသည့် မေးခွန်းကို TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ ဗိုလ်မှူးကြီးတားပန်လက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။ TNLA အနေဖြင့် အတူယှဉ်တွဲနေထိုင်သည့် တိုင်းရင်းသားများကြား ဖြစ်ပွားနေသည့် ပြဿနာများကို နယ်မြေအငြင်းပွားမှုဟု မသတ်မှတ်ကြောင်း၊ TNLA က တာဝန်ယူအုပ်ချုပ်ရသည့် ရပ်ရွာများတွင်

မဲခေါင်၊ မေ ၄

TNLA ထိန်းချုပ်ထားသည့် နယ်မြေများအတွင်း အတူတကွယှဉ်တွဲနေထိုင်သည့် တိုင်းရင်းသားများကြား ဖြစ်ပွားသည့် ပြဿနာများကို မိတ်ဖက်ပြဿနာဟု သဘောထားဖြေရှင်းသွားမည်ဖြစ်ကြောင်း TNLA က မေလ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သတင်းစာရှင်းလင်းပွဲ၌ မဲခေါင်သတင်းဌာနက မေးမြန်းသည့် ဒေသတွင်းမှာ အတူတကွနေထိုင်သည့် တိုင်းရင်းသားများကြား နယ်မြေအငြင်းပွားမှုများကို မည်သည့်မူဝါဒဖြင့် ဖြေရှင်းသွားမည်နည်း ဆိုသည့် မေးခွန်းကို TNLA တွဲဖက်အထွေထွေအတွင်းရေးမှူး – ၂ ဗိုလ်မှူးကြီးတားပန်လက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

TNLA အနေဖြင့် အတူယှဉ်တွဲနေထိုင်သည့် တိုင်းရင်းသားများကြား ဖြစ်ပွားနေသည့် ပြဿနာများကို နယ်မြေအငြင်းပွားမှုဟု မသတ်မှတ်ကြောင်း၊ TNLA က တာဝန်ယူအုပ်ချုပ်ရသည့် ရပ်ရွာများတွင် ယခင်က ပြောက်ကျားအုပ်ချုပ်ရေးစနစ်ဖြင့်သာ အုပ်ချုပ်နိုင်ခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း လူထုကိစ္စများကို အပြည့်အဝ တာဝန်ယူအုပ်ချုပ်လာရကြောင်း၊ ယင်းတာဝန်မှာ ကြီးမားပြီး ဒေသတစ်ခုအတွင်း လက်နက်ကိုင်အဖွဲ့အစည်းများစွာရှိခြင်းက လူထုလုံခြုံမှုအတွက် စိန်ခေါ်မှုဖြစ်ရကြောင်း၊ ထို့ကြောင့် တတ်နိုင်သမျှ လက်နက်များမပွားများအောင် ဆောင်ရွက်နေကြောင်း ဗိုလ်မှူးကြီးတားပန်လက ပြောသည်။

“စကစအဖွဲ့အစည်းနဲ့ စကစအောက်မှာရှိတဲ့ အဖွဲ့အစည်းတွေကလွဲရင် အကုန်လုံးသော ညီအကိုတိုင်းရင်းသားအဖွဲ့အစည်းတွေကို မဟာမိတ်လို့ပဲ သတ်မှတ်ထားပါတယ်။ တချို့ဆိုရင်တော့ ကျနော်တို့ စာချုပ်စာတမ်းနဲ့ ရေးထိုးပြီးမှ သဘောတူထားတာရှိတယ်။ တချို့နဲ့က စာချုပ်စာတမ်းမရှိပေမယ့် ကျနော်တို့က ဘဝတူတိုင်းရင်းသားတွေ၊ ဘဝတူ မဟာမိတ်တွေလို့ နားလည်ပါတယ်။ အဲဒီလိုပဲသတ်မှတ်ထားပါတယ်။ ပြီးတော့ ဖြစ်ပေါ်လာတဲ့ ပြဿနာအားလုံးကိုလည်း မိတ်ဖက်ရေးရာ ပြဿနာလို့ သတ်မှတ်ပြီးမှ ဖြေရှင်းနေပါတယ်” ဟု ၎င်းက ပြောသည်။

ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားရခြင်းသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီဆိတ်သုဉ်းကာ နိုင်ငံရေးယဉ်ကျေးမှု ပျောက်ဆုံးသွားခြင်းကြောင့်ဖြစ်ကြောင်း၊ နိုင်ငံရေးအရဖြေရှင်းနိုင်သည့် နေရာကျဉ်းမြောင်းကာ အခြားနည်းလမ်းများကို ရွေးချယ်ရသည့်အတွက် ပြဿနာပေါ် ပြဿနာ ဆင့်လာခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီပြန်လည်ရရှိကာ လူထုဆန္ဒဖြင့်အုပ်ချုပ်နိုင်မှသာလျှင် ယခုပြဿနာများပြေလည်သွားမည်ဟု နားလည်ကြောင်း ဗိုလ်မှူးကြီး တားပန်လက ပြောသည်။

TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ၂ အပြီး ရှမ်းပြည်မြောက်ပိုင်းရှိ နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနှင့် သီပေါမြို့နယ်များကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

ယင်းမြို့နယ်များတွင် ကချင်တပ် KIA ၊ ရှမ်းတပ် SSPP ၊ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ ရှိနေပြီး မဟာမိတ်တပ်ဖွဲ့များကြား ထိတွေ့မှုများ ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့် မတ်လအတွင်းက ကွတ်ခိုင်မြို့တွင် TNLA နှင့် KIA တပ်ဖွဲ့တို့ကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး နမ့်ခမ်း၊ မိုင်းတုံနှင့် ကွတ်ခိုင်မြို့နယ်တို့တွင်လည်း ဇန်နဝါရီလမှ စတင်ကာ TNLA နှင့် KIA တို့ကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

KIA နှင့် TNLA တို့ကြား ဖြစ်ပွားနေသည့် ပြဿနာများကို အဖြေရှာရန်အတွက် TNLA နှင့်သာမက ရှမ်းမြောက်ရှိ ပြည်သူလူထုနှင့်ပါ တွေ့ဆုံရန် ပြင်ဆင်နေကြောင်း KIA က မတ်လအတွင်း၌ ထုတ်ဖော်ပြောဆိုထားသည်။

#MeKongNews
#TNLA
#KIA
#ရှမ်းမြောက်
#မိတ်ဖက်ပြဿနာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now