မဲခေါင်၊ မေ ၁
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လင်းဗွာလကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ကျေးရွာသားတစ်ဦး ကောက်ရလာသည့် မီးသင့်နေသော M79 လောင်ချာဗုံးသီးကျည်တစ်လုံး ပေါက်ကွဲမှုဖြစ်ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဧပြီလ ၂၈ ရက်၊ မနက်ခုနှစ်နာရီအချိန်၌ ကောက်ရလာသည့် အဆိုပါကျည်ကို လွယ်အိပ်မှထုတ်ရာမှ လွတ်ကျပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“၆ ဦး ထိတာ၊ လူကြီးတွေချည်းပဲ။ အားလုံး တောင်ကြီးဆေးရုံမှာ” ဟု ရွာသားတစ်ဦးက ပြောသည်။
ပင်လောင်းနယ်အတွင်း စစ်ကောင်စီ၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေးတပ်များ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွာခဲ့သည့် နေရာများ၊ စစ်ချီသည့်လမ်းကြောင်းများ၊ စခန်းချသည့်နေရာများတွင် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်များ ကျန်ရှိနေတတ်သည့်အတွက် အများပြည်သူမှ လုံးဝ ထိတွေ့ခြင်းမပြုရန် တော်လှန်ရေးတပ်များမှ အသိပညာပေးမှုများ မကြာခဏပြုလုပ်နေကြောင်း သိရသည်။
မဟာ
#MeKongNews
#ပင်လောင်း
#M79
#လောင်ချာဗုံးသီး
#စစ်လက်နက်








