နေ့စဥ်သတင်း

စိန်ကျော့နှင့် ဟန်နားသို့ ဝင်လာသည့် MNDAA တပ်များကို SSPP ပြန်ဝိုင်းထားပြီး စစ်ရေးတင်းမာနေ၊ ဗဟိုအဆင့်ညှိနှိုင်းမည်ဟု SSPP ဆို

မဲခေါင် 30 Apr - 2025
မဲခေါင်၊ ဧပြီ ၃၀ ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း  SSPP နှင့် MNDAA တို့ နယ်မြေပဋိပက္ခ ဆက်လက်ဖြစ်ပြီပွားနေပြီး စိန်ကျော့နှင့် ဟန်နားသို့ ဝင်လာသည့် ကိုးကန့်တပ်ဖွဲ့များကို SSPP တပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ ဧပြီ ၃၀ရက်တွင် သိရသည်။ ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ဆုတ်ခွာသွားရသည့် SSPP တပ်များက စိန်ကျော့နေရာတွင်ဝင်နေသည့် MNDAA တပ်များကို ပြန်လည်ဝိုင်းထားနေကြောင်း၊ နယ်ကျော်ပါက ပစ်မိန့်ပေးထားသည်ဟုကြားရပြီး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “စိန်ကျော့တပ်က အပြင်ထွက်လာတဲ့ ကိုးကန့်၂ ယောက်လည်း ရထားတယ်ကြားတယ်။ ကိုးကန့်တွေကို အကုန်ထွက်ခိုင်းနေတယ်။ စိန်ကျော့၊ ဟန်နား ကားလမ်းမ

မဲခေါင်၊ ဧပြီ ၃၀

ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း  SSPP နှင့် MNDAA တို့ နယ်မြေပဋိပက္ခ ဆက်လက်ဖြစ်ပြီပွားနေပြီး စိန်ကျော့နှင့် ဟန်နားသို့ ဝင်လာသည့် ကိုးကန့်တပ်ဖွဲ့များကို SSPP တပ်ဖွဲ့များက ဝိုင်းပတ်ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ ဧပြီ ၃၀ရက်တွင် သိရသည်။

ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ဆုတ်ခွာသွားရသည့် SSPP တပ်များက စိန်ကျော့နေရာတွင်ဝင်နေသည့် MNDAA တပ်များကို ပြန်လည်ဝိုင်းထားနေကြောင်း၊ နယ်ကျော်ပါက ပစ်မိန့်ပေးထားသည်ဟုကြားရပြီး တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“စိန်ကျော့တပ်က အပြင်ထွက်လာတဲ့ ကိုးကန့်၂ ယောက်လည်း ရထားတယ်ကြားတယ်။ ကိုးကန့်တွေကို အကုန်ထွက်ခိုင်းနေတယ်။ စိန်ကျော့၊ ဟန်နား ကားလမ်းမ တောင်ဘက်ခြမ်းက နေသတ်မှတ်ထားတဲ့ နယ်တွေကနေကျော်လာရင် အကုန်ရှင်းထုတ်ဖို့ အမိန့်ပေးထားတယ်လည်း ကြားတယ်။ တောင်ပေါ်တွေမှာလည်း SSPP တွေ အများကြီးရှိနေပြီ” ဟု ၎င်းက ပြောသည်။

စိန်ကျော့မှာ သီပေါ-မိုင်းရယ်သွားလမ်းပေါ်တွင် တည်ရှိပြီး ဟန်နားကမူသီပေါ-လားရိူးလမ်းပေါ်တွင် တည်ရှိသည်။

လက်ရှိအခြေအနေအရ နှစ်ဘက်တပ်များ အင်အားထောင်ချီ စုဝေးနေကာ စစ်ရေးပဋိပက္ခတင်း မာနေသည်ကို FPNCC အဖွဲ့ဝင်မဟာမိတ်အချင်းချင်း ပြေလည်စွာဖြေရှင်းကြရေး ဒေသခံလူထုက လိုလားနေသည်။

ယမန်နေ့ ဧပြီလ ၂၉ ရက်၊ နံနက်ပိုင်းတွင် ကိုးကန့် MNDAA မှ နမ္မကျေးရွာအုပ်စုရှိ နမ္မကျောက် မီးသွေးတွင်းမှ SSPP တပ်သားများကို လာရောက်မောင်းထုတ်ခဲ့ရာမှ မော်နားကွန့်၊ နမ့်ပေါင်၊ နန်းဖ၊ကျောင်းမိုင်၊ တိုင်းဟိုင်း၊ ဝမ်ဆန့်နှင့် ဆောင်ကြဲရှိ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင် နေကြရကြောင်းသိရသည်။

SSPP ကမူ ယနေ့ရက်စွဲဖြင့် ယင်းဖြစ်စဥ်များ အပေါ် ထုတ်ပြန်လာရာ စစ်ရေးထိတွေ့မှု ၈ကြိမ် ဖြစ်ပွားခဲ့ပြီး ရုန်းရင်းဆန်ခတ် ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးမှု ၂၄နေရာတွင် ဖြစ်ပွားခဲ့ကြောင်း၊ ဗဟိုအဆင့် ၂ ဘက် ညှိနှိုင်းမည်ဟု ပါရှိသည်။

MNDAA ဘက်ကမူ မည်သည့် ထုတ်ပြန်ချက်မျှထုတ်ပြန်လာခြင်း မရှိသေးပေ။

လက်ရှိ MNDAA ထိန်းချုပ်လိုက်သည့် စိန်ကျော့ပြည်သူ့စစ် ဌာနချုပ်သည် ၂၀၁၀ ခုနှစ် မတိုင်မီအချိန်ထိ ဥက္ကဋ္ဌစဝ်လွယ်မောဝ် ဦးဆောင်သည့် SSPP၏ ယခင် ဌာနချုပ်ဟောင်း ဖြစ်ခဲ့ဖူးပြီး ယမန် နှစ် ၂၀၂၄ စက်တင်ဘာလ ၅ ရက်တွင် ယခင် SSPP မိုင်းခေးတပ်မဟာ (၃) မှ စစ်အင်အား ၁၀၀၀ခန့်နှင့် ပူးပေါင်းကာ မူရင်း SSPP/SSA ထံ ပြန်လည် ပူးပေါင်းခဲ့သည်။

#MeKongNews
#SSPP
#MNDAA
#စိန်ကျော့
#သီပေါ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now