နေ့စဥ်သတင်း

လားရှိူးမြို့ထဲ စစ်ကောင်စီဌာနဆိုင်ရာများ စတင်ဝင်ရောက်

မဲခေါင် 18 Apr - 2025
မဲခေါင်၊ ဧပြီ ၁၈ MNDAA တပ်၏ အထူးဒေသ (၁) အဖြစ် အုပ်ချုပ်ခဲ့သော လားရှိူးမြို့အုပ်ချုပ်ရေးပိုင်းကို လွှဲပြောင်းရယူမည့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ ယနေ့ ဧပြီလ ၁၈ ရက်တွင် စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအချို့ မိုင်းရယ်၊ နမ့်ပေါင်ဘက်မှ အိမ်စီးကား အစင်းရေ ၂၀ ကျော်ဖြင့် ဧပြီလ ၁၈ ရက် ယနေ့နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ မပါဝင်သေးကြောင်း၊ လုံခြုံရေးကို UWSA “ဝ”တပ်ဖွဲ့ ရယူပေးထားကြောင်း ဒေသခံတဦးက မဲခေါင်ကိုပြောသည်။ “တပ်မပါဘူး၊ ဌာနစုံ ဒီနေ့မှတရားဝင် ဝင်လာတာ။ “ဝ”တပ်က ဘေးဝန်းကျင်က လုံခြုံ​ရေးပေးတယ်။ ပေါ်ပေါ်ထင်ထင်တော့မဟုတ်၊

မဲခေါင်၊ ဧပြီ ၁၈

MNDAA တပ်၏ အထူးဒေသ (၁) အဖြစ် အုပ်ချုပ်ခဲ့သော လားရှိူးမြို့အုပ်ချုပ်ရေးပိုင်းကို လွှဲပြောင်းရယူမည့် စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ ယနေ့ ဧပြီလ ၁၈ ရက်တွင် စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းအချို့ မိုင်းရယ်၊ နမ့်ပေါင်ဘက်မှ အိမ်စီးကား အစင်းရေ ၂၀ ကျော်ဖြင့် ဧပြီလ ၁၈ ရက် ယနေ့နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ မပါဝင်သေးကြောင်း၊ လုံခြုံရေးကို UWSA “ဝ”တပ်ဖွဲ့ ရယူပေးထားကြောင်း ဒေသခံတဦးက မဲခေါင်ကိုပြောသည်။

“တပ်မပါဘူး၊ ဌာနစုံ ဒီနေ့မှတရားဝင် ဝင်လာတာ။ “ဝ”တပ်က ဘေးဝန်းကျင်က လုံခြုံ​ရေးပေးတယ်။ ပေါ်ပေါ်ထင်ထင်တော့မဟုတ်၊ အိမ်စီးကား ၂၀ ကျော်တယ်” ဟု ၎င်းကဆိုသည်။

လားရှိုးမြို့အဝင်အထွက်လမ်းများ ပိတ်ထားခဲ့ခြင်းမှာ ဧပြီလ ၁၈ ရက်မတိုင်ခင် ရက်ပိုင်းတွင် စစ်ကောင်စီဘက်မှ အရပ်ဝတ်များဖြင့် ဝင်ရောက်လာမှုမရှိစေရေးအတွက် MNDAA တပ်မှ မြို့ဝင်မြို့ထွက်များကို ခေတ္တပိတ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြန်ဖွင့်ပြီဖြစ်ကြောင်း MNDAA စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

“လားရှိုးက အခုတော့ စစ်တပ်တော့ ဝင်မလာသေးဘူး။ လောလောဆယ်တော့ ပြန်ဖွင့်ထားတယ်။ ဒီနေ့အဖွဲ့တစ်ဖွဲ့ရောက်မယ်လို့တော့ ကြားထားပါတယ်။ ဘယ်အဖွဲ့ဆိုတာတော့ မသိသေးဘူး” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်ဝင်ရောက်လာသည့်အတွက် ဒေသခံများအကြားဝေဖန်မှုများရှိနေပြီး ယခုရက်ပိုင်းအတွင်း လူငယ်အချို့နှင့်နိုင်ကျဉ်းများ CDM ဝန်ထမ်းများ လားရှိုးမြို့က ထွက်ခွာခဲ့ကြသည်။

ယခုဝင်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့သည် မည်သည့်ဌာနမှဖြစ်ကြောင်း မဲခေါင်မှ အတည်ပြုနေဆဲ ဖြစ်သည်။

လားရှိုးမြို့မှ ဧပြီလ ၂၂ ရက်နေ့နောက်ဆုံးထားကာ MNDAA တပ်များ လားရှိုးမြို့ပေါ်မှ ဆုတ်ခွာရမည်ဖြစ်ပြီး မြို့ပေါ် ၁၂ ရပ်ကွက်ကို စစ်ကောင်စီအုပ်ချုပ်ရေး လည်ပတ်သွားမည်ဖြစ်ကြောင်း၊ MNDAA တပ်များကမူ မြို့ပြင်ပတ်လည်တွင်ရှိနေမည်ဖြစ်ကြောင်း မဲခေါင်သတင်းဌာနက စုံစမ်းသိထားရသည်။

လားရှိုးမြို့ကို ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း ၂၀၂၄ သြဂုတ်လဆန်းအတွင်း MNDAA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ၊ ညီနောင်မဟာမိတ်တပ်များမှ သိမ်းပိုက်နိုင်ခဲ့ကာ MNDAA အုပ်ချုပ်ရေးလည်ပတ်ခဲ့ပြီး ထိန်းချုပ်ကာလ ၈ လကျော်အကြာတွင် ပြန်လည်ဆုတ်ခွာခဲ့ရခြင်း ဖြစ်သည်။

ထိုသို့ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာပေးရခြင်းမှာ တရုတ်အစိုးရ၏ ဖိအားများစွာပါဝင်နေပြီး ယင်းအပေါ် ပြည်သူအများစုက နှစ်ခြိုက်ခြင်းမရှိဘဲ ဝေဖန်နေကြသည်။

လားရှိုးမြို့သည် စစ်ကောင်စီတပ်၏ တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ ရှမ်းပြည်မြောက်ပိုင်း၏ မြို့တော်ဖြစ်ပြီး လားရှိုးမြို့ကိုသိမ်းပိုက်ရရှိစဉ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေးနှင့် တိုင်းဦးစီးမှူး ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့ကို MNDAA မှ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ဖေဖော်ဝါရီလထဲတွင် ဗိုလ်မှူးချုပ်သန့်ထင်စိုးကို ပြန်လွှတ်ပေးခဲ့သည်။

ဂနိုက်
#MeKongNews
#လားရှိုး
#MNDAA
#စစ်ကောင်စီ
#အုပ်ချုပ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now