မဲခေါင်၊ ဧပြီ ၁၇
ယနေ့ မြန်မာနှစ်ဆန်းတရက်နေ့တွင် စစ်ကောင်စီက မြန်မာနိုင်ငံသား အကျဥ်းသား ၄၈၉၃ ဦးလွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း ကြေညာသည်။
လွတ်ငြိမ်းသက်သာခွင့်တွင် အကျဥ်းထောင်များအပါအဝင် ကုန်ထုတ်အလုပ်ကြမ်းစခန်းများမှလည်း လွတ်မြောက်ကြသူများပါဝင်ကြောင်း အထက်မြန်မာနိုင်ငံ နိုင်ကျဥ်းဟောင်းများထံက သိရသည်။
မန္တလေး အိုးဘိုထောင်၊ မိတ္ထီလာ၊ ရမည်းသင်း၊ ညောင်ဦး၊ မြင်းခြံထောင်များမှ စုစုပေါင်း ၆၅၁ဦးလွတ်ခဲ့ကြောင်း ကနဦးသိရသည်။
ကုန်ထုတ်အလုပ်ကြမ်းစခန်းတွေဖြစ်သည့်ကျောက်ဆည် ဘဲလင်း ၁၊ ဘဲလင်း ၂၊ ထုံးဘို ၁ ထုံးဘို ၂၊ ထုံးဘိုအမျိုးသမီးအလုပ်ကြမ်းစခန်း၊ ဘုရားငါးဆူ၊ ၂၄ မိုင်တို့မှ စုစုပေါင်း ၂၀၂ဦး၊ အကျဥ်းထောင်နှင့်ကုန်ထုတ်စခန်း အသီးသီးက အကျဥ်းသားအကျဥ်းသူ ၈၅၃ဦး လွတ်မြောက်ခဲ့သည်ဟု သိရသည်။
ရှမ်းပြည်အရှေ့ပိုင်းရှိ ကျိုင်းတုံအကျဉ်းထောင်မှ အကျဉ်းသား ၇၀ ဦးခန့် လွတ်မြောက်ကြောင်း သိရပြီး ရှမ်းပြည်တောင်ပိုင်းရှိ တောင်လေးလုံးအကျဉ်းထောင်အပါအဝင် အခြားထောင်များနှင့်လွတ်မြောက်သူများအထဲတွင် နိုင်ငံရေးအရကျခံနေရသူမည်မျှ ပါဝင်သည်ကို စုံစမ်းမေးမြန်းဆဲ ဖြစ်သည်။
မဟာ
#MeKongNews
#နှစ်ဆန်းတစ်ရက်နေ့
#လွတ်ငြိမ်း
#အကျဉ်းသား
#နိုင်ကျဉ်း








