မဲခေါင်၊ ဧပြီ ၁၂
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ရိုးရာမပျတ် စတုဒီသာနှင့် လမ်းလျှောက်သင်္ကြန်ပြုလုပ်ရန် ပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ဆောက်လုပ်ထားသည့် သင်္ကြန်မဏ္ဍပ်များအား မဖြိုဖျက်တော့ဘဲ စတုဒီသာမဏ္ဍပ်အဖြစ် ပြောင်းလဲပြီး လမ်းလျှောက်သင်္ကြန်နှင့်အတူ ရိုးရာမပျက် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အင်းလေးမှာ ငလျင်ကြောင့် အခြားနေရာတွေမှာ မျက်ရည်လှိုင်နေတဲ့အချိန် မင်းတို့နဲ့မဆိုင်ဘူးပေါ့ကွာ၊ ဒေသခံတွေထက် ဘောမတွေက ရွပိုးထိုးနေတာ။ ကိုယ်ချင်းစာစိတ်ဆိုတာ လူရဲ့တန်ဘိုးပဲ” ဟု တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေသူတစ်ဦးက ပြောသည်။
တောင်ကြီးမြို့၏ လွှတ်တော်၊ ရုံးပေါင်းစုံ၊ သစ်တောရပ် ဘာဂါဟောက်စ်၊ အိမ်တော်နားလမ်းများတွင် သင်္ကြန်အတွက် ပြင်ဆင်ထားကြောင်း သိရသည်။
လက်ရှိတွင် စစ်ခေါင်းဆောင်နှင့် မိသားစုသည် ငလျင်ဒဏ်သင့် နေပြည်တော်ရှိ ၎င်း၏ လက်အောက်ခံများ၏ သေကြေပျက်စီးမှုများထက် ဟိုပုံး၊ ပင်လုံ၊ ကလောတို့ သို့ သွားရောက်ကာ ထီးတင်ခြင်း၊ တွေ့ဆုံခြင်း၊ ရထားဘူတာရုံသန့်ရှင်းရေးတို့ကိုသာ အလေးထား ပြုလုပ်နေသည်။
မဟာ
#MeKongNews
#တောင်ကြီးမြို့
#သင်္ကြန်
#စစ်ကိုင်းငလျင်
#စတုဒီသာ








