နေ့စဥ်သတင်း

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီ စစ်ကိုင်း၊ မန္တလေးနှင့် ကချင်တွင် ထိုးစစ်ဆင်နေ

မဲခေါင် 3 Apr - 2025
မဲခေါင်၊ ဧပြီ ၃ စစ်ကောင်စီက လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့်တိုက်ပွဲများတွင် ဧပြီ ၂ ရက်မှစတင်ကာ ရက်ပေါင်း ၂၀ အပစ်ရပ်ကြောင်း ဧပြီ ၂ ရက် ညပိုင်းကထုတ်ပြန်ထားသော်လည်း စစ်ကိုင်း​တိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ထိုးစစ်များပြုလုပ်နေသည်။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲကို ဧပြီလ ၃ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်လေယာဉ်က ဗုံးသီး ၃၁ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း လေကြောင်းအသိပေးချန်နယ် NAS(နပ်စ်)က ထုတ်ပြန်ထားသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းနှင့် ၅ ကီလိုမီတာ (၃ ဒဿမ ၁ မိုင်ခန့်) အကွာတွင် စစ်ကောင်စီဘက်မှာ ကြေးနီထုတ်ယူရန် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကြောင့် တော်လှန်ရေးတပ်များ၏

မဲခေါင်၊ ဧပြီ ၃

စစ်ကောင်စီက လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့်တိုက်ပွဲများတွင် ဧပြီ ၂ ရက်မှစတင်ကာ ရက်ပေါင်း ၂၀ အပစ်ရပ်ကြောင်း ဧပြီ ၂ ရက် ညပိုင်းကထုတ်ပြန်ထားသော်လည်း စစ်ကိုင်း​တိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ထိုးစစ်များပြုလုပ်နေသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ထဲကို ဧပြီလ ၃ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်လေယာဉ်က ဗုံးသီး ၃၁ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း လေကြောင်းအသိပေးချန်နယ် NAS(နပ်စ်)က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ ဝမ်ပေါင်ကြေးနီစီမံကိန်းနှင့် ၅ ကီလိုမီတာ (၃ ဒဿမ ၁ မိုင်ခန့်) အကွာတွင် စစ်ကောင်စီဘက်မှာ ကြေးနီထုတ်ယူရန် စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကြောင့် တော်လှန်ရေးတပ်များ၏ ကာကင်းများနှင့် ဧပြီလ ၂ ရက်နေ့ ညပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

“သူတို့ကားတွေနဲ့သယ်ဖို့အတွက် စစ်ကြောင်းထိုးရှင်းတာ အဲ့တာထုံးစံပဲလေ။ မနေ့ညကတည်းက ရှင်းနေကြတာ၊ ပစ်ခတ်နေကြတာ၊ သူတို့ကစစ်ကြောင်းထိုးတော့ ဒီဘက်က ကာကင်းတွေနဲ့ တိုက်ပွဲဖြစ်နေကြတာ” ဟု ဖြစ်စဉ်သိရှိသူ​ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

ယနေ့ ဧပြီလ ၃ ရက်နေ့ နေ့လယ်ပိုင်း ၁၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ထဲသို့ ဗုံးသီး ၃ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုနောက်ဆက်တွဲအား မသိရသေးကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လမြန်ရွာဝန်းကျင်ရှိ စစ်ကောင်စီတပ်များက အပစ်အခတ် ယာယီရပ်ထားသည့် KIA တပ်များရှိရာသို့ ဧပြီလ ၃ ရက် မနက် ၈ နာရီခန့်တွင် လက်နက်ကြီးပစ်ခတ်မှုများနှင့် မြေပြင်ထိုးစစ်များ ပြုလုပ်နေကြောင်း KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ၎င်း၏လူမှုကွန်ရက်တွင် မျှဝေထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ မှ ထိုးစစ် ၂ ပတ် ရပ်ရန်နှင့် မြောက်ပိုင်းညီနောင် ၃ ဖွဲ့တို့မှ တစ်လ၊ ကေအိုင်အိုင်မှ ရက်ပေါင်း ၂၀ အပစ်ရပ်ထားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ကတော့ ရက်ပေါင်း ၂၀ အထိအပစ်ရပ်မည်ဖြစ်​ကြောင်း အသီးသီးထုတ်ပြန်ခဲ့ကြကြီး စတင်တိုက်ခိုက်ပါက ပြန်လည်တိုက်ခိုက်မည်ဖြစ်ကြောင်း တပ်အားလုံး၏ အပစ်ရပ်ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မတ်လ ၂၈ ရက်နေ့တွင်လှုပ်ခတ်ခဲ့သော ၇.၇ ရစ်ချ်တာစကေးရှိ ပြင်းအားမြင့်ငလျင်ကြောင့် မြန်မာနိုင်ငံတဝှမ်းရှိဒေသအသီးသီး၌ ငလျင်ဒဏ်ခံစားခဲ့ရသောကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် တော်လှန်ရေးတပ်အသီးသီးမှအပစ်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီကတော့ နိုင်ငံတကာဖိအားများကြောင့် အပစ်ရပ်ခဲ့ရသည်။

မဲခေါင်သတင်းဌာန၏သတင်းရင်းမြစ်များထံမှ စုဆောင်းရရှိထားသော စာရင်းများအရ စစ်ကောင်စီအပစ်ရပ်ကြောင်း ထုတ်ပြန်သည့် ဧပြီ ၂ ရက် ညပိုင်းမှ စတင်ကာ ဆောဒေသ၊ မိုးကုတ်ဒေသ၊ နောင်ချိုဒေသနှင့် အညာဒေသတို့အား လေကြောင်းဝဲပတ်ပျံဝဲကာ ကင်းထောက်မှုများပြုလုပ်နေသည်။

ဂနိုက်
#MeKongNews
#စစ်ကောင်စီ
#ထိုးစစ်
#အပစ်ရပ်
#စစ်ကိုင်းငလျင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now