မဲခေါင်၊ ဧပြီ ၃
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဧပြီလ ၂ရက်မှ ဧပြီလ ၂၂ရက်အထိ ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲမည်ဟု ထုတ်ပြန်သည်ကို တွေ့ရပြီး KIA အနေဖြင့်လည်း ယင်းရက်များတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် – KIA က ထုတ်ပြန်သည်။
သို့သော် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့ ထုတ်ပြန်ချက် အပိုဒ် (၄)ပါ အချက်အလက်များဖြစ်သည့် အများပြည်သူသွားလာနေသည့် လမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်း၊ ပြည်သူများကို တိုက်ခိုက်ခြင်း၊ လုံခြုံအဖွဲများကို တိုက််ခိုက်ခြင်း၊ တပ်စခန်းများကို တိုက်ခိုက်ခြင်း၊ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်မည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်း မပြုလုပ်ခြင်း စသည့် အချက်အလက်များကို ၎င်းတို့ကိုယ်တိုင်လည်း လိုက်နာရန်လိုအပ်မည်ဖြစ်ကြောင်း KIA က သတိပေးထားသည်။
စစ်ကောင်စီအနေဖြင့် အင်အားစုဆောင်းခြင်းနှင့် ပြင်ဆင်စုဖွဲ့ခြင်းကို မပြုလုပ်ရန်ကို လိုက်နာမည်ဆိုပါက စစ်မှုထမ်းဥပဒေအရ အဓမ္မစစ်သားစုဆောင်းရေးကို နားထားရန်လိုအပ်ကြောင်းလည်း ကျွမ်းကျင်သူများက ထောက်ပြသည်။
#MeKongNews
#KIA
#MyanmarEarthquake
#စစ်ကိုင်းငလျင်
#ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး








