နေ့စဥ်သတင်း

ဘန်ကောက်ပြိုကျအဆောက်အအုံမှ စာရွက်စာတမ်းဝင်ခိုးသူ တရုတ် ၄ ယောက် ဆိုင်းငံ့ထောင်ဒဏ် ၂ လနှင့် ဒဏ်ငွေဘတ် ၆၀၀၀ သာချမှတ်သဖြင့် ဝေဖန်မှုမြင့်တက်

မဲခေါင် 2 Apr - 2025
မဲခေါင်၊ ဧပြီ ၂ ဘန်ကောက်ရှိ ဆောက်လက်စ အထပ် ၃၀ စာရင်းစစ်ရုံးကြီး ပြိုကျအပြီး အရေးပေါ် ကယ်ဆယ်မှုများ လုပ်ဆောင်နေစဉ် ထိုင်းနှင့် ဖက်စပ်တည်ဆောက်သော တရုတ်ကုမ္ပဏီနှင့် ဆက်စပ်သည့် တရုတ်အလုပ်သမား ၄ ဦး ဆိုက်ထဲဝင်လာပြီး စာရွက်စာတမ်းများ ခိုးယူခဲ့ရာ ဧပြီ ၁ ရက်တွင် ဘန်ကောက် မြောက်ပိုင်းခရိုင်တရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ၂ လနှင့် ဒဏ်ကြေး ဘတ် ၆၀၀၀ စီသာ သတ်မှတ်လိုက်ကြောင်း သိရသည်။ တရုတ်အလုပ်သမား ၄ ယောက်သည် ပင်မ တရုတ်ကန်ထရိုက်ကုမ္ပဏီ၏ လက်ခွဲ China Railway Number 10 အဖွဲ့မှဖြစ်ပြီး အပျက်အစီးပုံနောက်ဘက် ကွန်တိန်နာရုံးခန်းတွင်းမှ လုပ်ငန်းခွင်နှင့်ပတ်သက်သည့်

မဲခေါင်၊ ဧပြီ ၂

ဘန်ကောက်ရှိ ဆောက်လက်စ အထပ် ၃၀ စာရင်းစစ်ရုံးကြီး ပြိုကျအပြီး အရေးပေါ် ကယ်ဆယ်မှုများ လုပ်ဆောင်နေစဉ် ထိုင်းနှင့် ဖက်စပ်တည်ဆောက်သော တရုတ်ကုမ္ပဏီနှင့် ဆက်စပ်သည့် တရုတ်အလုပ်သမား ၄ ဦး ဆိုက်ထဲဝင်လာပြီး စာရွက်စာတမ်းများ ခိုးယူခဲ့ရာ ဧပြီ ၁ ရက်တွင် ဘန်ကောက် မြောက်ပိုင်းခရိုင်တရားရုံးက ဆိုင်းငံ့ထောင်ဒဏ် ၂ လနှင့် ဒဏ်ကြေး ဘတ် ၆၀၀၀ စီသာ သတ်မှတ်လိုက်ကြောင်း သိရသည်။

တရုတ်အလုပ်သမား ၄ ယောက်သည် ပင်မ တရုတ်ကန်ထရိုက်ကုမ္ပဏီ၏ လက်ခွဲ China Railway Number 10 အဖွဲ့မှဖြစ်ပြီး အပျက်အစီးပုံနောက်ဘက် ကွန်တိန်နာရုံးခန်းတွင်းမှ လုပ်ငန်းခွင်နှင့်ပတ်သက်သည့် စာရွက်စာတမ်း ၃၂ ခုကို ခိုးယူရာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ကာ တရားရုံးက သေဆုံးသူများနှင့်ပတ်သက်ပြီး အလွန်အရေးပါသည့် စာရွက်စာတမ်းဖျောက်ဖျက်မှုဖြစ်နေသော်လည်း သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျော့ပါးရေးဥပဒေအရသာ ထောင်ဒဏ် ၂ လကိုပင် တစ်နှစ်အတွင်း ဆိုင်းငံ့ချမှတ်ကာ(တစ်နှစ်အတွင်းကောင်းမွန်စွာမနေ၊ ပြစ်ဒဏ်ထပ်တိုးမှ ထောင် ၂ လကျ) ဒဏ်ငွေမှာလည်း ဘတ် ၆၀၀၀ သာချမှတ်သဖြင့် မေးခွန်းထုတ်ရန်ပင်မလိုသော ထိုင်းဥပဒေဟု Khaosod မီဒီယာသတင်း Comment များတွင် ဝေဖန်ရေးသားနေကြသည်။

ယင်းရေးသားမှုများတွင် အမေရိကန်စစ်တပ်၏ ဂြိုဟ်တု X Ray ဓာတ်ပုံများအရ ဆိုက်အတွင်း ပိတ်မိနေသူ ၇၄ ဦးတွေ့ရသည်ဟု ဆိုသော်လည်း အခင်းဖြစ်ပွားချိန်မှာ အပြင်ထွက် ထမင်းစားချိန်ကျော်လွန်ပြီး လုပ်ငန်းခွင်ပြန်ဝင်ချိန်ဖြစ်နေသလို အများစုမှာလည်း အပြင်မထွက်ဘဲ ဆိုက်ထဲတွင်သာ စားကြကြောင်း၊ တစ်လွှာလျင် အယောက် ၄၀ နှုန်းဖြင့် တစ်နေ့ ဝန်ထမ်း ၄၀၀ ကျော် အလုပ်ဆင်းနေကြဆိုက်ဒ် ဖြစ်သောကြောင့် အခြေအနေများမှာ မသင်္ကာဖွယ်ရာရှိနေသည်ဟု မှတ်ချက်ရေးသားခဲ့သူလည်း ပါရှိနေသည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#ဘန်ကောက်
#ငလျင်
#စာရင်းစစ်ရုံး
#တရုတ်နိုင်ငံသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now