နေ့စဥ်သတင်း

ရှမ်းအရှေ့အတွက် စက်သုံးဆီတင်သွင်းခွင့် မရသေးတာကြောင့် လောင်စာဆီပြတ်တောက်မည့် အရေးကြုံ

မဲခေါင် 2 Apr - 2025
မဲခေါင် ၊ ဧပြီ ၂ ရှမ်းအရှေ့ပိုင်းအသုံးပြုရန် စက်သုံးလောင်စာဆီအတွက် ပြည်ပမှတင်သွင်းခွင့်လိုင်စင်ကို မရသေးသည့်အတွက် တင်သွင်းမှု အခက်အခဲဖြစ်နေပြီး လောင်စာဆီပြတ်တောက်မည့် အရေးနှင့်ကြုံနေရကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။ စက်သုံးလောင်စာဆီ တင်သွင်းခွင့်လိုင်စင်ကို သက်ဆိုင်ရာ မြို့နယ်၏ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနမှတဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးကိုတင်ကာ ယင်းမှတဆင့် နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီကို တင်ပြပြီးမှသာ တင်သွင်းခွင့်ချထားပေးခြင်းဖြစ်ကြောင်း၊ ရုံးဌာနအဆင့်ဆင့်ကို ဖြတ်ကျော်နေရသည့်အတွက် လိုင်စင်လျှာက်ထားမှု ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။​ “ပါမစ်က ပြီးခဲ့တဲ့နှစ်(၁၂)လပိုင်းအထိဘဲ ချပေးထားတာ။ နောက်ထပ်ပါမစ်အသစ်တွေက အခုထပ်ထိ မချပေးသေးဘူး။ ရုံးဌာနအဆင့်ဆင့်တင်ပြမှာမှာ ကြန့်ကြာနေတာ။ ဒီအတိုင်းသာ မချပေးရင် ရှမ်းအရှေ့တစ်ခုလုံးအခက်အခဲဖြစ်ပြီး ဆီပြတ်တောက်နိုင်တယ်” ဟု ၎င်းကပြောသည်။ လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်အသီးသီးတွင် အသုံးပြုနေသည့်

မဲခေါင် ၊ ဧပြီ ၂

ရှမ်းအရှေ့ပိုင်းအသုံးပြုရန် စက်သုံးလောင်စာဆီအတွက် ပြည်ပမှတင်သွင်းခွင့်လိုင်စင်ကို မရသေးသည့်အတွက် တင်သွင်းမှု အခက်အခဲဖြစ်နေပြီး လောင်စာဆီပြတ်တောက်မည့် အရေးနှင့်ကြုံနေရကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

စက်သုံးလောင်စာဆီ တင်သွင်းခွင့်လိုင်စင်ကို သက်ဆိုင်ရာ မြို့နယ်၏ ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာနမှတဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးကိုတင်ကာ ယင်းမှတဆင့် နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီကို တင်ပြပြီးမှသာ တင်သွင်းခွင့်ချထားပေးခြင်းဖြစ်ကြောင်း၊ ရုံးဌာနအဆင့်ဆင့်ကို ဖြတ်ကျော်နေရသည့်အတွက် လိုင်စင်လျှာက်ထားမှု ကြန့်ကြာနေရခြင်း ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။​

“ပါမစ်က ပြီးခဲ့တဲ့နှစ်(၁၂)လပိုင်းအထိဘဲ ချပေးထားတာ။ နောက်ထပ်ပါမစ်အသစ်တွေက အခုထပ်ထိ မချပေးသေးဘူး။ ရုံးဌာနအဆင့်ဆင့်တင်ပြမှာမှာ ကြန့်ကြာနေတာ။ ဒီအတိုင်းသာ မချပေးရင် ရှမ်းအရှေ့တစ်ခုလုံးအခက်အခဲဖြစ်ပြီး ဆီပြတ်တောက်နိုင်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်အသီးသီးတွင် အသုံးပြုနေသည့် လောင်စာဆီကို ထိုင်းနိုင်ငံမှ တင်သွင်းခွင့်ပိတ်ပင်ထားသည့်အတွက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတဆင့် လာအိုနိုင်ငံသို့တဆင့်ပို့ဆောင်ပြီး မဲခေါင်မြစ်ကူးကာ တင်သွင်းရောင်းချနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံနယ်စပ်ဒေသများသို့ လောင်စာဆီတင်ပို့ခြင်းကို ကျားဖြန့်ငွေလိမ်ဂိုဏ်းများ နိုမ်နင်းရန်အတွက်ဟု ဆိုသည့် အကြောင်းပြချက်ဖြင့် တရားဝင် ဖြတ်တောက်ခဲ့သည့်အတွက် လောင်စာဆီများ ဈေးနှုန်းတက်ကာ တန်းစီဝယ်ယူခဲ့ရသည်များ ရှိခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်ရှိသည့် မြို့နယ်များအတွက် ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်သို့ လောင်စာဆီ လီတာသန်းချီတင်သွင်းနေခြင်းဖြစ်ပြီး ထိုင်းမှ တရားဝင်တင်သွင်းခွင့် ပိတ်ပြီးနောက်ပိုင်း တာချီလိတ်တွင် စက်သုံးဆီ တစ်လီတာလျှင် ၆ ဘတ်၊ ၇ ဘတ်ခန့် ဈေးတက်သွားပြီး လက်ရှိ ဒီဇယ်တစ်လီတာလျှင် ထိုင်းဘတ် ၃၅ ဘတ်၊ ဓါတ်ဆီတစ်လီတာ ၃၆ ဘတ်ဈေး ရှိကြောင်း သိရသည်။​

#MeKongNews
#လောင်စာဆီ
#လိုင်စင်ပါမစ်
#ရှမ်းအရှေ့
#မဲခေါင်မြစ်
မှတ်ချက် – ပုံဟောင်းဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now