နေ့စဥ်သတင်း

ငလျင်ဘေးသင့် အင်းလေးဒေသ တောင်ဘက်ခြမ်းရွာများကို စစ်ကောင်စီနှင့်PNO ဒရုန်းများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်

မဲခေါင် 1 Apr - 2025
မဲခေါင်၊ ဧပြီ ၁ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသ ငလျင်ဘေးသင့်ဒဏ်ခံနေရချိန်တွင် စစစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က အင်းတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်းများ၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အင်းလေးလူ့အခွင့်အရေးအဖွဲ့က ယမန်နေ့ မတ်လ ၃၁ ရက်က ထုတ်ပြန်ထားသည်။ ယမန်နေ့မတ်လ ၃၁ ရက်နေ့ နံနက် ၆ နာရီမှ ည ၆ နာရီထိ လက်နက်ကြီးနှင့် ဒရုန်း ၈ ကြိမ် ကြဲချတိုက်ခိုက်မှုကြောင့် ရေပူကျေးရွာမှ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။ မတ်လ ၃၀ ရက် ၊ ညနေ ၆ နာရီတွင်လည်း ညောင်ရွှေမြို့နယ်၊

မဲခေါင်၊ ဧပြီ ၁

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေး‌ဒေသ ငလျင်ဘေးသင့်ဒဏ်ခံနေရချိန်တွင် စစစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့က အင်းတောင်ခြမ်းရှိ ကျေးရွာများကို ဒရုန်းများ၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အင်းလေးလူ့အခွင့်အရေးအဖွဲ့က ယမန်နေ့ မတ်လ ၃၁ ရက်က ထုတ်ပြန်ထားသည်။

ယမန်နေ့မတ်လ ၃၁ ရက်နေ့ နံနက် ၆ နာရီမှ ည ၆ နာရီထိ လက်နက်ကြီးနှင့် ဒရုန်း ၈ ကြိမ် ကြဲချတိုက်ခိုက်မှုကြောင့် ရေပူကျေးရွာမှ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

မတ်လ ၃၀ ရက် ၊ ညနေ ၆ နာရီတွင်လည်း ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ဖက်ခြမ်းရှိ ဘုရားတောင်၊ လွယ်နွဲ့ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းနှင့် လက်နက်ကြီး ၆ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အင်းလေးဒေသ ကျေးရွာများတွင် ပြည်သူများ ငလျင်ဘေးသင့်ဒဏ်ခံနေရချိန်တွင် စစ်‌ကောင်စီနှင့် PNO တို့က ပြည်သူများကို မကူညီသည့်အပြင် လက်နက်ကြီး၊ ဒရုန်းများဖြင့် အင်းတောင်ခြမ်းရှိ ကျေးရွာ‌များကို နေ့စဥ်လိုလို တိုက်ခိုက်နေကြောင်း ဒေသခံများကပြောသည်။

အင်းလေးဒေသ ရေပေါ်ကျေးရွာ ၁၉ ရွာတွင် ယမန်နေ့ထိ ငလျင်ကြောင့် သေဆုံးသူ ၁၀၀ ဦးခန့်ရှိပြီဖြစ်ပြီး အိမ်ခြေပေါင်း ၂၄၀၀ ခန့် ပျက်စီးခဲ့ရသည်။

နိုင်ငံအဝှမ်း ငလျင်ဒဏ်ကြုံနေရချိန်တွင် စစ်ကောင်စီက ရှမ်းပြည် အပါအဝင် ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်း တို့တွင် ဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်‌နေသည်။

မဟာ
#MeKongNews
#MyanmarEarthquake
#စစ်ကိုင်းငလျင်
#လေကြောင်းတိုက်ခိုက်
#ဒရုန်း
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now