နေ့စဥ်သတင်း

မိုးကုတ်ပကဖ အခြေခံစစ်သင်တန်း အပတ်စဉ် ၅ သင်တန်းဆင်း

မဲခေါင် 20 Mar - 2025
မဲခေါင်၊ မတ် ၂၀ အမျိုးသမီးတပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၃၀၀ ကျော်ပါဝင်သည့် မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးကုတ်ပကဖ) အခြေခံစစ်သင်တန်းအပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ထိန်းချုပ်နယ်မြေတနေရာတွင် ယခုလ ၁၅ ရက်နေ့ ပြုလုပ်ကြောင်း ထုတ်ပြန်သည်။ ယနေ့ မတ်လ ၂၈ ရက်တွင် ထုတ်ပြန်သည့် အပတ်စဉ် ၅ သင်တန်းဆင်းပွဲတွင် အသက် ၁၈ နှစ်ဝန်းကျင်မှ ၄၀ နှစ်အထိ တိုင်းရင်းသားလူမျိုးပေါင်းစုံ အင်အား ၃၀၀ ကျော်ပါဝင်ပြီး စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့မှ သင်တန်းသားများ တက်ရောက်ကြောင်း မိုးကုတ်ပကဖ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ “မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖြစ်တဲ့အတွက် မြို့နယ်ကာကွယ်ရေးကိုတော့ ဦးတည်ပါတယ်။

မဲခေါင်၊ မတ် ၂၀

အမျိုးသမီးတပ်ဖွဲ့ဝင်များ အပါအဝင် အင်အား ၃၀၀ ကျော်ပါဝင်သည့် မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မိုးကုတ်ပကဖ) အခြေခံစစ်သင်တန်းအပတ်စဉ် ၅ သင်တန်းဆင်းပွဲကို ထိန်းချုပ်နယ်မြေတနေရာတွင် ယခုလ ၁၅ ရက်နေ့ ပြုလုပ်ကြောင်း ထုတ်ပြန်သည်။

ယနေ့ မတ်လ ၂၈ ရက်တွင် ထုတ်ပြန်သည့် အပတ်စဉ် ၅ သင်တန်းဆင်းပွဲတွင် အသက် ၁၈ နှစ်ဝန်းကျင်မှ ၄၀ နှစ်အထိ တိုင်းရင်းသားလူမျိုးပေါင်းစုံ အင်အား ၃၀၀ ကျော်ပါဝင်ပြီး စဉ့်ကူးမြို့နယ်၊ မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်တို့မှ သင်တန်းသားများ တက်ရောက်ကြောင်း မိုးကုတ်ပကဖ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

“မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖြစ်တဲ့အတွက် မြို့နယ်ကာကွယ်ရေးကိုတော့ ဦးတည်ပါတယ်။ သို့ပေမယ့် မိုးကုတ်မြို့ရဲ့ ပထဝီနိုင်ငံရေးအခြေနေအရ ကျနော်တို့သည် မိုးကုတ်မြို့နယ်ကာကွယ်ရေးမှာ ပါဝင်ခွင့်ရမထားတဲ့အတွက် တိုက်ခိုက်ရေးအတွက်ရည်ရွယ်ပြီး ပေးထားတဲ့သင်တန်းပါဗျ” ဟု ၎င်းက ပြောသည်။

သင်တန်းတွင် အမိန့်နာခံတက်မှု၊ စည်းကမ်းသေဝပ်မှု၊ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းမှုဆိုင်ရာ​လေ့ကျင့်ခန်းများ၊ စစ်ရေးအခြေခံ၊ တပ်စိတ်အလိုက် လှုပ်ရှားသွားလာခြင်းဆိုင်ရာလေ့ကျင့်ခန်းများ၊ လက်နက်ငယ်ပိုင်းဆိုင်ရာမှု၊ နိုင်ငံရေးပိုင်းဆိုင်ရာအခြေခံစစ်သားတိုင်း သိထားသင်ကြားတက်မြောက်သင့်တဲ့ ပညာရပ်များ၊ ပြည်သူလူထုနှင့် ဆက်ဆံပုံများအား ထည့်သွင်းသင်ကြားပေးခဲ့ပြီး သင်တန်းကာလ ၃ လ ကြာမြင့်ခဲ့သည်ဟု ဆိုသည်။

သင်တန်းတွင်း အမျိုးသမီးများပါ တက်ရောက်ခဲ့ကြပြီး သင်တန်းသားအားလုံး၏ ကျရာတော်လှန်ရေးတာဝန် ထမ်းဆောင်ချင်စိတ်ပေါ် မူတည်ပြီး လက်ခံခဲ့ကြောင်း သိရသည်။

“အမျိုးသမီးတွေကတော့ သင်တန်းမှာပါလာတာကတော့ ကျနော်တို့က အမျိုးသမီးတွေရဲ့ တော်လှန်ရေးအပေါ် ပါဝင်မှုကိုလည်း အလေးထားရပါတယ်ဗျ။ တစ်ချို့ ၄၀ အရွယ်တွေ ဘာလို့ပါလာလဲ ဆိုတာကတော့ သူတို့ရဲ့စိတ်အားထက်သန်မှုအရ ကျနော်တို့ လက်ခံပေးခဲ့တာပါ” ဟု မိုးကုတ်ပကဖ ပြောခွင့်ရသူက ဆိုသည်။

မိုးကုတ်ပကဖသည် TNLA မှဖွဲ့စည်းမည့်မြို့စောင့်တပ်နှင့် တူညီခြင်းမရှိဘဲ ​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားမှုနှင့် အပြည့်အဝရပ်တည်သည့် ပကဖဖြစ်ပြီး ခရိုင်၊ တိုင်း၊ ဗဟို အဆင့်ဆင့် ထိန်းချုပ်မှုဖြင့် ရပ်တည်နေသည်ဟု မိုးကုတ်မြို့နယ် ပကဖပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

သင်တန်းဆင်းပွဲတွင် မိုးကုတ်မြို့နယ် ပကဖ တာဝန်ခံမှ သင်တန်းဆင်းအမှာစကား ပြောကြားခြင်းနှင့် ပြည်သူ့တော်လှန်ရေးအလံတော်ကိုင် သစ္စာဆိုခြင်း၊ သွေးသစ္စာသီချင်း သံပြိုင်သီဆိုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ယခုလအစပိုင်းတွင် TNLA မှ မြို့စောင့်တပ်ဖွဲ့စည်းရန် စစ်သားစုဆောင်းရန် မိုးကုတ်မြို့ရပ်မိဖရပ်ဖများနှင့် ရပ်ကွက်လူကြီးများအား အကြောင်းကြားခဲ့သည်လည်း ရှိခဲ့သည်။

မိုးကုတ်မြို့သည် ၁၀၂၇ စစ်ဆင်းရေးအတွင်း TNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ သိမ်းပိုက်ခဲ့ပြီး လက်ရှိတွင် TNLA ၏ မြို့အုပ်ချုပ်ရေးနဲ့ အဓိကလည်ပတ်နေသည်။

ဂနိုက်
#MeKongNews
#မိုးကုတ်ပကဖ
#NUG
#တော်လှန်ရေး
#TNLA
ဓာတ်ပုံ – ပေးပို့ (မိုးကုတ်ပကဖသင်တန်းဆင်းပွဲမြင်ကွင်း)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now