နေ့စဥ်သတင်း

မိုးကုတ်ကို ထိန်းချုပ်ထားသည့် အာဏာပိုင် TNLA အနေဖြင့် သတ္တုတူးဖေါ်ရေးတွင် ဒေသတွင်း ပြည်သူ့ကို ရှေ့ရှု့ရန် ဒေသခံများခံများလိုလား

မဲခေါင် 19 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁၉ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် သတ္တု တူးဖေါ်ရေး ဒေသတွင်း ပြည်သူကိုလုပ်ပိုင်ခွင့်ပေးရန်နှင့် မြို့နေလူထုကို မျက်နှာမူကြရန် မိုးကုတ်မြို့ခံများနှင့် TNLA စစ်ဘက်သတင်းရင်းမြစ်များက မဲခေါင်ကိုပြောသည်။ မိုးကုတ်ဒေသကို စစ်ကောင်စီထိန်းချုပ်စဉ်က တူးဖော်မှု ပိတ်ပင်တားဆီးထားသည့် ဂေါက်ကွင်းနေရာများ၊ ဘော်ဗဒါန်းနေရာများကဲ့သို့ ကျောက်မျက်ရတနာတွင်းများကို TNLA မှ ဦးဆောင်ကာ ဝ၊ ကိုးကန့်တပ်နှင့် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီများကို ခေါ်ယူကာ တူးဖော်ခွင့်ပေးထားသည်။ ဒေသခံများကို တူးဖေါ်ခွင့်အတွက် ကနဦးကလျှောက်လွှာတင်ခွင့်ရသော်လည်း ယခုနောက်ပိုင်းတွင် လျှောက်ထားခွင့်ပါ ရပ်ဆိုင်းထားသလို တူးဖေါ်ခွင့်ရရှိထားသည့် ဒေသခံသတ္တုတူးဖေါ်ရေး စည်းမျဉ်းသည် တူးဖေါ်ရရှိသည့် သတ္တုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို အခွန်အဖြစ် TNLA ကရယူသည့်အပြင် တွင်းဝခွန်လည်း ပေးဆောင်ရကြောင်း တူးဖေါ်ရရှိသည့်

မဲခေါင်၊ ဖေဖော်ဝါရီ ၁၉

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် သတ္တု တူးဖေါ်ရေး ဒေသတွင်း ပြည်သူကိုလုပ်ပိုင်ခွင့်ပေးရန်နှင့် မြို့နေလူထုကို မျက်နှာမူကြရန် မိုးကုတ်မြို့ခံများနှင့် TNLA စစ်ဘက်သတင်းရင်းမြစ်များက မဲခေါင်ကိုပြောသည်။

မိုးကုတ်ဒေသကို စစ်ကောင်စီထိန်းချုပ်စဉ်က တူးဖော်မှု ပိတ်ပင်တားဆီးထားသည့် ဂေါက်ကွင်းနေရာများ၊ ဘော်ဗဒါန်းနေရာများကဲ့သို့ ကျောက်မျက်ရတနာတွင်းများကို TNLA မှ ဦးဆောင်ကာ ဝ၊ ကိုးကန့်တပ်နှင့် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီများကို ခေါ်ယူကာ တူးဖော်ခွင့်ပေးထားသည်။

ဒေသခံများကို တူးဖေါ်ခွင့်အတွက် ကနဦးကလျှောက်လွှာတင်ခွင့်ရသော်လည်း ယခုနောက်ပိုင်းတွင် လျှောက်ထားခွင့်ပါ ရပ်ဆိုင်းထားသလို တူးဖေါ်ခွင့်ရရှိထားသည့် ဒေသခံသတ္တုတူးဖေါ်ရေး စည်းမျဉ်းသည် တူးဖေါ်ရရှိသည့် သတ္တုတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို အခွန်အဖြစ် TNLA ကရယူသည့်အပြင် တွင်းဝခွန်လည်း ပေးဆောင်ရကြောင်း တူးဖေါ်ရရှိသည့် သတ္တုကိုလည်း ကျောက်မျက်ကော်မတီရုံး၌ လေလံတင်ရောင်းချပေးရသည်အထိ တင်းကြပ်သည်ဟု ဒေသခံက ပြောသည်။

“TNLA ဘက်ကနေပြီးတော့ ခုလက်ရှိ ထိန်းချုပ်ထားတဲ့ မိုးကုတ်ကနေ ကျောက်မျက်တူးဖော်ခွင့်တွေပေးတဲ့ Give and take သဘောမျိုးပါပဲဗျ” ဟု TNLA နှင့်နီးစစ်သည့် သတင်းရင်းမြစ်က ဆိုသည်။

ပတ္တမြား၊ နီလာ အပါအဝင် ဥဿဖယား၊ ဂေါ်မိတ်၊ ပြောင်ဂေါင်းစိမ်း၊ အညံ့ရောင်စုံစသည့် တွင်းထွက်ရတနာများကို TNLA ပါဝင်သည့် ကျောက်မျက်ကော်မတီခွင့်ပြုချက်ဖြင့် ဝ၊ ကိုးကန့်တပ်နှင့် တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီများက တူးဖေါ်နေခြင်းဖြစ်သည်။

လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် အဖွဲ့အစည်းရေရှည်ရပ်တည်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းဖြစ်သော သယံဇာတ တူးဖော်နေခြင်းကို အပြစ်မပြောလိုပေမဲ့ ပြည်သူကိုမျက်နှာမူသင့်ကြောင်းနှင့် ၁၀၂၇ စစ်ဆင်ရေးလှိုင်းတွင် မြို့များသိမ်းပိုက်ထိန်းချုပ်နိုင်ပြီး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်လာခြင်းသည် ပြည်သူပါဝင်မှုက အဓိကဖြစ်ကြောင်း မိုးကုတ် PDF နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “ငါတို့သိမ်းထားပေးလို့ ဒီမြို့ကို ငါတို့စိတ်ကြိုက်စီစဉ်မယ်၊ မင်းတို့ပြည်သူတွေ ဘာသံမှမထွက်နဲ့ ဆိုပြီးတော့ အာဏာရှင်ဆန်နေမယ်ဆိုရင် ဘယ်ပြည်သူကမှ လက်ခံမှာ မဟုတ်ဘူး၊ ပြည်သူကို ဦးတည်ပါ၊ ပြည်သူ့အကျိုးကို ရှေ့ရှုပါ၊ ပြည်သူအတွက် အလုပ်ကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်ပါ၊ ဖန်တီးပေးပါ၊ မိမိအဖွဲ့ အကျိုးအမြတ်အတွက်လည်း လုပ်သင့်သလောက်လုပ်ပါ လို့ပဲ ပြောချင်တယ်ဗျာ” ဟု သူကဆိုသည်။

TNLA ၏ ကျောက်တူးဖော်ခွင့်အခွန်နှုန်းထားနှင့် တူးဖေါ်ရန်နေရာမပေးခြင်းများကြောင့် မြို့ခံကျောက်တူးဖော်သူများအနေဖြင့် စက်များရောင်းချကာ မြို့မှထွက်ခြင်းများရှိနေပြီး စစ်ကောင်စီဗုံးကြဲသည့် နေရာများသည် TNLA ကျောက်တူးဖေါ်ရာ လုပ်ကွက်များဖြစ်သည်။

မိုးကုတ်မြို့၌ နေရာမလပ်ကျောက်တူးဖော်မှုကြောင့် လေကြောင်းအန္တရာယ်စိုးရိမ်ရသည့်အပြင် သဘာဝအေန္တရာယ်များပါ ကျရောက်နိုင်ချေရှိတာကြောင့် ဒေသခံများ စိုးရိမ်နေကြသည်။

“အခုကမြေရှိသမျှ မုန့်ညှင်းခင်းပါမကျန် တူးကြတာ၊ ဒီမိုးတွင်းတော့ စောင့်ကြည့်ရမယ်၊ ဒီမိုးတွင်းမှာ ကမ်းဘားရံတို့ ဘာတို့က မြေပြိုမှုတွေဖြစ်လာနိုင်တယ်၊ ဒီရက်ပိုင်းလေယာဉ်ကဆက်တိုက်ဝဲနေတာ နိမ့်နိမ့်လေး အိမ်ပေါ်ကနေ၊ သူတို့နေရာတွေကို ထောက်လား ဘာလားတော့ မသိဘူး၊ ကြဲတော့ ကြဲဦးမယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။

မိုးကုတ်မြို့ သတ္တုတူးဖော်ရေးလုပ်ငန်းများကို TNLA ဗဟိုကော်မတီအဖွဲ့ဝင် တားအုပ်တမောင်း ဆိုသူက ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်သော ကျောက်မျက်ကော်မတီမှ အဓိကဦးဆောင်သည်။

ပြည်သူများအဓိက လုပ်ကိုင်သော အင်တာနက်ဆိုင်ဖွင့်လှစ်ခြင်းလုပ်ငန်းများအားလည်း TNLA က လေကြောင်းရန်အကြောင်းပြကာ ပိတ်သိမ်းထားသဖြင့် ဒေသခံများ ပြင်ပနှင့်အဆက်အသွယ်ပြတ်တောက်နေသလို သတင်းစီးဆင်းမှုလည်း ပြတ်တောက်နေသည်။

မိုးကုတ်မြို့အား ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း TNLA အပါအဝင် ညီနောင်မဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ သိမ်းယူခဲ့ပြီး TNLA ၏အုပ်ချုပ်ရေး အဓိကလည်ပတ်နေသည်။

TNLA ဘက်မှ ထိန်းချုပ်ဒေသများအတွင်း ပြည်သူလူထုအား အချိန်မရွေးတိုင်ကြားနိုင်သော လူထုစင်တာများ ဖွင့်လှစ်ထားသော်လည်း အရေးတယူဆောင်ရွက်ခြင်း မရှိသည့်အပြင် ယခုကျောက်တူးဖော်ခြင်းလုပ်ငန်းများအား ပိုမိုသိနိုင်ရန် TNLA ပြောခွင့်ရပုဂ္ဂိုလ် လွေးယေဦးအား မေးမြန်းရာ အကြောင်းပြန်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီလ ၉ ရက်ကလည်း မိုးကုတ်မြို့က TNLA ကျောက်တူးလုပ်ငန်းများလုပ်ကိုင်ရာ သဲကျောက်ဆောင်ရပ်ကွက်၊ ဝင်ထရံတွင်းရပ်ကွက်၊ ကျော်စတားတွင်းလုပ်ကွက်အတွင်းသို့ စစ်ကောင်စီက ဗုံး ၂၈ လုံးကြဲခဲ့သဖြင့် ဒေသခံ တွင်းလုပ်သား ငါးဦး သေဆုံးခဲ့သည်။

ဂနိုက်
#MeKongNews
#TNLA
#မိုးကုတ်
#ကျောက်မျက်
#သတ္တုတူးဖေါ်ရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now