နေ့စဥ်သတင်း

ယခုလဝက်တွင် ရှမ်းပြည်၌ ကျပ် ၁၁၁ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၊ ထုတ်လုပ်သူကို ဖမ်းဆီးနှိမ်နင်းနိုင်ခြင်း မရှိ

မဲခေါင် 16 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁၆ ရှမ်းပြည်အတွင်း ဖေဖော်ဝါရီလ ၂ ရက်မှ ၁၅ ရက်အထိ လဝက်အတွင်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နှင့်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ကဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် သတင်းမှတ်တမ်းများအရ ကျပ် ၁၁၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိသည်။ ဖေဖော်ဝါရီလ ၁ ရက်တွင် ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့၊ ဝမ်ဟိုင်းဒေသမှ မူးယစ်ဆေးဝါးများအား မန္တလေးမြို့၌ ရောင်းဝယ်ဖောက်ကားနေသော မူးယစ်ဂိုဏ်းဝင် ခုနှစ်ဦးနှင့် ကျပ် ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်၊ဘိန်းအဆီခဲများဖမ်းဆီးရမိသည်။ ဖေဖော်ဝါရီလ ၂ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီး၌ စိုင်းအင်ကျောကနှင့်အိုက်ပျန်းဆိုသူ

မဲခေါင်၊ ဖေဖော်ဝါရီ ၁၆

ရှမ်းပြည်အတွင်း ဖေဖော်ဝါရီလ ၂ ရက်မှ ၁၅ ရက်အထိ လဝက်အတွင်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နှင့်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ကဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများသည် သတင်းမှတ်တမ်းများအရ ကျပ် ၁၁၁ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိသည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့၊ ဝမ်ဟိုင်းဒေသမှ မူးယစ်ဆေးဝါးများအား မန္တလေးမြို့၌ ရောင်းဝယ်ဖောက်ကားနေသော မူးယစ်ဂိုဏ်းဝင် ခုနှစ်ဦးနှင့် ကျပ် ၇ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၁၁ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၆ သိန်းကျော်၊ဘိန်းအဆီခဲများဖမ်းဆီးရမိသည်။

ဖေဖော်ဝါရီလ ၂ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီး၌ စိုင်းအင်ကျောကနှင့်အိုက်ပျန်းဆိုသူ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ်သိန်း ၂၈၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၀,၀၀၀ ပြားအားဖမ်းမိခဲ့ပြီးနောက် ၎င်းင်း၏ထွက်ဆိုခက်အရ စိုင်းအင်ကျောက်၏ နေအိမ်အတွင်းမှ ကျပ် ၅၆၀၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ဖမ်းဆီးရမိသည်။

ဖေဖော်ဝါရီလ ၂ ရက် ညနေပိုင်းတွင်လည်း ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ဟိုတင့်ကျေးရွာအနီး၌ ရဲရင့်အောင် မောင်းနှင်ပြီး မလှလှမူ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ် သိန်း ၈၀ တန်ဖိူးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ ပြားဖမ်းမိခဲ့သည်။

ဖေဖော်ဝါရီလ ၃ ရက် ၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာအနီး၌ မိုင်းခတ်မှ ကျိုင်းတုံဘက်သို့ စိုင်းလုံဝန်း မောင်းနှင်လာသည့် ကားပေါ်၌ ကျပ်သိန်း ၅,၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၆၂ ကီလိုဖမ်းမိခဲ့ပြီး ကက်တမင်းများအား မိုင်းယန်းမြို့နယ်၊ မိုင်းဖျန်မြို့မှ မြန်မာ – ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်သည်ဟုဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်၊ ညပိုင်း ရှမ်းပြည်တောင်ပိုင်းဘက်မှ မော်လမြိုင်သို့ မောင်းနှင်လာသော ခရီးသည်ယာဉ်ပေါ်၌ လိုက်ပါလာသူ မလှလှရီ၏ လက်ဆွဲအိတ်အတွင်းမှ ကျပ်သိန်း ၄၅၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၀,၀၀၀ ပြားအား ဖမ်းဆီးရမိသည်။

မလှလှရီ၏ထွက်ဆိုချက်အရ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မူးယစ်ဆေးဝါးရောင်းဝယ်ရာ၌ပါဝင်သူ မဟန်နီထွန်း(ခ)ကရင်မ အား ရေတာရှည်မြို့နယ်၊ သာဂရ၊ ဆင်စုရပ်၊ သစ်စက်လမ်းနေအိမ်တွင်ဖမ်းဆီးခဲ့သည်။

ဖေဖော်ဝါရီလ ၆ ရက်တွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ မြဝတီမြို့သို့သယ်ဆောင်ရောင်းဝယ်မည့် ကျပ်သိန်း ၃ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ဒသမ ၉ သိန်း အား သာစည်မြို့ကျွဲတပ်ဆုံဂိတ်နှင့်ဘားအံမြို့ကားကြီးဝင်း၌ ရောင်းဝယ်သူ ခုနှစ်ဦးနှင့်အတူဖမ်းဆီးရမိခဲ့သည်။

ဖေဖော်ဝါရီလ ၉ ရက်၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်အနီး၌ ဇော်ထိုက်(ခ)ကပြား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှကျပ် ၂၈ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၄၀၀၀ပြားအားဖမ်းမိခဲ့ပြီး ဆက်စပ်ဖော်ထုတ်ချက်အရ ၎င်းနေအိမ်တွင် ကျပ်သိန်း ၄၂ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆,၀၀၀ပြားအားဖမ်းမိခဲ့သည်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်၊ ညနေပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေးရှိ မျိုးအောင်(ခ)သားငယ်(ခ)ရှမ်းကုလား ၏ နေအိမ်၌ ကျပ်သိန်း ၉၂၀ တန်ဖိုးရှိ ဆေးပြား ၂၃၀,၀၀၀ ဖမ်းမိပြန်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်၊ ညပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ ၀မ်တာပုံကျေးရွာအနီး မိုင်းခတ်မြို့မှ ကျိုင်းတုံမြို့ဘက်သို့ အိုက်ခမ်းယွန်း မောင်းနှင်ပြီး မနန်းဆိုင်မို လိုက်ပါလာသည့်ကားပေါ်၌ ကျပ်သိန်း ၄၇၅၅ သိန်းတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်) ၁၈ ကီလိုနှင့် ကတ်တမင်း ၃၉ ကီလိုတို့ဖမ်းဆီးရမိသည်။

ဖေဖော်ဝါရီလ ၁၂ ရက်၊ နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ မဟုန်လွယ်ကျေးရွာအနီး တာချီလိတ်မြို့ဘက်မှ မိုင်းဆတ်မြို့ဘက်သို့ အောင်ကျော်စိုး(ခ)အားကျိန်န မောင်းနှင်လာသည့်ကားပေါ်၌ ကျပ်သိန်း ၃၇၂၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား အကြေမှုန့် ၉၃ ကီလိုဖမ်းဆီးရမိခဲ့သည်။

ဖေဖော်ဝါရီလ ၁၂ ရက်၊ ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ကုန်ပုတ်ကျေးရွာနေ အိုက်ထွန်း ၏ နေအိမ်အတွင်းမှ ကျပ်သိန်း ၁၂၅ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၅၀ ဖမ်းဆီးရမိသည်။

အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်တွင်ပင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့နယ် ရပ်ကွက်(၂)တွင် ရွှေအောင်စီးနင်းလာသည့်မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ်သိန်း ၂၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀၀၀ပြားနှင့်၎င်းနေအိမ်မှာ ကျပ်သိန်း ၅၉ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၅၀၀ ပြားနှင့်ဘိန်းဖြူ ၂၀ ဂရမ်ဖမ်းမိသည်။

ဖေဖော်ဝါရီလ ၁၃ ရက်၊ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်တွင် လီထေ့(ခ)လီထောင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်၌ ကျပ်သိန်း ၇၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၀၀၀၀ ပြားအားဖမ်းဆီးရမိခဲ့သည်။

ဖေဖော်ဝါရီလ ၁၃ ရက်၊ ည သန်းခေါင်ယံအချိန်တွင် ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသောခရီးသည်ယာဉ်ပေါ်၌ မောင်ကျော်ဆိုသူ၏ လက်ဆွဲခြင်းအတွင်းမှ ကျပ်သိန်း ၃၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၀၀၀၀ သာစည်မြို့၊ကျွဲတပ်ဆုံဂိတ်တွင်ဖမ်းဆီးရမိသည်။

ဖေဖော်ဝါရီလ ၁၄ ရက်, နံနက်ပိုင်းတွင် ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဝှေလေလန်ကျေးရွာအနီး ၌ ဧလိယဆိုသူနှင့် မလှလှငြိမ်း(ခ)ရိုဇေ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်မှ ကျပ်သိန်း ၁၁၂ သိန်းတန်ဖိုးရှိ၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆,၀၀၀ သိမ်းဆည်းရမိသည်။

မူးယစ်ဆေးဝါးနှင့်အတူဖမ်းဆီးရမိသော ရောင်းဝယ်ဖောက်ကားသူ အသီးသီးအား ဖမ်းမိသောနယ်မြေရဲစခန်းများတွင် ဖမ်းဆီးထားပြီး စိတ်ပြောင်းစေသော ဆေးဝါးဥပဒေနှင့် အရေးယူမည်ဖြစ်ကြောင်း သိရသည်။

မဲခေါင်မှ ပြုစုထားသော စာရင်းများအရ မြန်မာနိုင်ငံဒေသအသီးသီးသို့ ဝင်ရောက်မည့် မူးယစ်ဆေးဝါးများသည် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းမှ အဓိကထွက်ရှိနေပြီး ရောင်းဝယ်သယ်ဆောင်သူများကိုသာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက ဖမ်းဆီးနေသည်။ အဓိကထုတ်လုပ်သူများနှင့် စီမံပေးနေသူများအား ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဂနိုက်
#MeKongNews
#ရှမ်းပြည်
#မူးယစ်ဆေးဝါး
#ယခုလဝက်
#ဖမ်းဆီးရမိ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now