မဲခေါင်၊ ဖေဖေါ်ဝါရီ ၁၃
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ယနေ့(ဖေဖော်ဝါရီ ၁၃) ညနေ ၃ နာရီကျော်တွင် စစ်ကောင်စီက ဗုံးကြဲသဖြင့် ဆေးရုံအပါအဝင် အဆောက်အအုံ လေးခု ထိခိုက်ပျက်စီးခဲ့သည်။
ဗုံးပေါက်ကွဲသဖြင့် ဆေးရုံဟောင်၊ စာသင်ကျောင်း နှင့် လူနေအိမ်နှစ်လုံးပျက်စီးခဲ့သည်။ ယနေ့သည် စာသင်ကျောင်းပိတ်ထားသဖြင့် ကလေးများ ထိခိုက်သေဆုံးမှုဘေးမှ ကင်းဝေးခဲ့သည်။
“ဆေးရုံတွေကို မဲပြီးလိုက်ကြဲနေတာ၊ ဒလန်တွေလည်း ဘယ်လောက်တောင်များနေပြီလဲမသိဘူး၊ IEC က ကဒ်လုပ်ပေးတာလည်း ကောင်းပါတယ်” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီက ယခုနှစ်၊ နှစ်အစကစပြီး ယနေ့အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းနှင့် ဗုံးသီးချ တိုက်ခိုက်ခြင်းများကို ပိုမိုပြုလုပ်နေသည်။
လွန်ခဲ့သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်တွင် အဆိုပါဆေးရုံသည် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုခံခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူနှင့် ဆေးဝါးများလည်း ထိခိုက်ပျက်စီးခဲ့ကာ ယနေ့တွင်လည်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။
ယခုနှစ်၊ ဇန်နဝါရီ တစ်လအတွင်း လေကြောင်းတိုက်ခိုက်မှု ၃၁ ကြိမ်၊ လက်နက်ကြီးနှင့်ပစ်ခတ်မှု အကြိမ် ၃၀ ပစ်ခတ်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် ပြည်သူ ခုနှစ် ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၃၈ လုံး၊ စာသင်ကျောင်း နှစ်ကျောင်း၊ ဘုန်းကြီးကျောင်း ငါးကျောင်း ပျက်စီးခဲ့ရသည်ဟု KNDF က ဖေဖော်ဝါရီလ ၂ ရက်က ထုတ်ပြန်ထားသည်။
မြူနှင်း
#MeKongNews
#ဒီမော့ဆို
#ဗုံးကြဲ
#စာသင်ကျောင်း
#ဆေးရုံဟောင်း








