နေ့စဥ်သတင်း

လူလတ်တန်းစားအထိ ပြန်ပေးဆွဲခံရနေရသည့် မူဆယ်ဒေသခံတချို့  မန္တလေးသို့ ပြောင်းရွှေ့နေထိုင်သူ များပြားလာ

မဲခေါင် 10 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ ပြန်ပေးဆွဲခြင်းနှင့် ခိုးဆိုးလုယက်အပါအဝင် ရာဇဝတ်မှု ပေါများသည့် မူဆယ်မြို့ဒေသခံတချို့ မန္တလေးသို့ ပြောင်းရွှေ့နေထိုင်သူများပြားလာသည်ဟု ဒေသခံများကပြောသည်။ အဓိအားဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည် မူဆယ်မြို့ ပြန်ပေးဆွဲဂိုဏ်းသည် ငွေကြေးချမ်းသာသည့်လူတန်းစားကိုသာဦးခြင်းမဟုတ်ပဲ လူလတ်တန်းစားများအထိပါ ပြန်ပေးဆွဲငွေတောင်းနေသဖြင့် မန္တလေးဘက်ကိုပြောင်းရွှေ့ကြခြင်းဟုဒေသခံကပြောသည်။ ပြီးခဲ့သည့် ရက်ပိုင်းက မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ ဓမ္မာရုံနှင့် နတ်စင်လမ်းထောင့်ရှိ နှစ်ထပ်တိုက်၊ အိမ်ဆိုင်မှ အသက်၁၈နှစ်အရွယ် လူငယ်တစ်ဦးကို ညနေ ၅ နာရီခန့်တွင် Mark2 ကားဖြင့် အိမ်ထဲအထိ ဝင်ရောက်ကာ ပြန်ပေးဆွဲခဲ့ရာ ကျပ်သိန်း ၁၈၀ ပေးပြီး ပြန်ရွေးခဲ့ရသည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ “သိန်း၅၀၀ တောင်းတာ၊ တောင်းတောင်းပန်ပန်နဲ့ ၁၈၀ ပေးရွေးရတယ်၊ ရှိတာလည်း မိန်းမချည်းပဲဆိုတော့
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀
ပြန်ပေးဆွဲခြင်းနှင့် ခိုးဆိုးလုယက်အပါအဝင် ရာဇဝတ်မှု ပေါများသည့် မူဆယ်မြို့ဒေသခံတချို့ မန္တလေးသို့ ပြောင်းရွှေ့နေထိုင်သူများပြားလာသည်ဟု ဒေသခံများကပြောသည်။
အဓိအားဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည် မူဆယ်မြို့ ပြန်ပေးဆွဲဂိုဏ်းသည် ငွေကြေးချမ်းသာသည့်လူတန်းစားကိုသာဦးခြင်းမဟုတ်ပဲ လူလတ်တန်းစားများအထိပါ ပြန်ပေးဆွဲငွေတောင်းနေသဖြင့် မန္တလေးဘက်ကိုပြောင်းရွှေ့ကြခြင်းဟုဒေသခံကပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ ဓမ္မာရုံနှင့် နတ်စင်လမ်းထောင့်ရှိ နှစ်ထပ်တိုက်၊ အိမ်ဆိုင်မှ အသက်၁၈နှစ်အရွယ် လူငယ်တစ်ဦးကို ညနေ ၅ နာရီခန့်တွင် Mark2 ကားဖြင့် အိမ်ထဲအထိ ဝင်ရောက်ကာ ပြန်ပေးဆွဲခဲ့ရာ ကျပ်သိန်း ၁၈၀ ပေးပြီး ပြန်ရွေးခဲ့ရသည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“သိန်း၅၀၀ တောင်းတာ၊ တောင်းတောင်းပန်ပန်နဲ့ ၁၈၀ ပေးရွေးရတယ်၊ ရှိတာလည်း မိန်းမချည်းပဲဆိုတော့ ကလေးပြန်ရရချင်းပဲ အိမ်ကပစ္သည်းအကုန်တင်၊ အိမ်ပိတ်ပြီး မန္တလေးပြေးပြီ” ဟုမဲခေါင်သတင်းဌာနကို ဒီနေ့(ဖေဖော်ဝါရီ၁၀) နံနက်ပိုင်းက ပြောသည်။
ငွေရပြီးနောက်ပြန်ပေးဆွဲခံရသသည့် လူငယ်ကို မြို့လယ် ကမ္ဘောဇဘဏ်(၁) အနီး၌ နေ့လယ်ပိုင်းတွင်ပြန်လွှတ်ပေးခဲ့သည်။
 ယခင်က ပြန်ပေးဆွဲမှုများကို အမှောင်ချိန်များတွင်သာ ကျူးလွန်ကြသော်လည်း ယခုအခါ နေ့အချိန်များတွင်ပင် ကျူးလွန်လာကြသလို ပြန်လွှတ်ရာတွင်လည်း ယခင်က စွမ်စော် သင်္ချိုင်းဘက်ကဲ့သို့ လူအသွားအလာ နည်းပါးသည့်နေရာများတွင်သာ ပြန်လွှတ်လေ့ရှိသော်လည်း ယခုနောက်ပိုင်း မြို့လည်ခေါင်တွင်  ပြန်လွှတ်ပေးသည်အထိ အတင့်ရဲလာကြပြီဖြစ်သဖြင့် ငွေကြေးရှိသူ တချို့မန္တလေးဘက်သို့ ပြောင်းရွှေ့ကြပြီဟု ပြောသည်။
“ မူဆယ်မှာ မနေရဲကြတော့အထိ ဖြစ်လာနေပြီ၊ ရပ်ကွက်ထဲက လူငယ်တွေကတော့ အုပ်စုလိုက်တုန့်ပြန်နိုင်ဖို့ လုပ်လာကြပြီ၊ အုပ်ချုပ်ရေးပိုင်းနဲ့လည်း ပေါင်းထားရတယ်၊ ဖြစ်လာရင် အထောက်အကူဖြစ်ဖို့” ဟု ဟိုနားရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကိုပြောသည်။
လွန်ခဲ့သည့် နှစ်လခန့်က မူဆယ်မြို့၊ တော်ရဃက်ရပ်ကွက်နေသူတစ်ဦးပြန်ပေးဆွဲခံရကာ ကျပ်သိန်းငါးထောင်တောင်းသည်ကို ကျပ်သိန်း၁၈၀၀ ဖြင့်ဈေးညှိ ပြန်ရွေးပြီးနောက် ပြန်လွှတ်ပေးရာတွင် မန်မိုင်ရွာသွားသည့် လမ်းဘေးချောက်ထဲပစ်ချခဲ့သည်။
“ငွေတောင်းတဲ့ပုံစံက ရှေ့တန်းသွားရတော့မှာမလို့ အမြန်ငွေပေးဖို့တောင်းတာမျိုးနဲ့ စစ်တပ်ကပဲ လုပ်သလိုလိုတောင်းတာ”ဟု ပြောသည်။
လက်ရှိ မူဆယ်မြို့၌ ရှမ်းပြည်အရှေ့ပိုင်း ၊ မိုင်းယောင်းအခြေစိုက် ခမရ (၃၃၄)က လုံခြုံရေးယူထားသလို ပြည်သူ့စစ် အဖွဲ့များကို  မြို့မပြည်သူ့စစ်အဖွဲ့ ၁၊ ၂၊ ၃ အဖြစ်ပြန်လည်ဖွဲ့စည်းကာ ပြည်သူ့စစ်များနှင့်အုပ်ချုပ်ရေးပိုင်းမှ မြို့တွင် အေးချမ်းနေသယောင်အားကစားပွဲ၊ နှစ်သစ်ကူးပွဲ၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်နေကြကြောင်း သိရပါသည်။
စစ်ကောင်စီ၊ ရဲနှင့် လုံခြုံရေးအဖွဲ့များစွာရှိနေပေမယ့် ပေါ်ပေါ်ထင်ထင် ကျူးလွန်သနေသည့်  ရာဇဝတ်မှုများကို ထိန်းချုပ်နိုင်ခြင်းမရှိပေ။
မဟာ
#MeKongNews
#မူဆယ်မြို့
#ပြန်ပေးဆွဲဂိုဏ်း
#ပြည်သူ့စစ်
#မန္တလေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now