နေ့စဥ်သတင်း

လိုင်စင်မဲ့ကားရောင်းသည်ဟုဆိုကာ တာချီလိတ်က Car Showroom များကို ဝင်ဖမ်း

မဲခေါင် 3 Feb - 2025
မဲခေါင်၊ ဖေဖော်ဝါရီ ၃ တာချီလိတ်က Car Showroom နှစ်ခုကို ယနေ့ ဖေဖေါ်ဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် ကျိုင်းတုံဌာနဆိုင်ရာအဖွဲ့အစည်းတွေ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေထံမှ သိရသည်။ လိုင်စင်မဲ့ – Without ကားရောင်းချနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အားကစားရုံလမ်းပေါ်ရှိ IC Car Showroom နှင့် ရီဂျီးနား ဂေါက်ကွင်းလမ်းထိပ်ရှိ Car ShowRoom တို့တွင် ရောင်းချရန်ရပ်တန့်ထားသည့် ကားများ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အမှုဖွင့်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “တာချီလိတ်မှာ ဗျူဟာမှူးကအစ လိုင်စင်မဲ့ ကားဝစ်သောက်စီးတာဘဲ။ ဌာနဆိုင်ရာဝန်ထမ်းတွေဆိုရင် အကုန်လုံးနီးပါး ကားဝစ်သောက်တွေစီးတာ၊ ဒါကို ဖမ်းတယ်ဆိုတော့ ဘာပြောရမှန်းမသိဘူး။ အခုတစ်မြို့လုံး ထိတ်လန့်နေကြတာ

မဲခေါင်၊ ဖေဖော်ဝါရီ ၃

တာချီလိတ်က Car Showroom နှစ်ခုကို ယနေ့ ဖေဖေါ်ဝါရီ ၃ ရက်နေ့ ညနေပိုင်းတွင် ကျိုင်းတုံဌာနဆိုင်ရာအဖွဲ့အစည်းတွေ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံတွေထံမှ သိရသည်။

လိုင်စင်မဲ့ – Without ကားရောင်းချနေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် အားကစားရုံလမ်းပေါ်ရှိ IC Car Showroom နှင့် ရီဂျီးနား ဂေါက်ကွင်းလမ်းထိပ်ရှိ Car ShowRoom တို့တွင် ရောင်းချရန်ရပ်တန့်ထားသည့် ကားများ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အမှုဖွင့်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တာချီလိတ်မှာ ဗျူဟာမှူးကအစ လိုင်စင်မဲ့ ကားဝစ်သောက်စီးတာဘဲ။ ဌာနဆိုင်ရာဝန်ထမ်းတွေဆိုရင် အကုန်လုံးနီးပါး ကားဝစ်သောက်တွေစီးတာ၊ ဒါကို ဖမ်းတယ်ဆိုတော့ ဘာပြောရမှန်းမသိဘူး။ အခုတစ်မြို့လုံး ထိတ်လန့်နေကြတာ ဖမ်းရင်လဲ​အကုန်သာဖမ်းပစ်၊ သူတို့ဌာနဆိုင်ရာအများဆုံးဘဲ” လို့ သူကပြောသည်။

တာချီလိတ်တွင် စီးနင်းနေသည့် ကားအားလုံး၏ ၉၅ ရာခိုင်နှုန်းမှာ လိုင်စင်မဲ့များဖြစ်ပြီး သက်ဆိုင်ရာကို လိုင်းကြေးပေးကာ မယ်ခေါင်မြစ်ကမ်းမှတဆင့် သင်္ဘောဖြင့်သွင်းလာခြင်းဖြစ်ကြောင်း၊ တာချီလိတ်မြို့တွင်းသို့ ရောက်ရန် စစ်ဆေးရေးဂိိတ် နှစ်ဂိတ်ကို လိုင်းကြေးပေးသွင်းပြီး ကျော်ဖြတ်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ညနေဖမ်းဆီးမှုကို ကျိုင်းတုံအခြေစိုက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး တာချီလိတ်မြို့ပေါ်မှ အာဏာပိုင်များ သိရရှိခြင်းမရှိကြောင်း ကားအရောင်းအဝယ် အသိုင်းအဝိုင်းမှ စုံစမ်းသိရသည်။

တာချီလိတ်မြို့တွင် ကားအရောင်းပြခန်းပေါင်း ရာနှင့်ချီရှိနေပြီး အများစုမှာ ရေဆေးခုံနှင့် တွဲဖက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ အများစုမှာ စည်ပင်သာယာလုပ်ငန်းလိုင်စင်ဖြင့် ဖွင့်လှစ်ကြသော်လည်း လိုင်စင်မဲ့ကား ရောင်းချမှုများရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“အခုဖမ်းတာ လုံးဝအဓိပ္ပာယ်မရှိဘူး။ ရှမ်းပြည်ထဲမှာပဲကြည့်ကြည့်၊ ရှမ်းအရှေ့မှာပဲကြည့်ကြည့် လူတန်းစားအများစုက လိုင်စင်မဲ့ကားပဲစီးကြရတာ။ အားလုံးခက်ခဲကြပ်တည်းကုန်မယ်” လို့ သူက ပြောပါတယ်။

လိုင်စင်မဲ့ကားများကို ဂျပန်နိုင်ငံမှတစ်ဆင့် လေလံမှာယူကြရှိသလို မဲဆောက်ကနေတစ်ဆင့် ထိုင်းနိုင်ငံ၊ ချင်းဆယ်ဆိပ်ကမ်းကနေ မဲခေါင်မြစ်ကို ဖြတ်ကူးပြီး မြန်မာဘက်ကမ်းရှိ ဦးဇွဲဆိပ်ကမ်း၊ ဟုန်ပန်းဆိပ်ကမ်းနှင့် အခြားဆိပ်ကမ်း ၂ ခုမှ တင်သွင်းကြကြောင်း ဒေသခံများထံမှ သိရသည်။

ထို့သို့တင်သွင်းရာတွင် ဌာနဆိုင်ရာအပါအဝင် အခြေချစစ်ဗျူဟာနှင့် ရဲတပ်ဖွဲ့တို့ကို လိုင်းကြေးပေးပြီး တင်သွင်းလာကြခြင်းဖြစ်သည်။

MK – 004
#MeKongNews
#လိုင်စင်မဲ့ကား
#တာချီလိတ်
#CarShowroom
#မဲခေါင်မြစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now