နေ့စဥ်သတင်း

PNO က ဒေသတွင်းပြည်သူကို အနိုင်ထက်ပြုကျင့်ပြီး လျော်ကြေးတောင်းနေ

မဲခေါင် 28 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၂၈ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ PNO ပြည်သူ့စစ်အဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေကို လက်နက်နဲ့ အနိုင်ထက်ပြုကျင့်ပြီး လျော်ကြေးတောင်းတဲ့ဖြစ်စဉ်တွေ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။ ပင်လောင်းမြို့နယ်၊ ပင်ခွန်ကျေးရွာမှာ လှုပ်ရှားတဲ့ PNO ပြည်သူ့စစ်ရဲ့ ရက်တိုစစ်သင်တန်းဆင်း တပ်ဖွဲ့ဝင်တွေစီးနင်းလာတဲ့ကားကို ဒေသခံလူငယ်တွေစီးနင်းလာတဲ့ကားက ကျော်တက်တာကြောင့် ဒေသခံလူငယ်ရှစ်ဦးနဲ့ ခိုက်ရန်ဖြစ်ပွါးကာ နှစ်ဘက်လုံးဒဏ်ရာရရှိကြပေမယ့် PNO ဘက်က ရွာလူကြီးကိုအကြပ်ကိုင်ကာ လျှော်ကြေးအဖြစ် တစ်ဦးကို ကျပ်ငါးသိန်းတောင်းတယ်လို့ ပြောပါတယ်။ “အဲဒီလို တောင်းတဲ့လျော်ကြေးက ရွာကိုဆေးကြောတာတဲ့၊ မပေးရင် ရွာကနေနှင်ထုတ်မယ်၊ ရွာကနေပယ်မယ်လို့ ရွာသူကြီးကပြောတယ်၊ သူတို့(PNO ပြည်သူ့စစ်)က အဲ့လိုပဲ တစ်ရွာပြီးတစ်ရွာ ပြဿနာလိုက်ရှာနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာယကံရှင့်အဖွဲ့အစည်းဖြစ်တဲ့ PNO ပြည့်သူ့စစ်ရဲ့

မဲခေါင်၊ ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်မှာ PNO ပြည်သူ့စစ်အဖွဲ့ဝင်တွေက ဒေသခံပြည်သူတွေကို လက်နက်နဲ့ အနိုင်ထက်ပြုကျင့်ပြီး လျော်ကြေးတောင်းတဲ့ဖြစ်စဉ်တွေ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

ပင်လောင်းမြို့နယ်၊ ပင်ခွန်ကျေးရွာမှာ လှုပ်ရှားတဲ့ PNO ပြည်သူ့စစ်ရဲ့ ရက်တိုစစ်သင်တန်းဆင်း တပ်ဖွဲ့ဝင်တွေစီးနင်းလာတဲ့ကားကို ဒေသခံလူငယ်တွေစီးနင်းလာတဲ့ကားက ကျော်တက်တာကြောင့် ဒေသခံလူငယ်ရှစ်ဦးနဲ့ ခိုက်ရန်ဖြစ်ပွါးကာ နှစ်ဘက်လုံးဒဏ်ရာရရှိကြပေမယ့် PNO ဘက်က ရွာလူကြီးကိုအကြပ်ကိုင်ကာ လျှော်ကြေးအဖြစ် တစ်ဦးကို ကျပ်ငါးသိန်းတောင်းတယ်လို့ ပြောပါတယ်။

“အဲဒီလို တောင်းတဲ့လျော်ကြေးက ရွာကိုဆေးကြောတာတဲ့၊ မပေးရင် ရွာကနေနှင်ထုတ်မယ်၊ ရွာကနေပယ်မယ်လို့ ရွာသူကြီးကပြောတယ်၊ သူတို့(PNO ပြည်သူ့စစ်)က အဲ့လိုပဲ တစ်ရွာပြီးတစ်ရွာ ပြဿနာလိုက်ရှာနေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာယကံရှင့်အဖွဲ့အစည်းဖြစ်တဲ့ PNO ပြည့်သူ့စစ်ရဲ့ ဖြေရှင်းချက် ရရှိနိုင်ဖို့ မဲခေါင်က ဆက်သွယ်ပေမယ့် ဖုန်းကိုင်ပြီး ပြန်ချသွားပါတယ်။

အခုလိုမျိုးဖြစ်စဉ်တွေဟာ ပင်လောင်းမြို့နယ် ပင်ခွန်မှာတင် ဖြစ်ပွားနေတာမျိုးမဟုတ်ပဲ PNO ပြည်သူ့စစ် လှုပ်ရှားနေတဲ့ အထူးဒေသ(၆)တစ်ခုလုံးမှာ ဖြစ်ပွားနေတာဖြစ်တာလို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ်က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာမှာ အလားတူ ဖြစ်စဉ်မျိုးဖြစ်ပွါးပြီး လူသတ်မှုအထိဖြစ်ခဲ့တယ်လို့ PYO က ပြောပါတယ်။

“အဓိကတော့ အရပ်သားတွေကနေ စစ်ဝတ်စုံဝတ်ပေးလိုက်တာပဲ ရှိတာ၊ စစ်သင်တန်း ၃ ရက် ၅ ရက်ဆိုတာက သေနတ်ဖြုတ်တပ်ပဲ သင်ပေးနိုင်တာ၊ စစ်သားတစ်ယောက်မှာ လေးစားလိုက်နာရမယ့် စည်းမျည်းစည်းကမ်းတွေ ထိန်းသိမ်းရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီးတော့မှ သင်ကြားလေ့ကျင့်ပေးနိုင်တဲ့ အခြေအနေတွေ မရှိဘူး”လို့ PYO တာဝန်ရှိသူက ပြောပါတယ်။

လက်နက်ကိုင်သူတွေအနေနဲ့ လိုက်နာရမယ့် စစ်စည်းမျည်း စည်းကမ်း(Code of conduct) ကို နားမလည်၊ လိုက်နာမှုမရှိတဲ့အပြင် လက်နက်ကိုင်ပြီး ပြစ်မှုကျူးလွန်းသူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်တာမျိုးမရှိတာကလည်း မလိုလားအပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြစ်စေနိုင်တယ်လို့ ပအိုဝ်းအမျိုးသမီးသမဂ္ဂ(PWU) ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အဆိုးဆုံးကတော့ စစ်သင်တန်းကို ဘယ်သူမှမတက်ချင်တာကြောင့် ဘိန်းစား၊ လူမိုက်နဲ့ ဆိုးသွမ်းတဲ့သူတွေကို စစ်သင်တန်းသွားတက်ခိုင်းပြီး လက်နက်တပ်ဆင်ပေးလိုက်တာ” လို့ ပြောပါတယ်။

နိုင်ငံရေးအတွေးအခေါ်နဲ့ ခံယူချက်နည်းပါးသူတွေ လက်နက်ကိုင်ဖြစ်လာရင် လူထုကို ဆန့်ကျင်ရေးလုပ်လေ့ရှိတာကြောင့် တပ်တွေကို စီမံထိန်းကွပ်မှုကောင်းဖို့လိုတယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းက ပြောပါတယ်။

သူက “သူတို့တပ်မှူးတွေကလည်း အာဏာရှင်စရိုက်နဲ့ သူတို့ရဲ့ တပ်တွေကို အုပ်ချုပ်တာတွေ ရှိတယ်၊ အဲဒီလို သူတို့တပ်မှူးတွေရဲ့ လုပ်ဟန်အတိုင်း အောက်ခြေရဲဘော်တွေလည်း လူထုအပေါ်မှာ ပြီးပြန်တော့မှ အနိုင်ကျင့်တာတွေ ပြုမူတာတွေ တွေ့နေရတယ်” လို့ ပြောပါတယ်။

PNO ပြည်သူ့စစ်ဟာ စစ်အင်အားတိုးပွါးရေးအတွက် လူငယ် လူရွယ်တွေကို အဓမ္မစစ်မှုထမ်းဖို့ဖမ်းဆီးတာရှိသလို ရာဇဝတ်မှုကျူးလွန်ထားသူတွေ၊ မူးယစ်ဆေးရောင်းသုံးသူတွေ၊ အသက်မပြည့်သေးတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ရက်တိုသင်တန်းပေးပြီး စစ်မှုထမ်းခိုင်းနေတာလို့ သတင်းတွေဖေါ်ပြကြပါတယ်။

MK-017
#MeKongNews
#PNOပြည်သူ့စစ်
#ခိုက်ရန်ဖြစ်
#လျှော်ကြေးတောင်း
#လက်နက်ကိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now