နေ့စဥ်သတင်း

မြို့ ၊ခရိုင် နဲ့ တပ်မဟာတွေ တိုးချဲ့ဖွဲ့စည်းထားတဲ့ TNLA က တော်လှန်ရေးအောင်ပွဲယူဖို့ အချိန်အခါကောင်းလို့ ကြေညာ

မဲခေါင် 10 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၁၀ တအာင်းတပ်မတော်ကို တပ်မဟာ ၉ ခု အဖြစ် တိုးချဲ့ပြင်ဆင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ မြို့ ၁၈ မြို့ပါဝင်တဲ့ ခရိုင် ၅ ခုကိုလည်း ပြင်ဆင်စုဖွဲ့သဘောတူခဲ့ကြတဲ့ TNLA က တော်လှန်ရေး အောင်ပွဲယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ လက်ရှိအချိန်ဟာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပါက အောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြတဲ့ တော်လှန်ရေးအင်အားစုအသီးသီး နိုင်ငံတဝှမ်း နယ်မြေဒေသအသီးသီးမှာ ဘုံရန်သူကိုထိုးစစ်ဆင်တော်လှန်နေကြတာကြောင့် စစ်ကောင်စီဟာ သမိုင်းတွင်ကျဆုံးမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ တအာင်းတပ်မတော် TNLA အနေနဲ့ တပ်မဟာ

မဲခေါင်၊ ဇန်နဝါရီ ၁၀

တအာင်းတပ်မတော်ကို တပ်မဟာ ၉ ခု အဖြစ် တိုးချဲ့ပြင်ဆင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ မြို့ ၁၈ မြို့ပါဝင်တဲ့ ခရိုင် ၅ ခုကိုလည်း ပြင်ဆင်စုဖွဲ့သဘောတူခဲ့ကြတဲ့ TNLA က တော်လှန်ရေး အောင်ပွဲယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

လက်ရှိအချိန်ဟာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ နွေဦးတော်လှန်ရေးအင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ပါက အောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြတဲ့ တော်လှန်ရေးအင်အားစုအသီးသီး နိုင်ငံတဝှမ်း နယ်မြေဒေသအသီးသီးမှာ ဘုံရန်သူကိုထိုးစစ်ဆင်တော်လှန်နေကြတာကြောင့် စစ်ကောင်စီဟာ သမိုင်းတွင်ကျဆုံးမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

တအာင်းတပ်မတော် TNLA အနေနဲ့ တပ်မဟာ ၉ ခုအဖြစ် တိုးချဲ့ပြင်ဆင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ မြို့ ၁၈ မြို့ပါဝင်တဲ့ ခရိုင် ၅ ခုကိုလည်း ပြင်ဆင်စုဖွဲ့ သဘောတူညီခဲ့ကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးမှာ ထိန်းသိမ်းရရှိထားတဲ့ မြို့ ၁၂ မြို့ အပါအဝင် တအောင်းတပ်မတော်အခြေစိုက်ထားတဲ့ နယ်မြေဒေသတွေကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကို တာဝန်ခံမှုရှိစွာ ဦးဆောင်စီမံအုပ်ချုပ်သွားမှာဖြစ်ပြီး ဒေသခံမိဘပြည်သူတွေ ပါဝင်နိုင်တဲ့ လူထုအစိုးရ အမြန်ဆုံးပေါ်လာရန် ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးကာလအတွင်း အသက်ခန္ဓာ၊ နေအိမ်အဆောက်အအုံနဲ့ လုပ်ငန်းတွေ စွန့်လွတ်ပျက်ဆီးခဲ့ကြတဲ့ ပြည်သူတွေနဲ့ တအောင်းတပ်မတော် တပ်ဖွဲ့ဝင်အားလုံးကို ဘဝပြန်လည်ရှင်သန်ထူထောင်ရေး၊ လုံခြုံအေးချမ်းတဲ့ လူအဖွဲ့အစည်း တည်ဆောက်နိုင်ရန်အတွက် တအောင်းပြည်အတွင်း လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့အတူ လက်တွဲတည်ဆောက်သွားမှာဖြစ်တယ်လို့ နှစ်ပတ်လည်အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။

တအာင်းပြည်ရှိ PSLF ယာယီဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်မှ ဇန်နဝါရီ ၇ ရက်အထိ ၅ ရက်ကြာ ကျင်းပပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်အစည်းအဝေးအပြီးမှာ အခုလို ထုတ်ပြန် ကြေညာလိုက်တာပါ။

၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ မိုကုတ်၊ သီပေါနဲ့ နောင်ချို စတဲ့မြို့တွေကို တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နေပါတယ်။

CJ-017
#MeKongNews
#TNLA
#နွေဦးတော်လှန်ရေး
#အောင်ပွဲဆင်
#တပ်မဟာ၉ခု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now