နေ့စဥ်သတင်း

အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၁၀၀၀၀ နီးပါးထဲက ၆၀၀ ခန့်သာလွတ်မြောက်

မဲခေါင် 4 Jan - 2025
မဲခေါင်၊ ဇန်နဝါရီ ၄ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)စာရင်းအရ အကျဉ်းထောင်အသီးသီးမှာ ထောင်ချခံထားရဆဲ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၉၉၅၈ ဦးရှိတဲ့အထဲမှာမှာ စစ်ကောင်စီက ဒီကနေ့ ၆၀၀ ခန့်ကို လွတ်ငြိမ်းချမ်းခွင့် ပေးပါတယ်။ အဲဒီ လွတ်ငြိမ်း ၆၀၀ ထဲမှာ လွတ်ရက်စေ့တွေနဲ့ ရက်ပိုင်း လပိုင်းလွတ်ရက်နီးနေသူတွေ ပါဝင်တယ်လို့ သိရပေမယ့် အရေအတွက်နဲ့ ဘယ်သူဘယ်ဝါဆိုတာကိုတော့ မဲခေါင်ကအတည်ပြုနေဆဲဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အဲဒီ ၆၀၀ ခန့်ဟာ ပုဒ်မ ၅၀၅ နဲ့ ထောင်သွင်းအကျဉ်းချခံရသူတွေဖြစ်ပြီး အဲဒီအထဲမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဦးခက်အောင် ပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးအဆင့်ရှိ ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတွေကို ဖြေကြားတာပါ။ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ချက်မှာတော့ ပုဒ်မအလိုက်

မဲခေါင်၊ ဇန်နဝါရီ ၄

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)စာရင်းအရ အကျဉ်းထောင်အသီးသီးမှာ ထောင်ချခံထားရဆဲ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၉၉၅၈ ဦးရှိတဲ့အထဲမှာမှာ စစ်ကောင်စီက ဒီကနေ့ ၆၀၀ ခန့်ကို လွတ်ငြိမ်းချမ်းခွင့် ပေးပါတယ်။

အဲဒီ လွတ်ငြိမ်း ၆၀၀ ထဲမှာ လွတ်ရက်စေ့တွေနဲ့ ရက်ပိုင်း လပိုင်းလွတ်ရက်နီးနေသူတွေ ပါဝင်တယ်လို့ သိရပေမယ့် အရေအတွက်နဲ့ ဘယ်သူဘယ်ဝါဆိုတာကိုတော့ မဲခေါင်ကအတည်ပြုနေဆဲဖြစ်ပါတယ်။

ပျမ်းမျှအားဖြင့် အဲဒီ ၆၀၀ ခန့်ဟာ ပုဒ်မ ၅၀၅ နဲ့ ထောင်သွင်းအကျဉ်းချခံရသူတွေဖြစ်ပြီး အဲဒီအထဲမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း) ဦးခက်အောင် ပါဝင်တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးအဆင့်ရှိ ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတွေကို ဖြေကြားတာပါ။ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ချက်မှာတော့ ပုဒ်မအလိုက် သီးခြားဖေါ်ပြတာမျိုး မရှိပါဘူး။

အေအေပီပီက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်ထုတ်ပြန်ချက်မှာ မတရားအာဏာလုမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈၀၉၆ ဦးရှိပြီး အဲဒီအထဲက ၂၁၄၉၉ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ၉၉၅၈ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖေါ်ပြထားပါတယ်။

ဒီနေ့ (ဇန်နဝါရီလ ၄) ကျရောက်တဲ့ (၇၇) ကြိမ်မြောက်လွပ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေသူတွေထဲက ၅၈၆၄ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။ အဲဒီပမာဏထဲမှာမှ ပုဒ်မ ၅၀၅ နဲ့ အကျဉ်းကျခံနေရသူ ၆၀၀ ခန့် ပါတဲ့သဘော ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲမှု၊ မတရားသင်း၊ လက်နက်မှုတွေ၊ မူးယစ်ဆေးဝါးမှု၊ သဘာဝဘေး၊ အကြမ်းဖက်နဲ့ အဂတိမှုတွေမှအပ တည်ဆဲ ဥပဒေအရပ်ရပ်မှ ပြစ်မှုတစ်ခုခုနဲ့ စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခံရကာ အကျဉ်းထောင်၊ အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူတွေကို ရာဇဝတ်ကျင့်ထုံးအရ ကျခံရန် ကျန်ရှိတဲ့ ပြစ်ဒဏ်က ၆ ပုံ ၁ ပုံ လွတ်ငြိမ်းသက်သာခွင့်ပြုတယ်လို့ ဖေါ်ပြပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရဆိုရင် အာဏာလုဖြစ်စဉ်နဲ့ ဆက်စပ်နေတဲ့အထဲမှာ ပုဒ်မ ၅၀၅ နဲ့ ပြစ်ဒဏ်ကျခံနေရသူ ၆၀၀ သာပါဝင်ပြီး ပေါက်ကွဲမှု၊ မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှုလို့ စွဲချက်တင်ခံထားရတဲ့ အမှုတွေ မပါဝင်ပါဘူး။

ထောင်ဒဏ်တစ်သက်ချမှတ်ခံထားရသူ ၁၄၄ ဦးကို ထောင်ဒဏ် ၁၅ နှစ်လျှောချ ပြောင်းလဲလိုက်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

ဒီ့အပြင် ထိုင်းနိုင်ငံသားနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၈၀ ကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ထိုင်းနိုင်ငံသားတွေဟာ တာချီလိတ်မြို့နယ်ဘက်မှာ လောင်းကစားမှုတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားသူများဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ မြန်မာ့ပင်လယ်ပြင်မှာ ငါးဖမ်းသင်္ဘောနဲ့ ဝင်ရောက်လာကြသူတွေဖြစ်တယ်လို့လည်း ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာတွေကို ပြောပါတယ်။

MK-012
#MeKongNews
#လွတ်ငြိမ်းချမ်းသာခွင့်
#ပုဒ်မ၅၀၅
#၆၀၀လွတ်မြောက်
#ထိုင်းနဲ့အင်ဒိုနီးရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now