နေ့စဥ်သတင်း

‘ဝ’ဒေသ မိုင်းပေါက်မှာ ဆရာဝန်မဟုတ်သူက ဆေးကုနေ၊ ကုသစရိတ် ကျိုင်းတုံထက် လေးဆကျော်ကြီးမား

မဲခေါင် 21 Dec - 2024
မဲခေါင်၊ ဒီဇင်ဘာ ၂၁ ရှမ်းပြည်အရှေ့ပိုင်း၊ ‘ဝ’ဒေသ မိုင်းပေါက်မှာ လိုင်စင်ရ ပုဂ္ဂလိက ဆေးခန်းတွေ အများအပြားရှိနေပေမယ့် ဆေးကုသစရိတ်ကြီးမားတဲ့အပြင် ဆရာဝန်မဟုတ်သူတွေက ဆေးကုသနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ လိုင်စင်ရ ဆေးခန်းတွေမှာ ဆေးကုသခွင့် လက်မှတ်နဲ့ ဆရာဝန်လုပ်ပိုင်ခွင့်တွေကို ဆရာဝန်ကိုမပေးပဲ ဆရာဝန်မဟုတ်သူတွေက လုပ်စားနေတယ်လို့ ဒေသသတင်းဌာန Wa News Land က ကနေ့ (ဒီဇင်ဘာ၂၁) ဖော်ပြလာပါတယ်။ “ကျနော် ဆေးခန်းပြတာ ဆရာဝန်မဟုတ်တဲ့တစ်ယောက်က တစ်နေရာကို ဖုန်းဆက်မေးပြီး ဆေးပေးတာ၊ ဆရာဝန်လည်းမဟုတ်၊ သူနာပြုလည်းမဟုတ်၊ ကုန်တာကတော့ ယွမ် ၂၀၀ တောင် တောင်းတာ” လို့ ကိုယ်တိုင်ဆေးခန်းပြခဲ့သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။ သူ့အနေနဲ့ မိတ်ဆွေတစ်ဦး လမ်းညွှန်ချက်အရ

မဲခေါင်၊ ဒီဇင်ဘာ ၂၁

ရှမ်းပြည်အရှေ့ပိုင်း၊ ‘ဝ’ဒေသ မိုင်းပေါက်မှာ လိုင်စင်ရ ပုဂ္ဂလိက ဆေးခန်းတွေ အများအပြားရှိနေပေမယ့် ဆေးကုသစရိတ်ကြီးမားတဲ့အပြင် ဆရာဝန်မဟုတ်သူတွေက ဆေးကုသနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

လိုင်စင်ရ ဆေးခန်းတွေမှာ ဆေးကုသခွင့် လက်မှတ်နဲ့ ဆရာဝန်လုပ်ပိုင်ခွင့်တွေကို ဆရာဝန်ကိုမပေးပဲ ဆရာဝန်မဟုတ်သူတွေက လုပ်စားနေတယ်လို့ ဒေသသတင်းဌာန Wa News Land က ကနေ့ (ဒီဇင်ဘာ၂၁) ဖော်ပြလာပါတယ်။

“ကျနော် ဆေးခန်းပြတာ ဆရာဝန်မဟုတ်တဲ့တစ်ယောက်က တစ်နေရာကို ဖုန်းဆက်မေးပြီး ဆေးပေးတာ၊ ဆရာဝန်လည်းမဟုတ်၊ သူနာပြုလည်းမဟုတ်၊ ကုန်တာကတော့ ယွမ် ၂၀၀ တောင် တောင်းတာ” လို့ ကိုယ်တိုင်ဆေးခန်းပြခဲ့သူတစ်ဦးက မဲခေါင်ကို ပြောပါတယ်။

သူ့အနေနဲ့ မိတ်ဆွေတစ်ဦး လမ်းညွှန်ချက်အရ ကျိုင်းတုံမှာ သွားရောက်ဆေးကုသခဲ့ရာ ကျပ်ဆယ်သိန်း(၁၀သိန်းကျပ်)ကျော်သာ ကုန်ကျပြီး မိုင်းပေါက်မှာဆိုရင် ကျပ်သိန်းငါးဆယ်(သိန်း၅၀ကျပ်)ကုန်ကျမယ်လို့ ပြောပါတယ်။

အလားတူ ပန်ဆန်း(ပန်ခမ်း) ဘက်မှာလည်း ဆရာဝန်မရှိဘဲ ဖွင့်ထားတဲ့ ဆေးခန်းတွေ ရှိနေတယ်လို့ WNL မှာ ပါရှိပါတယ်။

‘ဝ’ ဒေသက ပြန်လာတဲ့ အမည်မဖော်လိုသူ ဆေးဝန်ထမ်းတစ်ဦးရဲ့ ပြောကြားချက်အရ မိုင်းပေါက်မြို့မှာ အနောက်တိုင်းထုတ်ဆေးဝါးရောင်းချခွင့် လိုင်စင်တွေကို ချမပေးသလို မြန်မာဆေးခန်းနဲ့ တရုတ်ဆေးခန်းကြား အာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။

“ကုသစရိတ်လည်း များတယ်၊ ဆေးကုပေးချင်တာတောင် ကုသခွင့်မရတဲ့အခြေအနေဆိုတော့ လူနာတွေဘက်က ကုသမှုနဲ့ပတ်သက်ပြီး ဆိုးကျိုးတွေ ခံစားနေရတာပေါ့” လို့ အဲ့ဒီဆေးဝန်ထမ်းက ပြောပါတယ်။

WNL ရဲ့ ဖော်ပြချက်မှာတော့ “ဝ” ပြည်နယ် အုပ်ချုပ်ရေးအနေနဲ့ မြန်မာ၊ တရုတ် ပုဂ္ဂလိက ဆေးခန်းတွေရဲ့ လက်ရှိမြေပြင် အခြေအနေတွေကို သေချာစီစစ်ပေးစေလိုပြီး မူဝါဒ ပြဌာန်းချက်နဲ့ မကိုက်ညီတဲ့ ဆေးခန်းတွေကို ထိထိရောက်ရောက် အရေးယူစေလိုကြောင်း သတင်းအရင်းအမြစ်က ပြောတယ်လို့ ဖေါ်ပြထားပါတယ်။

MK-012
#ဝဒေသ
#မိုင်းပေါက်
#ဆေးကုသ
#ဆရာဝန်မဟုတ်သူ
#ကုသစရိတ်ကြီး
#ကျိုင်းတုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now