မဲခေါင်၊ ဒီဇင်ဘာ ၂၁
RCSS က စီစဉ်တဲ့ ပထမအကြိမ် ဒေသအုပ်ချုပ်ရေးသင်တန်းကို ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်၊ နားမွန်အုပ်စု၊ နားဆာလေးမှာ ပြုရာခဲ့ရာ ဒီနေ့(ဒီဇင်ဘာ ၂၁)မှာ သင်တန်းဆင်းပြီဖြစ်ပါတယ်။
သင်တန်းကို ဒီဇင်ဘာ ၄ ရက်ကနေ ၂၀ ရက်အထိ ဖွင့်လှစ်ခဲ့ရာ သင်တန်းသား ၁၁၈ ဦး တက်ရောက်ခဲ့ပါတယ်။
ဒေသအုပ်ချုပ်ရေးလုပ်ဆောင်ရာမှာ နယ်မြေဖွံဖြိုးရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေး စတဲ့ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ဒေသအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေကို RCSS ဥက္ကဌက မှာကြားပါတယ်။
“RCSS စိုးမိုးတဲ့ နေရာအစုံက တက်ကြတာဗျ၊ ရှမ်းလို (စိုင်းငန်ဝမ်နွတ်)လို့ ခေါ်တဲ့ အုပ်ချုပ်ရေးကဏ္ဍတွေ ပေါ့ဗျာ”လို့ မိုင်းပန်ဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
ယင်းသင်တန်းကို RCSS ရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ နယ်မြေ ၁ မိုင်းပန်၊ နယ်မြေ ၂ ကျိုင်းတောင်း၊ နယ်မြေ ၃ လင်းခေး၊ နယ်မြေ ၄ မိုးနဲ နဲ့ မောက်မယ်၊ နယ်မြေ ၅ မိုင်းပွန် နဲ့ လွယ်လင်၊ နယ်မြေ ၁၁ သျှမ်းရှေ့၊ နယ်မြေ ၁၂ ကာလိ နဲ့ကွန်ဟိန်း၊ နိုင်ငံရေးဌာနတို့က ဒေသခံသင်တန်းသားတွေ တက်ရောက်ကြောင်း သိရပါတယ်။
MK-012
#MekongNews
#မိုင်းပန်
#ဒေသအုပ်ချုပ်ရေး
#သင်တန်းဆင်း












