မဲခေါင်၊ နိုဝင်ဘာလ ၃၀
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့၊ အင်ကြင်းတောင်ရပ်ကွက်ကို စစ်ကောင်စီက ဒီနေ့ ညနေ ၆ နာရီခွဲခန့်က လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ဒေသခံ ၁၀ ဦးသေဆုံးပြီး လူ ၂၀ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို ဆေးရုံသို့ ပို့ဆောင်ပေးနေပြီး သေဆုံးရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဒီနေ့ည မှာ TNLA က ထုတ်ပြန်ပါတယ်။
တအာင်းပြည်၊ တပ်မဟာ(၂) နယ်မြေ ကျောက်မဲမြိုတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ (၁၀)ဉီီးသေဆုံးပြီး (၂၀)ဉီးထိမှန်ဒဏ်ရာရရှိကာ နေအိမ် (၉) လုံးထိခိုက်ပျက်ဆီးသွားခဲ့သည်။
TNLA မှ စစ်ရေးတင်းမာမှုများ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ချက် တရားဝင်ထုတ်ပြန်ပြီးနောက် ကျောက်မဲမြိုအား လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁) အခြေစိုက်တဲ့ ကျောက်မဲမြို့ကို သြဂုတ် ၆ ရက်မှာ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သိမ်းပိုက်ခဲ့တာပါ။
TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကိုလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၁၈) သေဆုံးပြီး (၃၄) ဉီး ဒဏ်ရာရရှိကာ နေအိမ်များ ထိခိုက်ပျက်ဆီးခဲ့ပါသေးတယ်။
#MeKongNews
#စစ်ကောင်စီ
#ဗုံးကြဲ
#ကျောက်မဲ
#ရှမ်းမြောက်
#လေကြောင်းတိုက်ခိုက်








