နေ့စဥ်သတင်း

ကရင်နီပြည်မှာ တရားရေးဌာန ဖွဲ့စည်းပြီးနောက် တရားစီရင်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေ

မဲခေါင် 30 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၃၀ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ကရင်နီ ပြည်ရဲ့ အရေးကြီးတဲ့ အုပ်ချုပ်ရေးယန္တာရား လည်ပတ်နိုင်ဖို့အတွက် တရားရေးဌာနဖွဲ့စည်းခဲ့ရာ တစ်နှစ်အတွင်း အမှုအမျိုးအစား ငါးမျိုးကို တရားစီရင်ဆဲဖြစ်ကာ အမှုပေါင်း ၂၆ မှုကို ပြီးပြတ်အောင် တရားစီရင်နိုင်ခဲ့တယ်လို့ IEC က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ တရားရေးဌာနကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်ကစတင်ဖွဲ့စည်းခဲ့ရာ အခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က တစ်နှစ်ပြည့်ခဲ့တာပါ။ တရားစီရင်ရေးအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ စွဲဆိုတဲ့အမှု ၂၀၊ မူးယစ်ဆေးဝါးဆိုင်ရာအမှု ၄၁ မှု၊ လူသတ်မှု နှစ်မှု၊ မတရားအသင်းအက်ဥပဒေအရ စွဲဆိုတဲ့အမှု

မဲခေါင်၊ နိုဝင်ဘာ ၃၀

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC က ကရင်နီ ပြည်ရဲ့ အရေးကြီးတဲ့ အုပ်ချုပ်ရေးယန္တာရား လည်ပတ်နိုင်ဖို့အတွက် တရားရေးဌာနဖွဲ့စည်းခဲ့ရာ တစ်နှစ်အတွင်း အမှုအမျိုးအစား ငါးမျိုးကို တရားစီရင်ဆဲဖြစ်ကာ အမှုပေါင်း ၂၆ မှုကို ပြီးပြတ်အောင် တရားစီရင်နိုင်ခဲ့တယ်လို့ IEC က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တရားရေးဌာနကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်ကစတင်ဖွဲ့စည်းခဲ့ရာ အခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က တစ်နှစ်ပြည့်ခဲ့တာပါ။

တရားစီရင်ရေးအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ စွဲဆိုတဲ့အမှု ၂၀၊ မူးယစ်ဆေးဝါးဆိုင်ရာအမှု ၄၁ မှု၊ လူသတ်မှု နှစ်မှု၊ မတရားအသင်းအက်ဥပဒေအရ စွဲဆိုတဲ့အမှု တစ်မှု၊ ရာဇသတ်ကြီးအရ စွဲဆိုတဲ့အမှု ခုနှစ် မှုတို့ကို ကိုင်တွယ်ဖြေရှင်းနေပြီး ၂၆ မှုကိုတော့ ပြီးပြတ်အောင် တရားစီရင်ပြီးပြီလို့ ဆိုပါတယ်။

တရားရေးဌာနက တစ်နှစ်တာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားရေးဝန်ကြီးဌာနနဲ့ လုပ်ငန်းညှိနှိုင်းဆွေးနွေးတာ၊ ပြည်နယ်တွင်း တရားစီရင်ရေးဆိုင်ရာ သင်တန်းတွေပို့ချတာ၊ ပြည်သူလူထုနဲ့ တွေ့ဆုံပြီး ဥပဒေဆိုင်ရာ အသိပညာပေးတာ၊ အကျဥ်းထောင်တွေမှာအကျဥ်းကျနေသူတွေကို စစ်ဆေးကြည့်ရှုတာ၊ အကျဉ်းထောင်ဝန်ထမ်းတွေကို စွမ်းရည်မြှင့်တင်ရေးသင်တန်းပို့ချတာ၊ ဥပဒေရုံးအဆင့်ဆင့် အမှုတွေလက်ခံဆောင်ရွက်ပြီး ပြစ်မှုအလိုက်အပြစ်ပေးအရေးယူတာတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အကျဉ်းထောင်အနေနဲ့ မူလရှိနေတဲ့ အကျဉ်းထောင်ကို အမှတ်(၁) သတ်မှတ်ကာ အကျဉ်းထောင်အမှတ်(၂ )ကို အခုနှစ် ဖေဖော်ဝါရီလမှာ ထပ်တိုးတည်ဆောက်ပြီးတဲ့နောက် အကျဉ်းကျတရားခံတွေအနေနဲ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအပေါ်နောင်တရပြီး ပြန်လည်ပြင်ဆင်နိုင်ဖို့၊ လွတ်မြောက်တဲ့အခါ လူမှုအသိုင်းအဝိုင်းမှာ ပြန်လည်ရပ်တည်နိုင်ဖို့အတွက်လည်း စီမံဆောင်ရွက်တာတွေ ရှိတယ်လို့ သိရပါတယ်။

အကျဉ်းထောင် အမှတ်(၁) မှာ အကျဉ်းသား ၁၅၀ ဦးနဲ့ အမှတ်( ၂ )မှာ ၅၆ ဦးတို့ကို ဆက်လက်အကျဉ်းချထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

တရားရေးဌာနကို ဖွဲ့စည်းရခြင်းက ပြည်သူလူထုရဲ့ ဥပဒေပါ အခွင့်အရေးတွေ ရရှိစေဖို့၊ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အထောက်အကူပြုနိုင်ဖို့၊ လွတ်လပ်ပြီး တရားမျှတတဲ့ တရားစီရင်ရေးမဏ္ဍိုင်ဖော်ဆောင်ရာမှာ အထောက်အကူပြုနိုင်ဖို့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

CJ-004
#MekongNews
#ကရင်နီပြည်
#တရားရေးဌာန
#တရားစီရင်
#အကျဉ်းထောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now