ဒေသတွင်းသတင်း

UWSA နဲ့ နယ်မြေအရေး ဒေသခံတွေ မစိုးရိမ်ကြဖို့ ထိုင်းတပ်ချုပ် ထုတ်ပြန်

မဲခေါင် 26 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၂၆ ထိုင်းတပ်မတော် တပ်မဟာ ၃ နယ်မြေနဲ့ မြန်မာဘက်ခြမ်းရှမ်းအရှေ့ပိုင်း မယ့်ဟောင်ဆန်ဒေသအနီး ထိုင်း တော်ဝင်နယ်ခြားစောင့်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) တို့ နယ်မြေအငြင်းပွားမှုကြောင့် စစ်ရေးတင်းမာနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ထိုင်းတပ်ချုပ် ဗိုလ်ချုပ် ပါနာကလူးပလော့တက်က ဒေသခံတွေကို စိုးရိမ်စရာအခြေအနေမရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူကနေ နိုဝင်ဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ခိုင်းခဲ့ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့က ထိုင်းဘက်က UWSA တပ်စခန်းချထားတဲ့ နယ်မြေ ၇ ခုဟာ ထိုင်းပိုင်နက်ထဲ ရောက်နေလို့ ဒီဇင်ဘာ ၁၈ ရက်မတိုင်ခင် အပြီး နောက်ဆုတ်ထွက်ခွာဖို့ ဖိအားပေးလာမှုကြောင့် UWSA ဘက်က

မဲခေါင်၊ နိုဝင်ဘာ ၂၆

ထိုင်းတပ်မတော် တပ်မဟာ ၃ နယ်မြေနဲ့ မြန်မာဘက်ခြမ်းရှမ်းအရှေ့ပိုင်း မယ့်ဟောင်ဆန်ဒေသအနီး ထိုင်း တော်ဝင်နယ်ခြားစောင့်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) တို့ နယ်မြေအငြင်းပွားမှုကြောင့် စစ်ရေးတင်းမာနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ထိုင်းတပ်ချုပ် ဗိုလ်ချုပ် ပါနာကလူးပလော့တက်က ဒေသခံတွေကို စိုးရိမ်စရာအခြေအနေမရှိသေးကြောင်း ပြောရေးဆိုခွင့်ရှိသူကနေ နိုဝင်ဘာ ၂၆ ရက်မှာ အသိပေးထုတ်ပြန်ခိုင်းခဲ့ပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က ထိုင်းဘက်က UWSA တပ်စခန်းချထားတဲ့ နယ်မြေ ၇ ခုဟာ ထိုင်းပိုင်နက်ထဲ ရောက်နေလို့ ဒီဇင်ဘာ ၁၈ ရက်မတိုင်ခင် အပြီး နောက်ဆုတ်ထွက်ခွာဖို့ ဖိအားပေးလာမှုကြောင့် UWSA ဘက်က ဒီစခန်း တွေဟာ ထိုင်းပိုင်နက်လုံး၀မဟုတ်တဲ့အတွက် ဖယ်ပေးဖို့ အကြောင်းမရှိကြောင်း တုံ့ပြန်ခဲ့လို့ နှစ်ဖက်တပ်တွေ ဟာ ဒီဒေသမှာ ဟောင်ဝစ်ဇာတွေနဲ့ လက်နက်ကြီးတွေ အပြန်အလှန်တပ်ဆင် အသင့်ပြင်ထားလို့ တင်းမာမှု အမြင့်ဆုံး အခြေအနေရောက်နေကြောင်း UWSA ဘက်က ပြောဆိုကြောင်း RFA က ရေးသားဖော်ပြသွားပါတယ်။

ဒါကြောင့် မယ့်ဟောင်ဆန်၊ ဒွိုင်ဟာမာ၊ နောင်လျန်ဒေသ အခြေစိုက်ထားတဲ့ နှစ်ဖက်တပ်တွေကြားမှာ ပြည်သူတွေ အထိတ်တလန့်ဖြစ်နေလို့ ထိုင်းတပ်ချုပ်ဟာ နိုဝင်ဘာ ၂၆ ရက် ညနေပိုင်းမှာ စာထုတ်ပြန်ပြီး နှစ်ဖက်တပ် တွေ တိုက်ပွဲဖြစ်ပွားတဲ့အထိ အန္တရာယ်ရှိတဲ့အခြေအနေမဟုတ်ကြောင်း ထိုင်းတပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး သီရတ်ဆွန်ဘက်ဆရီက ထုတ်ပြန်သွားကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြသွားပါတယ်။

ဒီသတင်ဖော်ပြမှုမတိုင်ခင် နာရီပိုင်းကပဲ ထိုင်း Thai Enquirer မီဒီယာကလည်း ထိုင်း ဒုတိယဝန်ကြီးချုပ် ဖမ်သမ်ဝီချာယာချိုင်က နှစ်ဖက်စလုံး လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်လို့ နှစ်ဖက် အပြန်အလှန်ပြင်ဆင်ထားမှု တွေရှိတာသာဖြစ်ပြီး WUSA ဘက်ကလည်း နယ်မြေထပ်တိုးပြီး ဝင်လာတာမရှိသလို ပြဿနာရင်းမြစ်ကလည်း နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တာဖြစ်လို့ သံတမန်နည်းနဲ့သာ ဆွေးနွေးပြောဆိုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသတွင်း တည်ငြိမ်အေးချမ်းစွာ ရှိနေသေးပြီး စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဆီ ဒီအရေး အကြောင်းကြားခဲ့ပေမယ့် ပြည်တွင်းရေး ပဋိပက္ခကြောင့် ဒီအရေးကို စစ်ကောင်စီဘက်က ဖြေရှင်းပေးနိုင်ဦးမှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ကြောင်း ရေးသားဖော်ပြသွားပါတယ်။

Ref: Thai Enquirer and Khaosod
MKF-001
#MeKongNews
#မယ်ဟောင်ဆောင်
#စစ်ရေး
#တင်းမာ
#UWSA
#စစ်ကောင်စီ
#သံတမန်
#ဝ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now