ဒေသတွင်းသတင်း

နယ်မြေပေါ်အခြေစိုက်ထားတဲ့ စခန်းတွေ ဖယ်ခိုင်းလို့ ထိုင်းစစ်တပ်နဲ့ UWSA တို့ စစ်ရေးတင်းမာ

မဲခေါင် 25 Nov - 2024
မဲခေါင်၊ နိုဝင်ဘာ ၂၅ ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနား ထိုင်းစစ်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ နယ်မြေပြဿနာကြောင့် အတင်းမာဆုံးအခြေအနေရောက်ရှိနေပြီး UWSA ဘက်က လက်နက်ကြီးတွေ တပ်ဆင်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြပါတယ်။ မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေထဲ အင်အားအကြီးမားဆုံး တပ်ဖြစ်တဲ့ UWSA မယ့်ဟောင်ဆန် အနီး Doi Nong Luang နဲ့ Doi Hua Ma နေရာတွေအပြင် တခြား နေရာ ၅ ခုမှာ စစ်စခန်းတွေ အခြေချထားတာကို ထိုင်းဘက်က သူတို့နိုင်ငံပိုင်နက်ထဲ လာရောက်

မဲခေါင်၊ နိုဝင်ဘာ ၂၅

ထိုင်း-မြန်မာနယ်စပ် မယ့်ဟောင်ဆောင်နယ်စပ်စည်းနား ထိုင်းစစ်တပ်နဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ နယ်မြေပြဿနာကြောင့် အတင်းမာဆုံးအခြေအနေရောက်ရှိနေပြီး UWSA ဘက်က လက်နက်ကြီးတွေ တပ်ဆင်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြောင်း ထိုင်း Khaosod မီဒီယာက ဖော်ပြပါတယ်။

မြန်မာပြည်က တိုင်းရင်းသားလက်နက်ကိုင်တွေထဲ အင်အားအကြီးမားဆုံး တပ်ဖြစ်တဲ့ UWSA မယ့်ဟောင်ဆန် အနီး Doi Nong Luang နဲ့ Doi Hua Ma နေရာတွေအပြင် တခြား နေရာ ၅ ခုမှာ စစ်စခန်းတွေ အခြေချထားတာကို ထိုင်းဘက်က သူတို့နိုင်ငံပိုင်နက်ထဲ လာရောက် အခြေချထားတယ်လို့ စွပ်စွဲပြီး တပ်တွေအားလုံး ဖယ်ရှား ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဒီအငြင်းပွားမှုပြဿနာဟာ ဆယ်စုနှစ် တစ်ခုနီးပါးကြာမြင့်ခဲ့ပြီး နိုဝင်ဘာ ၁၈ နဲ့ ၁၉ ရက်တွေမှာ UWSA ထိပ်တန်းအရာရှိတွေနဲ့ ထိုင်းတော်ဝင်စစ်တပ်အရာရှိတွေ ချင်းမိုင်မှာ တွေ့ဆုံလို့ မူးယစ် ဆေးပြဿနာ၊ နယ်မြေကျူးကျော်မှုနဲ့ မှောင်ခိုမှုတွေ တိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ထိုင်းဘက်က ဒီဇင်ဘာ ၁၈ မတိုင်ခင် UWSA အထိုင်ချထားတဲ့ တပ်နေရာ ၇ နေရာကနေ ဆုတ်ခွာဖို့ သတိပေးခဲ့ပြီး UWSA တာဝန်ရှိသူတွေက ပန်ဆန်းက ဌာနချုပ်ကို တင်ပြပြီး အကြောင်းပြန်မယ်လို့ ပြန်ကြားခဲ့ပါတယ်။

နိုဝင်ဘာ ၂၀ ရက်မှာ ထိုင်းစစ်တပ်နဲ့ ရှမ်းပြည်တပ်မတော် (RCSS-SSA) တာဝန်ရှိသူတွေနဲ့ ထိုင်းစစ်တပ်ဟာ မယ်ဟောင်ဆောင်အနီးတစ်ဝိုက်က UWSA စခန်းတွေကို ဝင်ရောက်လာပြီး ဓာတ်ပုံရိုက်မှတ်တမ်း တင်မှုတွေ လုပ်ဆောင်ခဲ့ရာမှာ နှစ်ဖက် တင်းမားမှုတွေမြင့်တက်လာတယ်လို့ ထိုင်းသတင်းတွေက ဆိုပါတယ်။

RCSS ကလည်း တပ်မတော် တည်ထောင်သူ ခွန်ဆာ ရှိစဥ်ကတည်းက နယ်မြေတွေကို ထိပါးလာမှု လက်မခံကြောင်း တုံ့ပြန်ပါတယ်။

ဒီအခြေအနေတွေကြောင့် ထိုင်းစစ်တပ်က ၈၁ မမ၊ ၁၂၀ မမ လက်နက်ကြီးတွေကို တပ်ဆင် အသင့်ပြင်ထားလို့ နှစ်ဖက် တိုက်ပွဲဖြစ်ပွားဖို့ အတင်းမာဆုံးအခြေအနေ ရောက်ရှိနေပြီဖြစ်ကြောင်း ထိုင်းမီဒီယာ တွေက ဖော်ပြပါတယ်။

UWSA အရာရှိကြီးတစ်ယောက်ကလည်း နယ်မြေ တစ်လက်မတောင် အထိပါးမခံ နိုင်ဘူးလို့ RFA သတင်းဌာနကို ပြောဆိုသွားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Ref: khaosod
MKF-001
#MeKongNews
#ဝ
#နယ်မြေ
#အငြင်းပွား
#ထိုင်း
#သုံးပွင့်ဆိုင်
#တင်းမာ
#RCSS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now