မဲခေါင်၊ နိုဝင်ဘာ ၁၅
ရှမ်းအရှေ့ ၊ တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ဟိုခိုကျေးရွာက ဆိုင်ခန်းငှါးတန်းလျှားအဆောက်အဦးမှာ မနေ့ညပိုင်းက ဘုရားမီး ပူဇော်ထားတဲ့ဖရောင်းတိုင်ကတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မနေ့ နိုဝင်ဘာလ ၁၄ ရက်၊ ညနေ ၆ နာရီခန့်က ဟိုခိုကျေးရွာရှိ ရှစ်ခန်းတွဲနှစ်ထပ် ဆိုင်ခန်းငှါးအဆောက်အဦးမှာ ငှါးရမ်းနေထိုင်သူ ဦးမြင့်ဦး ဆိုသူက ဖယောင်းတိုင် ဘုရားမီး ပူဇော်ထားရာမှ ဘုရားစင်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ မယ်ယန်း ပရဟိတအဖွဲ့ထံက သိရပါတယ်။
“မီးလောင်တာနဲ့ မယ်ယန်းပရဟိတအဖွဲ့ ချက်ခြင်းရောက်လာပြီး ရပ်ကွက်လူထု၊ နောက် မီးသတ်ကားတွေရောက်လာလို့ အခြားနေရာ မီးမကူးတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ၁၃x၂၆ ပေ၊ RC သံကူကွန်ကရစ် နှစ်ထပ်တွင် မီးလောင်မှု ဖြစ်ပွါးခဲ့တာဖြစ်ပြီး ၆ နာရီ ၅၈ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် လူနဲ့ တိရိစ္ဆာန် ထိခိုက်မှုမရှိပေမယ့် အဆောက်အဦး၊ မျက်နှာကျက်နဲ့ အတွင်းပစ္စည်းများ မီးလောင်ကျွမ်းခဲ့လို့ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ ၅၅ သိန်းကျော် ဆုံးရှုံးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရှိရပါတယ်။
MK – 012
#MekongNews
#တာချီလိတ်
#ဟိုခိုကျေးရွာ
#ဘုရားမီးမှ
#မီးလောင်မှုဖြစ်








