မဲခေါင်၊ နိုဝင်ဘာ ၁၂
တာချီလိတ်မှာ နိုဝင်ဘာ ၁၂ ရက် မနေ့ညပိုင်းက တရုတ်နိုင်ငံသားတွေဦးဆောင်တဲ့ ကျားဖြဲန်ငွေလိမ်လုပ်ငန်းလုပ်နေသူ ၂၆ ဦးကို ဖမ်းဆီးရမိတယ်လို့ မဲခေါင်သတင်းဌာနက စုံစမ်းသိရပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ တိုင်းရင်းသားလူငယ်တွေ အများအပြားပါဝင်ပြီး ကျား ၁၉ ဦး မ ၇ ဦးကို ဖမ်းဆီးခဲ့တာလို့ ဌာနဆိုင်ရာနဲ့ နီစပ်သူတစ်ဦးဆီက သိရပါတယ်။
“ဖမ်းထားတဲ့ထဲမှာ လူငယ်တွေတော့ အများကြီးပါတယ်ကြား “ဝ”နဲ့ ရှမ်းလူငယ်တွေပါတာ တရုတ်နိုင်ငံသားတွေခိုးဖွင့်ထားတယ်လို့ကြားတယ်။ ဖမ်းဆီးတာနဲ့ပါတ်သတ်ပြီး အမှုဖွင့်မယ်လို့တော့ကြားတယ် အခုထိတော့ စစ်နေတုန်းဘဲတဲ့ စစ်တပ်ကလူတွေနဲ့ပေါင်းဖမ်းတာ”လို့ ဌာနဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးကပြောတာပါ။
ဖမ်းဆီးတဲ့နေအိမ်မှာ တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အနီး “ဝ”ပြည်နယ်ဆက်ဆံရေးရုံးအနောက်ဘက်မှာ လုံးခြင်းအိမ်နဲ့ ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူတွေကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။
တာချီလိတ်မှာ ကျားဖြဲန် ငွေလိမ်လုပ်ငန်းနဲ့ပါတ်သတ်ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ဌာနဆိုင်ရာ အဆင့်ဆင့်ကို လိုင်းကြေးပေးပြီးလုပ်ကိုင်တာတွေရှိသလို ရပ်ကွက်တွေထဲ လုံးခြင်းနေအိမ်တွေငှါးရမ်းပြီး တိတ်တဆိတ်လုပ်ကိုင်နေတာတွေလဲရှိပါတယ်။
ကျားဖြဲန် ငွေလိမ်လုပ်ငန်းကို ၂၀၂၄ နှစ်စပိုင်းက တာချီလိတ်မြို့ထဲအထိ တရုတ်ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးတာတွေရှိသလို ဌာနဆိုင်ရာက ဖမ်းဆီးတာတွေကြောင့် မယ်ခေါင်မြစ်တစ်ဖက်ကမ်း လာအိုနိုင်ငံအတွင်းက ကာစီနိုမြို့ကို အလုံးအရင်းပြောင်းရွှေ့သွားကြတယ်လို့ သိရပါတယ်။
#MeKongNews
#ကျားဖြဲန်
#ငွေလိမ်လုပ်ငန်း
#တာချီလိတ်
#ရှမ်းအရှေ့








