မဲခေါင်၊ အောက်တိုဘာ ၂၆
ရှမ်းမြောက်က MNDAA ကိုးကန့်ထိန်းချုပ်ထားတဲ့ လားရှိုးနဲ့သိန္နီကို မနေ့ တစ်ရက်ထဲ စစ်ကောင်စီက လေယာဥ်နဲ့အပြင်းအထန် ဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။
လာရှိုးမြို့ကိုမနေ့ အောက်တိုဘာ၂၅ရက် နေ့လယ်ပိုင်းကနေ ညပိုင်းအထိ ဗုံးတွေ ကြဲချသွားတယ်လို့ ဒေသသတင်းတွေအရ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် မယ်ဟန်ကျေးရွာက ရွှေမြင်းနှစ်ကောင်စက်ရုံအပါအဝင် အနီးပတ်ဝန်း ကျင်အဆောက် အဦများစွာပျက်စီး ဆုံးရှုံးခဲ့ရပြီးဆိုင်ကယ်စီးလာတဲ့ပြည်သူတစ်ဦးဗုံးစထိမှန်သေဆုံးခဲ့ရတယ်လို့သိရပါတယ်။
ညပိုင်း ၈ နာရီအချိန်မှာ လာကြဲတဲ့ဗုံးကတော့ လားရှိုးမြို့ ရပ်ကွက်(12) အောင်သစ္စာကွက်သစ် ရင်ကျားကျေးရွာပေါ်သို့ကျရောက်ခါ အဆောက်အဦတစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
နောက်တစ်ကြိမ်လာကြဲတဲ့ ဗုံးတစ်လုံးကတော့ ATတံတားအနီးအရင် စစ်ကောင်စီတပ် ၆၈ မှာကျ တယ်လို့သိရပြီး အထိအခိုက်အပျက်အစီးမသိရသေးပါဘူး။
အလားတူ မနေ့ည ၈ နာရီခန့်မှာ စစ်ကောင်စီဗုံးကြဲလို့ အရင် ၁၀၂၇အပိုင်း- ၁တုန်းက တိုက်ပွဲပြင်းထန်ခဲ့ပြီး အခု MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့ ကောင်းဟော်အုပ်စုထဲက ကျေးရွာတွေဝန်းကျင်ကို ကျရောက်ပေါက်ကွဲကြောင်းသိရပေမယ့် ထိခိုက်မှုတွေ မသိရသေးပါဘူး။
ဒီ တပတ်အတွင်း အောက်တိုဘာလ ၂၃ ရက်က လားရှိုးမြို့ နဲ့ ၇ မိုင် အကွာ မန္တလေး – လားရှိုး လမ်းမပေါ် ရှိ မယ်ဟန်ရွာအနီးက ရိုးရာ ဆန်အရက်စက်ရုံ နဲ့ ညနေပိုင်းမှာ လားရှိုး အမှတ် ၁ ရဲစခန်းကို လေကြောင်းနဲ့ ဗုံးလေးလုံး ကြဲချ တိုက်ခိုက်လို့ လူ ခြောက်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ၎င်းအပြင် အောက်တိုဘာလ ၂၂ ရက်နေ့ မနက် အစောပိုင်း ၁၂း၁၀အချိန်မှာလည်း လားရှိုးမြို့၊ ရပ်ကွက် ၁၂ မန်ဆူဘက် ကိုလေကြောင်းနဲ့ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်လို့ နေအိမ် ခြောက်လုံး ခန့် ထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ၂၃ရက်ကတဲက တရုတ်အစိုးရက MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်ပြည် ခွင်းမင်းမြို့ကိုခေါ်တွေ့ပြီး ကိုးကန့်တပ်တွေကို လားရှိူးနဲ့သိန္နှီက ပြန်ဆုတ်ဖို့ ဖိအားပေးနေတာမှာ စစ်ကောင်စီကလည်း လားရှိူးနဲ့သိန္နီကို ဗုံးဆက်တိုက်ကြဲပြီး ဖိအားပေးနေတာလို့ နိုင်ငံရေးအကဲခတ်သူတွေ သုံးသပ်နေကြပါတယ်။
လားရှိုးမြို့နဲ့သိန္နီကို ကိုးကန့် MNDAA နဲ့ ပူးပေါင်း တပ်ဖွဲ့ သိမ်းပိုက် ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက မကြာခဏ လေကြောင်း နဲ့ ဗုံးကြဲ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
MK-012








