မဲခေါင်၊ အောက်တိုဘာ ၂၀
ငွေရရှိဖို့ စီးပွားရေးအရ ထုတ်ပေးထားတဲ့ PNO အဖွဲ့ဝင်ကဒ်တွေကို စစ်မှုထမ်းရှောင်ဖို့ အကြောင်းပြ အသုံးချလာနေတာကြောင့် ယင်းကဒ်တွေကို ပြန်သိမ်းပြီး အသစ်ပြန်ထုတ်ပေးဖို့ လုပ်နေတယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ သာစည်ဘက်အထိ ထုတ်ပေးထားတဲ့ PNO အဖွဲ့ဝင်ကပ်တွေ ကိုင်ထားသူတွေက စစ်မှုထမ်းခေါ်ဆောင်မှုကို PNO ဝင်ထားတယ်အကြောင်းပြ ငြင်းဆန်ရာက ကပ်တွေ ပြန်သိမ်းတဲ့အထိ ဖြစ်လာတာပါ။
“သာစည်ဖက်က ၇၈၆ တွေ သူတို့က ငွေပေးပြီး နွားသယ်တာ ဘာညာတွေအတွက်လုပ်ထားတာ၊ ခု စစ်မှုထမ်းကိစ္စခေါ်တာကို အဲကဒ်နဲ့ PNO ဝင်ထားတယ်အကြောင်းပြလို့ အုပ်ကြီးတွေနဲ့ပြဿနာ ဖြစ်ရာကနေ ကပ်တွေပြန်သိမ်းလာတာ၊ အဲကိစ္စအစည်းအဝေးလဲရှိတယ်”လို့ ယင်းကိစ္စကို သေချာသိသူ ကလောမြို့ခံ တစ်ဦးကမဲခေါင်သတင်းဌာနကို ပြောပါတယ်။
မျက်မှောက် PNO/PNA အဖွဲ့အစည်းဟာ ပအိုဝ်းလူမျိုးတွေသီးသန့်နဲ့ ဖွဲ့စည်းထားတာမဟုတ်ပဲ၊ ပအိုဝ်းလူ့ အဖွဲ့အစည်း၌ စီးပွားရေးလုပ်ငန်းရှင်အသင်းများ ဖွဲ့စည်းထားကာ များသောအားဖြင့် လုပ်ငန်းရှင်များအသင်းနဲ့ PNO/PNA အဖွဲ့အစည်းလူကြီးများတို့ဟာ အကျိုးစီးပွါးအားဖြင့် အပြန်အလှန်အမှီီအခိုပြုလေ့ရှိတယ်လို့ သိရပါတယ်။
သို့အတွက် PNO/PNA မှာ အခြားလူမျိုးတွေ ပါဝင်နေသလို စီးပွားရေးအရလည်း ဆက် နွယ်မှုတွေရှိနေပြီး ခုလို စစ်မှုထမ်းရှောင်လွှဲဖို့ ခုတုံးလုပ်တဲ့ကိစ္စမျိုး ပေါက်ပေါက်လာတာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်တွေက သုံးသပ်နေကြကြောင်း သိရပါတယ်။
MK-012








