နေ့စဥ်သတင်း

ရေဘေးသင့် လွိုင်ကော်မြို့အနီးက ကျေးရွာတွေမှာ စားနပ်ရိက္ခာလိုအပ်နေ

မဲခေါင် 19 Oct - 2024
မဲခေါင်၊ အောက်တိုဘာ ၁၉ ကရင်နီပြည်၊ လွိုင်ကော်မြို့အနီးနားက ကျေးရွာလေးရွာမှာ ရေအကုန်မကျသေးဘဲ ရေဘေးရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ရေဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။ စက်တင်ဘာလ ပထမအပတ်ကစပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတော၊ပလဖ ကျေးရွာတွေက ခုလက်ရှိအချိန်အထိ ရေအကုန်မကျသေးဘဲ နေအိမ်ပြန်နေဖို့ အခက်အခဲ ရှိနေပြီး စီးပွားရေးလုပ်ကိုင်ဖို့အတွက်လည်း အဆင်မပြေဘူးလို့သိရပါတယ်။ “ဒီနှစ်မှ ရွာပြန်ပြီး လယ်​ပြန်လုပ်တယ်။ လယ် စလုပ်ကတည်းက မိုးဗြဲဆည်က ရေဖောက်ချတယ်။ ခုတော့ အကုန်လုံး ဆုံးရှုံးကုန်တယ်။ ရေမြုပ်တော့ စားဝတ်နေရေးအများကြီး ခက်ခဲကုန်တာပေါ့။ အိမ်ကလည်း စစ်ကောင်စီမီးရှို့တော့ ပါသွားပြီကော။ ခုက သူများလာလှူတာနဲ့ပဲ စားနေရတယ်။”လို့ နန်းမယ်ခုံ ရေဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။ ရေက ပြန်ကျနေပေမယ့်

မဲခေါင်၊ အောက်တိုဘာ ၁၉

ကရင်နီပြည်၊ လွိုင်ကော်မြို့အနီးနားက ကျေးရွာလေးရွာမှာ ရေအကုန်မကျသေးဘဲ ရေဘေးရှောင်နေရသူတွေအတွက် စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ရေဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

စက်တင်ဘာလ ပထမအပတ်ကစပြီး ရေကြီးရေလျှံမှုဖြစ်ပွားခဲ့တဲ့ ဘုရားဖြူ၊ ဘုရားနီ၊ ဖောင်းတော၊ပလဖ ကျေးရွာတွေက ခုလက်ရှိအချိန်အထိ ရေအကုန်မကျသေးဘဲ နေအိမ်ပြန်နေဖို့ အခက်အခဲ ရှိနေပြီး စီးပွားရေးလုပ်ကိုင်ဖို့အတွက်လည်း အဆင်မပြေဘူးလို့သိရပါတယ်။

“ဒီနှစ်မှ ရွာပြန်ပြီး လယ်​ပြန်လုပ်တယ်။ လယ် စလုပ်ကတည်းက မိုးဗြဲဆည်က ရေဖောက်ချတယ်။ ခုတော့ အကုန်လုံး ဆုံးရှုံးကုန်တယ်။ ရေမြုပ်တော့ စားဝတ်နေရေးအများကြီး ခက်ခဲကုန်တာပေါ့။ အိမ်ကလည်း စစ်ကောင်စီမီးရှို့တော့ ပါသွားပြီကော။ ခုက သူများလာလှူတာနဲ့ပဲ စားနေရတယ်။”လို့ နန်းမယ်ခုံ ရေဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

ရေက ပြန်ကျနေပေမယ့် အကုန်လုံးမကျသေးဘဲ ပင်လယ်လိုဖြစ်နေရာကနေ ၅၊ ၆ ပေကျော်ကျတာတွေရှိပြီး ခုလက်ရှိမှာ ကုန်းမြင့်ပိုင်းနေရာတချို့နဲ့ ဘုန်းကြီးကျောင်းမှာ နေထိုင်နေကြပါတယ်။

“ရေက ကျတာတော့ကျတယ်။ အကုန်မကျသေးတော့ နေလို့ရတဲ့ တာဘောင်ပေါ်မှာ နေနေကြတယ်။ ကျွန်တော်တို့လည်း သွားတော့ ကူနေတယ်။ ရိက္ခာဆိုတော့ မလောက်ငှတာမျိုးလည်းရှိတာပေါ့နော်”လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ကိုသန့်ဇင်က ပြောပါတယ်။

ရေဘေးဒဏ်ကြောင့် ပြည်သူတွေရဲ့ ရိတ်သိမ်းခါနီး စပါးဧက ၅၀၀၀ ကျော်အထိ ပျက်စီးဆုံးရှုံးခဲ့ရပြီး ခုလက်ရှိအချိန်အထိ နေအိမ်တွေမှာ ပြန်လည်နေထိုင်လို့ မရသေးဘူးလို့ဆိုပါတယ်။

နေအိမ်အားလုံး ရေလွှမ်းမိုးခံလိုက်ရတဲ့အတွက် စားနပ်ရိက္ခာပိုင်း၊ ဆေးဝါးပိုင်းနဲ့ ပြန်လည်တည်ထောင်ရေးအတွက်လည်း လိုအပ်ချက်တွေကြီးမားနေပြီး ပြည်သူတွေက ကူညီပေးကြဖို့ကို တောင်းဆိုထားပါတယ်။

CJ-004

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now