နေ့စဥ်သတင်း

ရှမ်းမြောက်နေသူတွေ ထွက်ပြေးဖို့သာ လမ်းဖွင့်တာဖြစ်လို့ အတက်ကားတွေ သွားခွင့်မပြုတော့ဘဲ တောင်ခမ်း စစ်ရေးအထူးတင်းမာ

မဲခေါင် 19 Oct - 2024
မဲခေါင်၊ အောက်တိုဘာ ၁၉ ရှမ်းမြောက် သွားလာတဲ့ကားတွေကို ၅ ရက်ဖွင့်ပေးမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အောက်တိုဘာ ၁၈ ရက်မှာတော့ ပြင်ဦးလွင်ကားတွေမှအပ ဘယ်ကားကိုမှ ပေးမသွားတော့ဘူးလို့ သိရပါတယ်။ မနေ့ အောက်တိုဘာ ၁၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်ကစပြီး ပြင်ဦးလွင်အတက် ၁၆ မိုင်ဂိတ်မှာ အထူးတင်းကြပ်လာကာ နံပါတ်အနီတပ်ဆင်ထားတဲ့ ကားတွေကို လုံးဝတက်ခွင့်မရတော့ဘဲ ဝက်ဝံဂိတ်မှာတော့ မည်သည့် ကားမှသွားလာခွင့်မရတော့တဲ့အပြင် ဘန့်ဘွေးမှာ လမ်းကိုဘက်ဟိုးနဲ့ မြောင်းတူးကာ ပြန်ဖျက်ဆီးထားတဲ့အတွက် ကားတွေပိတ်မိနေတယ်လို့ ခရီးသွားကားတွေဆီက သိရပါတယ်။ “မင်းတို့သေမှာစိုးလို့ တားတာ၊ တပ်ကအသေဆော်တော့မှာမလို့ ထွက်ပြေးဖို့အချိန်ပေးတာ”လို့ ဝက်ဝံလုံခြုံရေးဂိတ်က ကားသမားတွေကို ပြောတယ်လို့သိရပါတယ်။ ဒေသသတင်းမှာတော့ TNLA နဲ့ ပူးပေါင်းတပ်တွေ၊

မဲခေါင်၊ အောက်တိုဘာ ၁၉

ရှမ်းမြောက် သွားလာတဲ့ကားတွေကို ၅ ရက်ဖွင့်ပေးမယ်လို့ သတင်းထွက်ခဲ့ပေမယ့် အောက်တိုဘာ ၁၈ ရက်မှာတော့ ပြင်ဦးလွင်ကားတွေမှအပ ဘယ်ကားကိုမှ ပေးမသွားတော့ဘူးလို့ သိရပါတယ်။

မနေ့ အောက်တိုဘာ ၁၈ ရက်၊ ညနေ ၃ နာရီအချိန်ခန့်ကစပြီး ပြင်ဦးလွင်အတက် ၁၆ မိုင်ဂိတ်မှာ အထူးတင်းကြပ်လာကာ နံပါတ်အနီတပ်ဆင်ထားတဲ့ ကားတွေကို လုံးဝတက်ခွင့်မရတော့ဘဲ ဝက်ဝံဂိတ်မှာတော့ မည်သည့် ကားမှသွားလာခွင့်မရတော့တဲ့အပြင် ဘန့်ဘွေးမှာ လမ်းကိုဘက်ဟိုးနဲ့ မြောင်းတူးကာ ပြန်ဖျက်ဆီးထားတဲ့အတွက် ကားတွေပိတ်မိနေတယ်လို့ ခရီးသွားကားတွေဆီက သိရပါတယ်။

“မင်းတို့သေမှာစိုးလို့ တားတာ၊ တပ်ကအသေဆော်တော့မှာမလို့ ထွက်ပြေးဖို့အချိန်ပေးတာ”လို့ ဝက်ဝံလုံခြုံရေးဂိတ်က ကားသမားတွေကို ပြောတယ်လို့သိရပါတယ်။

ဒေသသတင်းမှာတော့ TNLA နဲ့ ပူးပေါင်းတပ်တွေ၊ နောင်ချိုက တောင်ခမ်းအမြောက်တပ်မကို အပြင်းအထန်ထိုးစစ်ဆင်ဖို့ အင်အားအလုံးအရင်း စုဖွဲ့နေလို့ စစ်ရေးအထူးတင်းမာနေတယ်လို့ သိရပါတယ်။

သီပေါမြို့ကျခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နောက် ရက်ပိုင်း အတွင်း TNLA ပူး ပေါင်းတပ်တွေ တောင်ခမ်းဘက်ကို အင်အား အလုံးအရင်း ဖြည့်တင်းနေတာဟာ ပြင်ဦးလွင်ပါ စိုးရိမ်ရလို့ ခုလို အသွားအလာတင်းကြပ်လာတာလို့ ဒေသသတင်းရင်းမြစ်က ဆိုပါတယ်။

“သီပေါပြီးရင် တောင်ခမ်းအလှည့်ဆိုတာ သိနေတော့ စစ်ကောင်စီလည်း ရပ်စောက်ဘက်က ရသမျှအင်အားဖြည့်နေတာ ကားစီးရေမနည်းဘူး၊ ရွာတွေကတော့ လုံးဝပြေးကုန်ပြီ၊ တောင်ခမ်းပြီးရင်တော့ ပြင်ဦးလွင်ပဲ၊ ဆက်မယ်ဆိုရင် မန္တလေးနဲ့ ရှမ်းတောင်ရောက်မယ်”လို့ စစ်ရေးသတင်းရင်းမြစ်၁ဦးကမဲခေါင်သတင်းဌာနကို ပြောပါတယ်။

TNLA ပူးပေါင်းတပ်တွေ အင်အားဖြည့်တင်းနေတာကြောင့် တောင်ခမ်းဘက် နားရှိုး၊ မက်လွတ်၊ တောင်ရှည်ရွာတွေကို မနေ့က Y-12 နဲ့ ဗုံးပတ်ကြဲသွားလို့ တိုက်ပွဲ ဧရိယာမှာရှိတဲ့ ယာပြင်၊ အင်းဖို၊ နောင်တော တဲတိုက် စတဲ့ ရွာနေ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့ဖို့ TNLA က သတိပေးထားကြောင်း သတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ သီတင်းကျွတ်လပြည့်ည မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်လေယာဥ်နဲ့လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သဖန်ကိုင်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သလို အောက်တိုဘာ ၁၈ ရက် ညသန်းခေါင် အချိန်တွေမှာ ဆက်တိုက်ဗုံးကြဲခဲ့လို့ နောင်ချိုရဲစခန်းဝန်း၊ တောင်ရပ်ကွက်နယ်မြေ၊ ၁ နဲ့ ၂ တွေမှာ ဗုံးတွေကျရောက်ပေါက်ကွဲခဲ့လို့ လူ၄ဦးဒဏ်ရာရခဲ့တယ်လို့TNLA က ထုတ်ပြန်ခဲ့ပါတယ်။

နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် စစ်ကောင်စီရဲ့ မစခ ၉၀၂ နဲ့ အမတ ၃၅၄ တို့ရှိနေပြီး အမတ ၂၀၆ နဲ့ အမတ ၄၀၆ တို့ကတော့ သိမ်းပိုက်ရရှိပြီးပြီလို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ရက်မှာTNLA က ထုတ်ပြန်ထားပါတယ်။

တောင်ခမ်းဟာ စစ်ရေးအရ အချက်အခြာကျတာဖြစ်လို့ အဆိုပါတိုက်ပွဲဟာ ပြင်းထန်တဲ့ အဆုံးအဖြတ်တိုက်ပွဲဖြစ်လိမ့်မယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ထားတာသိရပါတယ်။

MK-012

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now