မဲခေါင်၊ အောက်တိုဘာ ၁၈
တာချီလိတ်အဝင် မယ်ယန်းဂိတ်မှာ ၁၃/ မှတ်ပုံတင်ကိုင်ထားသူတွေကို မှတ်ပုံတင်သိမ်းပြီး ငွေညှစ်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ရှမ်းပြည်မြောက်ပိုင်း ဒေသတွင်းတိုက်ပွဲတွေကြာင့် တာချီလိတ်မြို့တွင်း စစ်ရှောင်လာတဲ့သူတွေကို မယ်ယန်းစုပေါင်းစစ်ဆေးရေးဂိတ်က တာဝန်ကျ ဝန်ထမ်းတွေက မှတ်ပုံတင်သိမ်းဆည်းပြီး ငွေညှစ်တာတွေပြုလုပ်နေတာပါ။
“အဲ့ဒီဂိတ်က လဝကနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက မှတ်ပုံတင်ပြီး ၁၃/ မြောက်ပိုင်းမြို့နယ်တွေကဆို ငွေညှစ်တာ၊ တစ်ယောက်ကို အနည်းဆုံး ကျပ်၅သောင်ကနေ ကျပ် ၁ သိန်းကျော်ထိပေးရတယ်။ မပေးနိုင်ရင် မှတ်ပုံတင်သိမ်းထား၊ ပြီးမှ လာရွေးခိုင်းတာ”လို့ ခရီသွားတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မယ်ယန်းစစ်ဆေးရေးဂိတ်မှာ ဌာနပေါင်းစုံက အလှည့်ကျ စစ်ဆေးမှုတွေပြုလုပ်နေပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နမ့်စန်မြို့နယ် မှတ်ပုံတင်ကိုင်ထားပါက ကားပေါ်ကဆင်းခိုင်းပြီး ငွေညှစ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ရှမ်း/မြောက် တိုက်ပွဲတွေကြောင့် အလုပ်အကိုင်ရရှိဖို့ နယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မြို့ကို စစ်ဘေးရှောင်လာကြတာဖြစ်ပြီး တိုင်းရင်းသားဆိုပါက အကြောင်းမဲ ငွေကြေးပိုမိုတောင်းခံနေတာဖြစ်ပါတယ်။
MK-002








