နေ့စဥ်သတင်း

မိုးမိတ်မြို့မှာ တိုက်ပွဲကာလ ဆုံးရှုံးသွားတဲ့ နေအိမ်တွေကြောင့် မြို့ခံတချို့ နေရပ်မပြန်နိုင်ကြ

မဲခေါင် 17 Oct - 2024
မဲခေါင်၊ အောက်တိုဘာ ၁၇ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့မှာ တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့နေအိမ်တွကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။ “မြို့ထဲမှာတော့ အိမ်တွေအများကြီးမီးလောင်ထားလို့ တော်တော်များများပြန်မလာကြသေးဘူး။ လက်ခုပ်တန်း ရပ်ကွက်မှာအများကြီးအရှို့ခံထားရတာ။ တချို့ကြလည်းနေစရာ အိမ်မရှိတော့လို့ ပြန်မလာကြတာ” လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။ မိုးမိတ်မြို့မှာမြို့သိမ်းပြီး ၂ လကျော်ကြာအထိ မြို့နေလူထု တစ်ဝက်လောက်သာ နေရပ်ကို ပြန်လာနိုင်သေးတယ်လို့ ဆိုပါတယ်။ “မြို့က နှစ်ခါတောင်စစ်ဖြစ်ထားတော့ တစ်ချို့ကြလည်းကြောက်ပြီး ပြန်မလာကြသေးတာ၊ တစ်ချို့ကြလည်း နေစရာမရှိလို့ ပြန်မလာကြ‌တာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။ လက်ရှိ မိုးမိတ်မြို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများနဲ့ လျှပ်စစ်မီးများ ပြတ်တောက်နေပြီး တစ်နာရီ နှစ်ထောင်နဲ့ အသုံးပြုလို့ရတဲ့ starlink

မဲခေါင်၊ အောက်တိုဘာ ၁၇

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့မှာ တိုက်ပွဲအတွင်း ပျက်စီးသွားတဲ့နေအိမ်တွကြောင့် ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

“မြို့ထဲမှာတော့ အိမ်တွေအများကြီးမီးလောင်ထားလို့ တော်တော်များများပြန်မလာကြသေးဘူး။ လက်ခုပ်တန်း ရပ်ကွက်မှာအများကြီးအရှို့ခံထားရတာ။ တချို့ကြလည်းနေစရာ အိမ်မရှိတော့လို့ ပြန်မလာကြတာ” လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

မိုးမိတ်မြို့မှာမြို့သိမ်းပြီး ၂ လကျော်ကြာအထိ မြို့နေလူထု တစ်ဝက်လောက်သာ နေရပ်ကို ပြန်လာနိုင်သေးတယ်လို့ ဆိုပါတယ်။

“မြို့က နှစ်ခါတောင်စစ်ဖြစ်ထားတော့ တစ်ချို့ကြလည်းကြောက်ပြီး ပြန်မလာကြသေးတာ၊ တစ်ချို့ကြလည်း နေစရာမရှိလို့ ပြန်မလာကြ‌တာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။

လက်ရှိ မိုးမိတ်မြို့မှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများနဲ့ လျှပ်စစ်မီးများ ပြတ်တောက်နေပြီး တစ်နာရီ နှစ်ထောင်နဲ့ အသုံးပြုလို့ရတဲ့ starlink wifi (ဂြိုလ်တုအင်တာနက်) ဆိုင်များလည်း ဖွင့်လှစ်ထားတာတွေ့ ရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာရှိတဲ့ မိုးမိတ်မြို့မှာ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၆ သောင်းကျော် ရှိပြီး ကချင်၊ ပလောင်၊ ရှမ်းနဲ့ ဗမာ တိုင်းရင်းသားတွေ နေထိုင်ကြပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ မှာ မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၅ မှာ မြို့ကို ယာယီထိန်းထားတဲ့ KIA နဲ့ PDF ပူးပေါင်းတပ်များက တပ်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီများက မြို့ထဲကိုပြန်လည် ဝင်ရောက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်များက မိုးမိတ်မြို့မှ တပ်ဆုတ်ပြီနောက် ၁၀၂၇ ဒုတိယပိုင်း ဇွန်လ ၂၅ မှစပြီး TNLA နဲ့ ပူးပေါင်းတပ်များက မိုးမိတ်မြို့ရှိ စစ်ကောင်စီကို တစ်ဖန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လ ၃၁ မှာ မိုးမိတ်မြို့ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

MK – 016

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now