မဲခေါင်၊ အောက်တိုဘာ ၁၇
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့မှာ လျှပ်စစ်မီး ပေးနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။
မဟာဓာတ်အားလိုင်းအစား နမ့်စောင်ငေါင်းရေအားလျှပ်စစ်က လျှပ်စစ်အားပေးတာလို့ သိရပြီး မနက် ၅ နာရီမှ ညနေ ၆ နာရီအထိပေးတာလို့ ဆိုပါတယ်။
“ညမပေးတာက လေယာဥ်ကြောက်ရလို့လေ၊ စစ်လေယာဥ်က မီးမြင်တာနဲ့ ချမှာ၊ ပြည်သူတွေ ဘာတွေ ကြည့်မှာမဟုတ်ဘူး၊ မြေကျန်ရင်တော်ပြီလို့ ပြောထားတာ၊ ပြည်သူတွေသေလည်း ဂရုစိုက်တာမဟုတ်ဘူး” လို့ ကျောက်မဲဒေသခံတစ်ဦးက မဲခေါင်ကို ပြောပါတယ်။
TNLA ဟာ သိမ်းပိုက်ထိန်းချုပ်လို့ရတဲ့မြို့တွေရဲ့ အုပ်ချုပ်ရေးကိုအကောင်အထည် ဖော်နေတာမှာ အရပ်ဘက်အုပ်ချုပ်ရေးကို ကျောက်မဲမြို့ဒေသခံတွေ ပါဝင်ဖွဲ့စည်းလုပ်ဆောင်စေနေတာလို့ သိရပါတယ်။
လက်ရှိမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပေမယ့် ဆက်သွယ်ရေးလိုင်းတွေရရှိအောင် ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
MK-012








