မဲခေါင်၊ စက်တင်ဘာ ၂၃
ရှမ်းတောင်၊ ကလောမြို့နယ်က ခွေးရုပ်ဘူတာကျေးရွာ တောင်ပြိုပြီး ချောက်ထဲကျလို့ အသေအပျောက်မရှိပေမယ့် ရွာလူထု ၄၀၀ လောက် စားဝတ်နေရေး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သဘာဝဘေးအတွင်း ခွေးရုပ်ကျေးရွာမှာ အိမ်ခြေ ၁၂၅ လုံး မိသားစု ၁၂၅ စုရှိတဲ့အနက် အိမ်ခြေ ၈၀ ခန့် တောင်ပြိုပြီး ချောက်ထဲကျသွားတာမှာ လူအသေအပျောက်မရှိပေမယ့် လူ ၄၀၀ ခန့် စားဝတ်နေရေး ခက်ခဲနေလို့ အရေးပေါ်အကူအညီ လိုအပ်နေတာလို့ သိရပါတယ်။
“စဖြစ်ထဲက ခုထိ ဘယ်အလှူရှင်မှ မလာရောက်သေးပါဘူး။ လမ်းအခက်အခဲကြောင့်ဆိုရင် ကျနော်တို့ လာယူပေးပါ့မယ်” လို့ ဒေသခံ ဦးသူရအောင်က အကူအညီတောင်းတာပါ။
အလှူ ရှင်တွေ လှူဒါန်းလိုပါက ကလော viewpoint ထိကားဝင်လို့ရပြီး ရွာကနေ ဆိုင်ကယ် သို့မဟုတ် ခြေလျင်လာယူမယ်လို့ ပြောပါတယ်။
ဆက်သွယ်ရမည့်ဖုန်းနံပါတ်မှာ ဦးသူရအောင် ဖုန်း 09456745852 သို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ပြီး အခက်အခဲရှိပါက ဦးတင်ထွန်းအောင် ဖုန်း 09261393996 မှ ကူညီဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။
အလားတူကလောမြို့ရဲ့ တောင်ဘက်၊ မြင်းဒိုက်ကျေးရွာအုပ်စုမှ အင်းခေါင်းရွာ၊ ရေအေးချောင်းရွာ၊ စလယ်အင်းရွာ နှင့်တောင်ပွါကျေးရွာတွေမှာ (၃မိုင်)ခန့်အရှည်ရှိတဲ့ တောင်ကိုးလုံး တောင်ဟာ သဘာ၀ ဘေးအန္တာရာယ်ကြောင့် အနောက်ဘက် တစ်ခြမ်းလုံးပြိုကျသွားလို့ ရွာသူရွာသားတွေအားလုံး ပိတ်မိနေတယ်လို့ သိရပါတယ်။
“ဒီတစ်လမ်းပဲ ရှိတာ၊ စက်တွေနဲ့မှရမှာဖြစ်လို့ ရွာအားနဲ့မရလို့ အကူအညီတောင်းရတာပါ” လို့ ရွာအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
စက်ယန္တယားများအသုံးပြုမှသာလျှင် ပိတ်ဆို့နေတဲ့ မြေကျောက်တွေကို ဖယ်ရှားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်
ဆက်သွယ်ရန် ဖုန်းနံပါတ်တွေအနေနဲ့ ဥက္ကဌ – ဦးသာအေး 09/458880255 ၊ အတွင်းရေးမှူး ကိုအောင်နိင်ဦး 09/444584412 နဲ့ အဖွဲ့၀င်တွေဖြစ်တဲ့ ကိုဇော်မိုး 09/265774078 ၊ ကို၀င်းထိုက် 09/890803682 တို့ကို ဆက်သွယ်နိုင်ပါတယ်လို့ သိရပါတယ်။
MK-012
















