မြန်မာ့နွေဦး

ရေကြီးနေတဲ့ အင်းလေးရွာတွေဆီ အင်းတိုင်းရင်းသားဝန်ကြီး တစ်ခါမှလာမကြည့်

မဲခေါင် 18 Sep - 2024
မဲခေါင်၊ စက်တင်ဘာ ၁၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်းက ရေဘေးသင့်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီခန့် ရှမ်းပြည်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တစ်ကြိမ်တစ်ခါမျှ လာရောက်ကြည့်ရှုတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အင်းလေးမှာ ကျေးရွာအုပ်စု ၃၄ စု၊ ရွာပေါင်း ၄၄၆ ရွာထဲက ၁၇၁ ရွာအထိ ရေမြုပ်နေပေမယ့် ဦးအောင်ကြည်ဝင်းဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့သာ သွားလာလှုပ်ရှားနေပြီး ရေဘေးကိစ္စအတွက် ကယ်ဆယ်ရေး ဆောင်ရွက်နေတာမျိုးလည်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ “လွိုင်ကော်ဆို အားရစရာလေနော်။ ဝန်ကြီးချုပ်ကိုယ်တိုင် ဆင်းနေတာ။ စေတနာမှန်တာ၊ မမှန်တာ ခဏထားလိုက်။ ရေဘေးဆိုတာ အားလုံးပေါင်းလုပ်ရမှာလေနော်။ ကျမတို့လည်း အဲလို အားကိုးရစေချင်တာ။ ဒီလိုရာထူးတွေ ပေးထားတယ်ဆိုတာ ဒီလို

မဲခေါင်၊ စက်တင်ဘာ ၁၈

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင်းက ရေဘေးသင့်နေတဲ့ ကျေးရွာတွေကို စစ်ကောင်စီခန့် ရှမ်းပြည်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက တစ်ကြိမ်တစ်ခါမျှ လာရောက်ကြည့်ရှုတာမျိုး မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

အင်းလေးမှာ ကျေးရွာအုပ်စု ၃၄ စု၊ ရွာပေါင်း ၄၄၆ ရွာထဲက ၁၇၁ ရွာအထိ ရေမြုပ်နေပေမယ့် ဦးအောင်ကြည်ဝင်းဟာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့သာ သွားလာလှုပ်ရှားနေပြီး ရေဘေးကိစ္စအတွက် ကယ်ဆယ်ရေး ဆောင်ရွက်နေတာမျိုးလည်း မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

“လွိုင်ကော်ဆို အားရစရာလေနော်။ ဝန်ကြီးချုပ်ကိုယ်တိုင် ဆင်းနေတာ။ စေတနာမှန်တာ၊ မမှန်တာ ခဏထားလိုက်။ ရေဘေးဆိုတာ အားလုံးပေါင်းလုပ်ရမှာလေနော်။ ကျမတို့လည်း အဲလို အားကိုးရစေချင်တာ။ ဒီလိုရာထူးတွေ ပေးထားတယ်ဆိုတာ ဒီလို လုပ်ပေးဖို့ပဲလေ။ အခုက သူတောင် ပျောက်နေတာ” လို့ ပုဂ္ဂိုလ်ရေးအရ နီးစပ်တဲ့ အင်းလေးဒေသခံတစ်ဦးက ပြောပါတယ်။

ရေဘေးကြုံနေရတဲ့ အင်းလေးဒေသကို စစ်ကောင်စီနဲ့ သူတို့ လက်အောက်ခံ ထွေအုပ်အပါအဝင် တခြား ဌာနဆိုင်ရာတွေလည်း လာရောက်ကူညီတာမျိုး မရှိသေးတဲ့အပြင် စစ်ကောင်စီဘက်က ဒေသစာရီပွဲတော် ကျင်းပဖို့ကိုပဲ အာရုံစိုက်နေပြီး မိုးဗြဲဆည်ကို ဖောက်ချနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် အရင်က အင်းအမျိုးသား အဖွဲ့ချုပ်ပါတီကနေ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ အင်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ရွှေအင်းသာ ဟိုတယ်ပိုင်ရှင် ဒေါ်တင်ရီကလည်း ရေဘေးအတွက် လှုပ်ရှားဆောင်ရွက်နေတာမျိုး မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

“ရွေးကောက်ပွဲ ပြိုင်တုန်းကတော့ လေတလုံး မိုးတလုံးနဲ့။ အင်းလေးအတွက် ဘာလုပ်ပေးမယ် ဘာတွေအကောင်အထည်ဖော်မယ်နဲ့။ အခု တစ်ယောက်မှ ပေါ်မလာကြပါဘူး။ အင်းလေးဒေသခံတွေ စိတ်ထဲမှာတော့ သူတို့က သေလူပါပဲ” လို့ ရေဘေးကြုံနေရတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

လက်ရှိအခြေနေအရ အင်းလေးဒေသကို အင်းကန်ပတ်လမ်း အရှေ့လမ်း တစ်ခုတည်းသာ အသုံးပြုနိုင်ပြီး အနောက်ဘက် လမ်းကတော့ ရေကျော်နေတာကြောင့် အင်းတိန်ကျေးရွာအထိသာ သွားလာလို့ ရတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒါ့အပြင် ညောင်ရွှေကနေတဆင့် စက်လှေနဲ့လည်း သွားလာနိုင်ပြီး ကံပဲ့၊ မိုင်းသောက်၊ သလဲဦး စတဲ့အရှေ့ဘက်ကမ်း ကျေးရွာတွေနဲ့ နန်းပန်မြို့အထိ ကားနဲ့ လာရောက်နိုင်တာကြောင့် အကူအညီပေးစေချင်တယ်လို့ ဆိုကြပါတယ်။

ရှမ်းပြည်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခဲ့ဖူးပြီး အဲဒီတုန်းက သူနေထိုင်တဲ့ အင်းပေါခုံရွာမှအပ ကျန်တဲ့ ကျေးရွာအားလုံးမှာ တစ်မဲမှမရဘဲ ရှုံးနိမ့်ခဲ့ဖူးတယ်လို့ စုံစမ်းသိရပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now