မဲခေါင်၊ ဩဂုတ် ၁၀
မန္တလေးတိုင်း၊ သပိတ်ကျဉ်းမြို့နယ်က စစ်ကောင်စီတပ်စခန်း ၃ ခုကို မန္တလေး PDF သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒီနေ့ ဩဂုတ် ၁၀ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
၁၀၂၇ စစ်ဆင်ရေး တစ်လခွဲကာလအတွင်း သပိတ်ကျင်းမြို့နယ်ရှိ ခလရ (၁၄၈) တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနဲ့ လိပ်ကျရွာ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီရဲ့ တပ်စခန်း စုစုပေါင်း ၈ ခုကို သိမ်းပိုက်ရရှိထားနိုင်ပြီး လက်နက်ခဲယမ်းကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပေမယ့် အသေးစိတ်ဖော်ပြထားတာမျိုးတော့ မတွေ့ရသေးပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကလည်း မန္တလေး PDF က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ လက်တွဲပြီး မိုးမိတ်မြို့ကို သိမ်းယူခဲ့ပါသေးတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း မန္တလေး PDF ဟာ TNLA နဲ့ လက်တွဲပြီး စဉ့်ကူး၊ မိုးကုတ်၊ မိုးမိတ် စတဲ့ မြို့တွေကို သိမ်းယူထားပါတယ်။
MK-015








