မြန်မာ့နွေဦး

ကရင်နီဘက်ကို စစ်ကောင်စီက အင်အားဖြည့်တင်းပြီး လွိုင်ကော်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်

မဲခေါင် 1 Aug - 2024
မဲခေါင်၊ ဩဂုတ် ၁ လွိုင်ကော်မြို့ကို စစ်ကောင်စီက ထပ်မံထိုးစစ်ဆင်ဖို့အတွက် အရပ်ဘက် ကုန်တင်ကားတွေအသုံးပြုပြီး စစ်ကောင်စီတပ်သားတွေကို တောင်ကြီးမြို့ဘက်ကနေ ဖယ်ခုံကို အင်အားအလုံးအရင်းပို့ဆောင်နေတယ်လို့ ဒေသခံဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကား ၁၂ ဘီးကုန်တင်ကား ၂၅ စီးနဲ့ မနေ့ ဇူလိုင် ၃၁ ရက်နေ့က ကုန်တင်ကား ၅ စီး စုစုပေါင်း ကားအစီးရေ ၃၀ ထဲက ဖယ်ခုံမြို့ဘက်ကို တက်လာတာပါ။ တောင်ကြီးဘက်က စစ်ကောင်စီတပ်သားတွေတင်လာတဲ့ အရပ်ဘက်ကုန်တင်ကား အချို့ ဖယ်ခုံကို ရောက်ရှိနေပြီး အဲဒီကနေတစ်ဆင့် လွိုင်ကောက်ကိုတက်မှာ ဖြစ်သလို လွိုင်ကော်မြို့တွင်းမှာလည်း ၅ စီးထက်မနည်း ရောက်နေပြီလို့ မြေပြင်မှာရှိတဲ့

မဲခေါင်၊ ဩဂုတ် ၁

လွိုင်ကော်မြို့ကို စစ်ကောင်စီက ထပ်မံထိုးစစ်ဆင်ဖို့အတွက် အရပ်ဘက် ကုန်တင်ကားတွေအသုံးပြုပြီး စစ်ကောင်စီတပ်သားတွေကို တောင်ကြီးမြို့ဘက်ကနေ ဖယ်ခုံကို အင်အားအလုံးအရင်းပို့ဆောင်နေတယ်လို့ ဒေသခံဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကား ၁၂ ဘီးကုန်တင်ကား ၂၅ စီးနဲ့ မနေ့ ဇူလိုင် ၃၁ ရက်နေ့က ကုန်တင်ကား ၅ စီး စုစုပေါင်း ကားအစီးရေ ၃၀ ထဲက ဖယ်ခုံမြို့ဘက်ကို တက်လာတာပါ။

တောင်ကြီးဘက်က စစ်ကောင်စီတပ်သားတွေတင်လာတဲ့ အရပ်ဘက်ကုန်တင်ကား အချို့ ဖယ်ခုံကို ရောက်ရှိနေပြီး အဲဒီကနေတစ်ဆင့် လွိုင်ကောက်ကိုတက်မှာ ဖြစ်သလို လွိုင်ကော်မြို့တွင်းမှာလည်း ၅ စီးထက်မနည်း ရောက်နေပြီလို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းအရင်းအမြစ် တွေဆီက သိရပါတယ်။

“သူတို့က ကုန်တင်ကားတွေနဲ့ အင်အားဖြည့်လာတာ။ အခုက နေရာတိုင်းလိုလို တိုက်ပွဲဖြစ်နေတော့ လောလောဆယ် သူတို့ လှုပ်ရှားမှုကိုပဲ စောင့်ကြည့်နေပါတယ်” လို့ မြေပြင် သတင်းအရင်းအမြစ် တစ်ဦးက ပြောပါတယ်။

အရပ်သား ကုန်တင်ကားတွေ အသုံးပြုနေတဲ့ စစ်ယာဉ်တန်းကားဟာ တောင်ကြီး – ဆိုက်ခေါင် လမ်းပိုင်းကနေတဆင့် တက်လာကြတာဖြစ်ပြီး စစ်ကောင်စီတပ်ထဲက ထုတ်နုတ်ဖို့ ခက်နေတဲ့အတွက် အများစုက ရပ်ရွာထဲက မဲပေါက်ပြီး လပိုင်းခန့် စစ်သင်တန်းတက်ရောက်ခဲ့တဲ့ သူတွေပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိ လွိုင်ကော်မြို့တွင်းမှာ အထိုင်ချထားတဲ့ ပအိုဝ်းပြည်သူ့စစ် (PNA)တပ်တွေကိုတော့ ထုတ်နုတ်ပြီး ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ အနောက်ခြမ်းနဲ့ အရှေ့ခြမ်းတွေက နန်းပန်၊ မှော်ဘီ၊ သစ်ပင်ကောက်၊ အင်းတိန် စတဲ့ ကျေးရွာတွေက စစ်ဆေးရေးဂိတ်အသီးသီးကို ပို့ဆောင်ထားပါတယ်။

လက်ရှိ လွိုင်ကော်မြို့ အနောက်ဘက်ခြမ်းက မိုင်းလုံး၊ ဒေါဥခူ၊ ထူဒူငံသ၊ GTC တက္ကသိုလ်နဲ့ မြကလပ်တောင်တို့မှာ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားတာကြောင့် ထိုးစစ်ဆင်ဖို့အတွက် စစ်ကောင်စီက လိုအပ်တဲ့ စစ်ကူနဲ့ ရိက္ခာပို့တာလို့ သိရပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ နယ်မြေတွေ ပြန်တိုက်ယူဖို့အတွက် ရခိုင်ပြည်၊ ကချင်ပြည်၊ ရှမ်းပြည်မြောက်ပိုင်း ဒေသတွေကိုလည်း စစ်မှုထမ်း ခေါ်ယူထားတဲ့ လူငယ်တွေနဲ့ တိုက်ရည်ခိုက်ရည်ရှိတဲ့ တပ်မတွေကို တွဲပြီး အဆက်မပြတ် စစ်ကူပို့ဆောင်နေတယ်လို့ စုံစမ်း သိရပါတယ်။

MK-014

ဓာတ်ပုံ – ပုံဟောင်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now