စစ်ရေးသတင်း

တိုက်ပွဲပြင်းထန်ပြီး စစ်ဘေးရှောင်တွေ တိုးလာလို့ စံကားမြို့က ကူညီကယ်ဆယ်ရေး အခက်အခဲ ဖြစ်လာ

မဲခေါင် 23 Jul - 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့ အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေမှာ စစ်ဘေးရှောင်တွေ တိုးလာတဲ့အတွက် အခက်အခဲတွေဖြစ်လာနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၃

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စံကားမြို့ အနီးတဝိုက်မှာ တိုက်ပွဲပြင်းထန်ပြီး ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေမှာ စစ်ဘေးရှောင်တွေ တိုးလာတဲ့အတွက် အခက်အခဲတွေဖြစ်လာနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

စံကားမြို့ အနီးတစ်ဝိုက်မှာ ဇူလိုင်လ ၁၉ ရက်နေ့ကစပြီး စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ ပြင်းထန်တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် နီးစပ်ရာ ကျေးရွာ ၁၀ ခုကနေ အခုလို တိမ်းရှောင်လာရတာပဲ ဖြစ်ပါတယ်။

“သူတို့က လူများနေပြီဆိုတော့ အခုတောင် နေရာ မရှိတော့ဘူး ပြောနေတာ။ လူများလာရင် ဘုန်းကြီးကျောင်းမှာလည်း စားဝတ်နေရေး ပိုခက်ခဲလာနိုင်တယ်လေ။ နေရာထိုင်ခင်းလည်း အဆင်ပြေမှာ မဟုတ်ဘူး။ ကျမတို့ ရွာတော့ စစ်မဖြစ်သေးဘူး။ ဖြစ်လာရင်လည်း စံကားကိုပြေးဖို့က မလွယ်တော့ဘူး” လို့ မင်းရွာခံ တစ်ဦးက ပြောပါတယ်။

စံကားမြို့ မြို့တွင်း လူနေအိမ်တွေမှာ စစ်ဘေးရှောင် ၃၀၀ ကျော်ခန့် ခိုလှုံနေပြီး ဘုန်းကြီးကျောင်းမှာလည်း ၂၀၀ ကျော် ရှိပြီ ဖြစ်တာကြောင့် ထပ်လက်မခံတော့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မှော်ဘီတံတားကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် ဒေသခံတွေအတွက် ထွက်ပြေးတိမ်းရှောင်ဖို့ ရေလမ်း တစ်လမ်းထဲသာ ကျန်ရှိပြီး ရုတ်တရက် အရေးအပေါ် အခြေအနေတွေမှာ အခက်အခဲ ကြုံရနိုင်တယ်လို့ ဆိုပါတယ်။

“နောင်ဗိုရွာတော့ ပြန်ကုန်ကြပြီတဲ့။ လင်လန်က ဘုန်းကြီး ပေးမပြန်သေးဘူး။ ရေ၊ မီး အပြည့်စုံတော့ ပေးထားတယ်။ နေရာထိုင်ခင်းတော့ နည်းနည်းကြပ်တယ်။ စားသောက်ဖို့ကလည်း အဆင်ပြေအောင် လုပ်လို့ရသေးတယ်။ ရက်ကြာလာရင်တော့ အဆင်မပြေဖြစ်လာမှာ စိတ်ပူတယ်။ ဘုန်းကြီးကလည်း ထပ်လက်မခံတော့ဘူး ပြောတယ်” လို့ စစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။

စံကားမြို့ အနီးတစ်ဝိုက်မှာ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ဟူးရန်း၊ ချမ်းသာ၊ လင်လမ်၊ ထီးဟန်းသား၊ နန်းဗွန်၊ ဆည်ခေါင်း၊ ထီရီး၊ ကုန်းပြား၊ နောင်ဗို၊ လွယ်ဗောင် စတဲ့ ကျေးရွာတွေက ဒေသခံ ထောင်ချီဟာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လက်ရှိမှာ ကုန်းပြားဘုန်းကြီးကျောင်း အပါအဝင် ဆောင်းပြောင်းနဲ့ ဆယ်ခေါင်းက နေအိမ်တချို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ပြီး နယ်မြေတည်ငြိမ်သွားတဲ့ တချိန်ကြရင် နေရပ်ပြန်ဖို့ ခက်ခဲလာနိုင်တယ်လို့ စစ်ဘေးရှောင်တွေက သုံးသပ်ပါတယ်။

MK-014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now