မဲခေါင်၊ မေ ၂၇
ရှမ်းတောင်၊ ကလောမြို့နယ်၊ ရေယားကျေးရွာမှာ မနေ့ ည က ၁၂ ဘီးယာဉ်နဲ့ အာလူးကြော်ပို့ ဆိုင်ကယ်ကို တိုက်မိလို့ အာလူးကြော်သည် သေဆုံးသွားတယ်လို့ သိရပါတယ်။
မနေ့ မေလ ၂၆ ရက် ည ရ နာရီခွဲ အချိန်ခန့်မှာ ကလောမြို့နယ်၊ ရေယားကျေးရွာ(ရွှေရေယား စားသောက်ဆိုင်)အနီးမှာ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ ခြင်းတောင်းကြီးအာလူးကြော်ပို့ ဆိုင်ကယ်သမား ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“သူက အာလူးကြော် ပို့ပြီးအပြန်မှာဖြစ်တာလို့ သိရတယ်၊ ဘယ်သူ့အမှားလဲတော့ မသိဘူး”လို့ အခင်းဖြစ်ရပ်နားကဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။ သေဆုံးသူမှာ အောင်ပန်းမြို့ ၊ မင်္ဂလာရပ်ကွက်က ကိုဇော်နိုင် ၃၁ နှစ် ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။
ပြင်းထန်ဒဏ်ရာရသူကို ကလောမြို့ ဂရုဏာလူမှုကူညီရေးအသင်းက ကလောဆေးရုံကို အမြန်ပို့ဆောင်နိုင်ခဲ့ပေမယ့် ကုသစဉ်မှာပဲ ရရှိဒဏ်ရာတွေနဲ့ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။
MK-012








